သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-30
မြန်မာဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စု လာရောက် အခြေချနေထိုင်ဖို့ ခေါ်ယူနေတဲ့အစီအစဉ်ကို ရပ်နားတော့မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့ မနေ့က အတည်ပြု ပြောကြားလိုက်ပါ တယ်။
2014-01-30
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်အပြီး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအကြား ဆက်ဆံရေးအလားအလာ၊ မြန်မာ-ဘင်္ဂလားဒေ့်ရှ် နယ်စပ်လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2014-01-30
ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီကို ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်တဲ့အခမ်းအနားနဲ့ Ooredoo ကုမ္ပဏီကို လိုင်စင်ချပေးတဲ့အကြောင်း သတင်းစာရှင်းလင်း ပွဲကို နေပြည်တော်ရှိ ဆက်သွယ်ရေးနဲ့ သတင်းအချက် အလက်နဲ့ နည်းပညာဝန်ကြီးဌာနမှာ ဒီကနေ့ ကျင်းပခဲ့ ပါတယ်။
2014-01-30
ရန်ကုန်မြို့ တာမွေမြို့နယ် မြန်မာ့ ဂုဏ်ရောင် ရပ်ကွက်မှာ အရင်ကနေထိုင် ခဲ့သူ လူပေါင်း ၅၀၀ ကျော်လောက်က အဲဒီရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ မြန်မာ့ဂုဏ်ရောင် အိမ်ရာပိုင်ရှင် ဝါဝါ၀င်းကုမ္ပဏီကို နစ်နာကြေးပေးဖို့ ဒီနေ့စတင်ပြီး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေ ကြပါတယ်။
2014-01-30
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ မနက် ၈ နာရီလောက်က ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2014-01-30
လွှတ်တော်အတွင်းမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စား လှယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ဘယ်လိုရပ်တည်မလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောရမယ့် အချိန်ရောက်နေပြီလို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး Mr Hugo Swire က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2014-01-30
အခုရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့ နေရာအတော်များများမှာ မီးလောင်မှုတွေ များပြားလာနေပါတယ်။ မနေ့ညပိုင်းကလည်း ရွှေဂုံတိုင်နဲ့ သီရိမင်္ဂလာဈေးဟောင်းမှာ မီးလောင်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-01-30
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပလောင်တိုင်းရင်းသား လူငယ်တွေဟာ စီးပွားရေး အကြပ်အတည်းကြောင့် တရုတ်နိုင်ငံဘက်ကို သွားရောက်အလုပ်လုပ်ကိုင်သူတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာနေပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2014-01-30
ဥရောပသမဂ္ဂ EU အဖွဲ့က သံအရာရှိတွေဟာ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး မကြာသေးခင်က ပြဿနာဖြစ်ခဲ့တဲ့ မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာကို သွားရောက်ကြမယ်လို့ သိရပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-01-30
ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယနိုင်ငံများရုံး အာရှရေးရာဆိုင်ရာ ဒုတိယဝန်ကြီး Mr. Hugo Swire ဟာ နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်း တင်ပြထားပါတယ်။
2014-01-30
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အမြန်ဆုံးစတင်ဖို့ ကြိုးစားမှာဖြစ်ပြီး အဲဒီလိုငြိမ်းချမ်းရေးရမှ အများပြည်သူတွေမျှော်မှန်းနေတဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်မှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက RFA ကို ပြောကြားလိုက်ပါတယ်။
2014-01-30
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွတ်စစ်နဲ့အဖွဲ့ဟာ ဒီကနေ့ မနက်က ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ကို ချင်းမိုင်မြို့မှာ လာရောက်တွေ့ဆုံပြီး တိုင်းရင်းသား လက်နက်ကိုင်အားလုံးနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရပါတယ်။
2014-01-30
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ခွင့် လေလံအောင်မြင်ထားတဲ့ နော်ဝေနိုင်ငံက တယ်လီနောကုမ္ပဏီနဲ့ ကာတာနိုင်ငံက အူရီဒူးကုမ္ပဏီတို့ကို သက်ဆိုင်ရာက ဒီနေ့ လိုင်စင်ထုတ်ပေးတော့မယ် လို့ သိရပါတယ်။
2014-01-30
ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်ဖေါ်လုပ်သားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုမြင့်တက်နေတဲ့ အခုကာလမှာပဲ မြန်မာနိုင်ငံ ကနေ ဟောင်ကောင်ကို အိမ်ဖေါ်လုပ်သားတွေ ပို့မယ့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေတယ် လို့ ဟောင်ကောင် လစ်ဘရယ်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုုပ်နှံထား တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Felix Chung Kwok-pan က ပြောလိုက်ပါတယ်။
2014-01-29
ထိုင်း-မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ ပြန် လည်နေရာချထားရေး အစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စုက ခေါ်ယူနေတာကို ရပ်ဆိုင်း လိုက်ပြီလို့ ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောလိုက် ပါတယ်။