သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-26
အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေအနေနဲ့ မှန်ကန်တဲ့ သဘောထားနဲ့ ဖြေရှင်းပေးဖို့ လိုတယ်လို့ ဒီကနေ့ မေလ ၂၆ ရက်မှာ အကျဉ်းသား မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
2011-05-26
မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံကို ဒီနေ့ မေလ ၂၆ ရက် မွန်းလွဲပိုင်းက ရောက်ရှိသွားပါတယ်။ ဒါဟာ သမ္မတရာထူး ယူပြီးတဲ့နောက် ပြည်ပကို ပထမဆုံး သွားရောက်တဲ့ ခရီးုဖြစ်ပြီး သုံးရက်ကြာပါမယ်။
2011-05-26
မြန်မာအစိုးရက ရှမ်းပြည်မြောက်ပိုင်း တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲရေး ကတိကဝတ်ကို ချိုးဖောက်ပြီး ထိုးစစ်ဆင်မှုတွေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကသာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းနိင်မှာ ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ရရှိလာစေမှာ ဖြစ်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ ဗြိတိသျှ အစိုးရက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2011-05-26
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ လက်ရှိအစိုးရအဖွဲ့တို့အကြား နှစ်ဖက်စလုံး အကျိုးဖြစ်ထွန်းစေမဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်မြောက်အောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က RFA ကို ပြောပါတယ်။
2011-05-25
ဧရာဝတီတိုင်း ဇလွန်မြို့နယ်အတွင်း မနေ့က ညနေပိုင်းက မိုးရွာပြီး လေပြင်း တိုက်ခတ်ခဲ့လို့ လူသေဆုံး ထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့ပြီး လူနေအိမ် ၄၀ လောက်နဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2011-05-25
ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်၊ နတ္တလင်းနဲ့ ရန်ကုန်ဆင်ခြေဖုံး ရပ်ကွက်တချို့မှာ ဝက်နားရွက်ပြာလို့ ယူဆရတဲ့ ကူးစက်ရောဂါကြောင့် ဒီရက်ပိုင်းအတွင်း ဝက်ကောင်ရေ အတော်များများ သေဆုံးနေတယ်လို့ သတင်းရရှိပါတယ်။
2011-05-25
ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ မြန်မာနိုင်ငံရုံးခွဲ တာဝန်ခံ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ စတိဗ် မာရှယ်က ချင်းပြည်နယ်မှာ အဓမ္မ လုပ်အားပေး ခိုင်းစေခံရတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်း ရရှိရင် သူ့တို့အနေနဲ့ အစိုးရနဲ့တိုင်ပင်ပြီး အရေးတယူ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
2011-05-25
ဦးသိန်းစိန် အစိုးရသစ်ဟာ ပြင်ပကမ္ဘာနဲ့ စီးပွားရေး၊ သံတမန်ရေးအရ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ ဆန္ဒရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Li Junhua က ဆင်ဟွာ သတင်းဌာနကို မေလ ၂၅ ရက် ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
2011-05-25
အင်းစိန်အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃ ဦးရဲ့အခြေအနေကို ကုလသမဂ္ဂက အနီးကပ် စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက RFA ကို ပြောပါတယ်။
2011-05-25
တောင်ဥက္ကလာမြို့နယ်တွင်းက လက်လုပ်လက်စား အမျိုးသမီးတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်း အထောက်အကူပြု အဖွဲ့နဲ့ တောင်ဥက္ကလာပ လူငယ်ကွန်ရက်အဖွဲ့တို့က လာမဲ့ ဇွန်လ ၁ ရက်နေ့မှာ အတိုးမဲ့ ငွေထုတ်ချေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-05-25
အပစ်ခတ်မရပ်ပဲ တိုက်နေဆဲဖြစ်တဲ့ SSA (တောင်ပိုင်း) တပ်တွေနဲ့ စစ်အစိုးရလက်ထက် အပစ်အခတ ်ရပ်စဲခဲ့ဖူးတဲ့ SSA (မြောက်ပိုင်း) တပ်တွေ ရှမ်းပြည်တပ်မတော် SSA တပ်တခုတည်း အဖြစ် မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၅၃ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့မှာ တစုတစည်းတည်း ပေါင်းစည်းလိုက်ကြပါတယ်။
2011-05-25
နိုင်ငံတဝန်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ မိမိတို့မှာ ရှိတဲ့ မဟုတ်မခံချင်တဲ့ စိတ်ဓာတ်၊ တရားမမျှတမှုကို လက်ပိုက် ကြည့်မနေလိုတဲ့ စိတ်ဓာတ်တွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ကြဖို့ ၂၀၀၇ မျိုးဆက် လူငယ်ခေါင်းဆောင် တဦးဖြစ်သူ နာမည်ကျော် Hip Hop အဆိုတော် ကိုဇေယျာသော်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2011-05-25
မေလ ၂၂ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေက အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ထားတယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။
2011-05-24
သြင်္ကန် ဗုံးဖောက်ခွဲရေးသမားအဖြစ် စွပ်စွဲခံထားရသူ ကိုဖြိုးဝေအောင်ရဲ့ အမှုကို မေလ ၂၃ ရက် မနေ့က အင်းစိန်ထောင်တွင်း ရုံးထုတ်စစ်ဆေးရာမှာ ထောင်အာဏာပိုင်တွေက စည်းကမ်းတွေ ပိုပြီး တင်းကျပ်လာခဲ့ပါတယ်။
2011-05-24
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ရောက် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း ဆေးကုသမှု ကောင်းကောင်းမွန်မွန် ရရှိဖို့နဲ့ တခြားအခွင့်အရေးတွေ ရရှိဖို့ အတွက် အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့တွေဆီကို တင်ပြ တောင်းဆိုတာတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။