သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-29
မကြာခင်က ဖွင့်လှစ်လိုက်တဲ့ ဥရောပ အာဆီယံ စီးပွားရေး စင်တာ ( EABC ) ဥက္ကဌ မစ္စတာ ဒင်နီယယ် က အခုလိုပြောဆိုလိုက်ပါတယ်။
2012-01-29
အခုတစ်ပတ် ဦးသစ်ဆင်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်းအစီအစဉ်မှာ မြန်မာနိုင်ငံက လူငယ်တွေနဲ့ ပညာသင်ဆုအကြောင်း တင်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ဆု နဲ့ လေ့လာသင်ယူနေ ကြတဲ့ မြန်မာ စာသင်သားတွေက သူတို့ရဲ့ အတွေ့အကြုံတွေ ဆွေးနွေးဝေငှတင်ပြကြတာကို ကြားရမှာဖြစ်ပါတယ်။
2012-01-29
မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ တွေကို ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Guy Ryder နဲ့ ရန်ကုန်မြို့ ILO ရုံးတာဝန်ခံ Steve Marshall တို့က ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။
2012-01-29
မန္တလေး NLD တိုင်းရုံးကို လာရောက်ပြီး ပါတီဝင်အဖြစ် လျှောက်ထားခဲ့တဲ့ လူငယ်ရှေ့နေ ၁၉ ဦး ကို မန္တလေးတိုင်း NLD က လက်ခံခဲ့ပြီး ဒီကနေ့ သီးသန့်အခမ်းအနားတရပ်ပြုလုပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တာဝန်တွေပေးအပ်ခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီ တိုင်းအောင်နိုင်ရေးကော်မီတီဝင် ရှေ့နေဦးမျိုးဆွေက အာအက်ဖ်အေကို ပြောပါတယ်။
2012-01-29
သမ္မတ ဦးသိန်းစိန်နဲ့ မိသားစုဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ခရီးစဉ်အဖြစ် နေပြည်တော်ကနေ စင်္ကာပူနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပါတယ်။
2012-01-29
မိမိ လွှတ်တော်ထဲကို ရောက်ရင် ပြင်သင့်တဲ့ ဥပဒေတွေကိုပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ကြိုးစားသွားမယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-01-28
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ လွန်ခဲ့တဲ့နှစ် ၂၀ က ဖြစ်ရပ်ဟာ အခုတလော တကျော့ပြန်ကာ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
2012-01-28
ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်း ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ တောင်ကြီးမြို့မှာ ဒီကနေ့ နေ့လည်က သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ သိရပါတယ်။
2012-01-27
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်တဲ့ ပြောင်းလဲ တိုးတက်မှုတွေကို တွေ့လာရကြောင်း အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConnell က ပြောကြားလိုက်ပါတယ်။
2012-01-27
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အားလုံး ဝိုင်းဝန်း လုပ်ကြဖို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ ဗဟန်း ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီခြံမှာ ကျင်းပတဲ့ Live Together with Wetland “ရေတိမ်ဒေသ အလှတွေနဲ့ အတူ” ဓာတ်ပုံပြပွဲမှာ တိုက်တွန်းသွားပါတယ်။
2012-01-27
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ သံဃာတွေကို ဒီကနေ့ ဆုံးမ သြဝါဒပေးပြီး ဝင်ရောက် သီတင်းသုံးနေတဲ့ ကျောင်းတိုက်က ထွက်ခွာဖို့ ဝန်ခံ လက်မှတ်ထိုးခိုင်းတယ်လို့ လက်မှတ် ရေးထိုးခဲ့တဲ့ သံဃာတွေက အာအက်ဖ်အေကို မိန့်ပါတယ်။
2012-01-27
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး ရှေ့ဆက်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးပါတယ်။
2012-01-26
အချစ်-ဟာသ ဝတ္ထုတွေနဲ့အောင်မြင်နေတဲ့ စာရေးဆရာ မျိုးကိုမျိုး အခု နောက်ဆုံးထုတ်ဝေမယ့် လမင်းဖြူရဲ့ ကောင်းကင် ဆိုတဲ့ လုံးချင်းဝတ္ထုဟာ ၁၉၈၈ နိုင်ငံရေးနောက်ခံနဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ကို ဇာတ်ကောင်ထား ရေးသားထားတဲ့ စာအုပ်ပါ။
2012-01-26
မြန်မာနိုင်ငံက လတ်တလော ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေ အရှိန်အဟုန် မြှင့်နိုင်အောင် မြန်မာအစိုးရ အနေနဲ့ ပုဂ္ဂလိကနဲ့ အစိုးရဌာနတွေအားလုံး လက်တွဲ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကုလသမဂ္ဂ အာရှပစ္စိဖိတ်ဒေသဆိုင်ရာ အကြီးအကဲက မနေ့က တိုက်တွန်းလိုက်ပါတယ်။
2012-01-26
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ World Economic Forum ထိပ်သီးညီလာခံမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့ပါတယ်။