သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-01
သမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာလ ၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ကို သွားရောက်ခဲ့ရာမှာ ဧရာဝတီတိုင်း ဟသာၤတခရိုင်ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးနဲ့ အခြားကိုယ်စားလှယ်လောင်းတွေ၊ အစိုးရအဖွဲ့ဝင်တွေ လိုက်ပါခဲ့ကြပါတယ်။
2015-10-01
နာမည်ကြီး အဆိုတော်တွေနဲ့ အနုပညာရှင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖါးအောက်ကျေးရွာအုပ်စုအတွင်းမှာ လှည့်လည်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-01
ထိုင်းနိုင်ငံ၊ ခိုတောင်းလိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်တယ်ဆိုပြီး လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ဦးဟာ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံသားလူငယ် ၂ ဦးကို ကူညီနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးအထူးအဖွဲ့ ဦးထူးချစ်က ပြောပါတယ်။
2015-10-01
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၅၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2015-10-01
စက်တင်ဘာလ ၃၀ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြီးစီးသွားတဲ့ လက်နက်ကိုင် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမယ့်အဖွဲ့နဲ့ မထိုးသေးတဲ့ အဖွဲ့တွေပေါ်ထွက်လာပါတယ်။
2015-10-01
မြန်မာအစိုးရအနေနဲ့ နိုင်ငံမှာ ဆက်လက်ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ရပ်တန်းကရပ်ဖို့ လိုအပ်နေပြီလို့ ထိုင်းနိုင်ငံအခြေစိုက် Fortify Rights အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2015-10-01
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ပြောကြားမယ့်စကားတွေကို သူ့အနေနဲ့ စောင့်ကြည့်လေ့လာမယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောကြား လိုက်ပါတယ်။
2015-10-01
ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အောက်တို ဘာလ ၁၅ ရက်နေ့မတိုင်ခင် ချွင်းချက်မရှိလွှတ်ပေးဖို့နဲ့ မလွှတ်ပေးရင် အစာငတ်ခံဆန္ဒပြမယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းက သာယာဝတီအကျဉ်းထောင်ကနေ စက်တင်ဘာလ ၃၀ ရက် စွဲနဲ့ မနေ့က တောင်းဆိုကြေညာလိုက်ပါတယ်။
2015-10-01
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဖို့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
2015-10-01
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်မှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်း မှာ ၉သောင်းနီးပါးလောက် ပိုနေတယ်လို့ ရန်ကုန်တိုင်းဒေ သကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ပြောပါတယ်။
2015-10-01
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ကြီးမှာ နိုင်ငံတဝှမ်း မဲပေးပိုင်ခွင့်ရှိသူစာရင်းဟာ ၃၃ ဒသမ ၅သန်းခန့် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ဦးသောင်းလှိုင်က RFA ကို ပြောပါတယ်။
2015-10-01
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက် ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ဘဲ ကြားနေ ဆိုတာကို ပြသဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက ပြောလိုက်ပါတယ်။
2015-10-01
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်စည်း ရုံး ဟောပြောခွင့်မပြုကြောင်း ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က မနေ့ညက အကြောင်းပြန်လိုက်ပြီး မနောကွင်းဝင်ပေါက် သုံးခုကို သော့ခတ်ပိတ်လိုက် ပါတယ်။
2015-10-01
သမ္မတဦးသိန်းစိန်ဟာ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ကို စက်တင်ဘာလ ၃ဝ ရက်နေ့က ရောက် ရှိခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် အနေနဲ့ မဲစာရင်းမှားယွင်းနေတာတွေကို ပြင်ကြ ဖို့ ပြောကြားခဲ့ပါတယ်။
2015-09-30
မဲဆန္ဒရှင်စာရင်းကို ကြည့်ရှုပြင်ဆင်ဖို့ အောက်တိုဘာ ၄ ရက်နေ့အထိ ရက်တိုးထားပေမယ့် မကွေးတိုင်းစေတုတ္တရာမြို့နယ်က ဒေသခံတွေအနေနဲ့ ဒီအချက်ကိုတောင် မသိရှိကြဘူးလို့ သိရပါတယ်။