သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-30
မြန်မာနိုင်ငံရဲ့ ပညာရေး၊ ငြိမ်းချမ်းရေးနဲ့ လယ်ယာမြေအရေးကိစ္စတွေကို သုံးရက်ကြာဆွေးနွေးကြမယ့် ပြည်သူ့ဖိုရမ်ဆွေးနွေးပွဲတစ်ရပ်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မြို့တော်ခန်းမမှာ ဒီကနေ့ စတင်ဖွင့်လှစ်ကျင်းပပါတယ်။
2015-03-30
ကိုယ်ခန္ဓာမသန်စွမ်းပေမဲ့ ပညာထူးချွန်သူ မစုပုံချစ်ကို သက်ဆိုင်ရာက နေထိုင် ခွင့်ပေးထားတဲ့ တိုက်ခန်းကနေ မနက်ဖြန် နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
2015-03-30
အမျိုးသားလွှတ်တော်က ဆွေးနွေး အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော်ထံ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အသိပေးကြေညာခဲ့ပါတယ်။
2015-03-30
လက်ပံတန်းမြို့ ကျောင်းသားသပိတ် စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းမှုကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံထားရ သူတွေကို ပြန်လွှတ်ပေးဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ဒေသခံ ၁၀၀ ကျော်က ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
2015-03-30
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ဒီနေ့တွေ့ဆုံရာမှာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို အပြီး သတ်ဆွေးနွေးနိုင်ခဲ့ပါတယ်။
2015-03-30
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဒီနေ့ ပြန်လည်စတင်တဲ့ ဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးနိုင်ဖို့ အချက်တွေကို သဘောတူညီမှု ရရှိခဲ့ပါတယ်။
2015-03-30
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ပြင်ငူကျေးရွာအုပ်စုမှာ ရခိုင့်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2015-03-30
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မြို့တော်ခန်းမမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ကျင်းပတဲ့ ၃ ရက်ကြာ ပြည်သူ့ဖိုရမ်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ လယ်ယာမြေပြဿနာအရေး၊ ပညာရေးလွတ်လပ်ခွင့်နဲ့ ကျောင်းသားအခွင့်အရေး စတဲ့အကြောင်းအရာတွေကို ဆွေးနွေးနေကြပါတယ်။
2015-03-30
လက်ပံတန်းမှာ သပိတ်စစ်ကြောင်းကျောင်းသားတွေ ကို အကြမ်းဖက်ဖမ်းဆီးမူနဲ့ပတ်သက်ပြီး မတ်လ ၂၇ ရက်နေ့က မြန်မာပြည်အရပ်ရပ်မှာ ဆန္ဒပြပွဲတွေ ပြု လုပ်ခဲ့ကြပြီး ဆန္ဒပြသူတွေကိုလည်း အာဏာပိုင်တွေ က ဖမ်းဆီးခဲ့ပါတယ်။
2015-03-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သံဃာနဲ့ ပြည် သူတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တဲ့ဖြစ်ရပ် ၂၈ လပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့နဲ့ လက်ပံတောင်းတောင်ဒေသမှာ မတ်လ ၂၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-03-29
မတ်လ ၂၇ ရက်နေ့က ရန်ကုန်ဆန္ဒပြပွဲ အပြီး အဖမ်းခံလိုက်ရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်ကို မတ်လ ၃၀ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်မှာ ကမာရွတ်ရဲစခန်းကို ထုတ်မယ်လို့ ဖခင်ဖြစ်သူက တဆင့်သိရပါတယ်။
2015-03-29
တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်မှာ မတ်လ ၂၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရက အဆောက်အဦးဆောက်လုပ်ဖို့ မြေပြုပြင်တာကို တားဆီးခဲ့ တဲ့ ဒေသခံလယ်သမား လေးဦးကို ဝတ္တရားနှောက်ယှက်မှု၊ ကျူးကျော်ဝင်ရောက်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရ ပါတယ်။
2015-03-29
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဟာ ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး နှစ်ဖက်တပ်တွေ နေရာချထားရေးကို ဆွေးနွေးခဲ့ကြပါတယ်။
2015-03-29
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ့ တပ်မတော် ခမရ ၂၈၉ တပ်ဖွဲ့တွေနဲ့ ရခိုင် တပ်မတော် AA တပ်ဖွဲ့တွေ မတ်လ ၂၈ ရက်နေ့ညပိုင်း နဲ့ ၂၉-ရက်နေ့ တို့က တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရဘက်က အရာရှိတစ်ဦး ကျဆုံးခဲ့တယ်လို့ AA တပ်ဖွဲ့ က ပြောပါတယ်။
2015-03-29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ KNU ဗဟိုကော်မတီဝင် စောမူတူးစေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ ညနေပိုင်း ၄ နာရီ က နေပြည်တော် ဥတ္တရသီရိနေ အိမ်မှာ နှစ်နာရီကြာတွေ့ ဆုံခဲ့ပါတယ်။