သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-21
လက်ရှိထုတ်ပြန်ထားတဲ့ အခြေခံမဲဆန္ဒရှင် စာရင်းအမှားအယွင်းတွေကို ပြင်ဆင်ဖို့ အချိန်ရှိသေးကြောင်းနဲ့ နိုင်ငံရေးပါတီတွေက တင်ပြလာ ရင် ပြင်ဆင်ပေးမှာဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေး က ပြောလိုက်ပါတယ်။
2015-07-21
အမျိုးသားပညာရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တာကြောင့် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူတွေထဲက အဝေးသင်ကျောင်းသား ကိုမင်းမင်းစိုးနဲ့ ဝန်းရံသူ ကိုခင်လှိုင်တို့ကို သာယာဝတီခရိုင်တရားရုံးက အာမခံနဲ့ ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။
2015-07-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် တတ်သိပညာရှင်တွေကို ဖိတ်ခေါ်ထားရာမှာ ပညာရေးကွန်ရက် NNER က ဒေါက်တာသိန်းလွင်တို့လို ပုဂ္ဂိုလ်တွေက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်သလို အရင်ရွေးကောက်ပွဲတုန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ယှဉ်ပြိုင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအုန်းမောင်ရဲ့ သား ဒေါက်တာမင်းမြင့် တို့က အဆိုပြုလွှာတွေ တင်ထားကြပါတယ်။
2015-07-21
နိုင်ငံတော်သမ္မတကို စော်ကားပုတ်ခတ်တဲ့ အသုံးအနှုန်းတွေပါတဲ့ အင်တာဗျူးကို ဖော်ပြ ခဲ့တာကြောင့် တရားရင်ဆိုင်နေရတဲ့ မြန်မာ သံတော်ဆင့်ဂျာနယ် အယ်ဒီတာအဖွဲ့ကို နေပြည်တော် ပုဗ္ဗ သီရိမြို့နယ်တရားရုံးက ဒီနေ့ ငွေဒဏ် (သို့မဟုတ်) ထောင် ဒဏ် အမိန့်ချမှတ်လိုက်ရာမှာ ငွေဒဏ်ပေးဆောင်လိုက် ပါတယ်။
2015-07-21
အကျဉ်းထောင်တွေထဲမှာ အကျဉ်းသား တချို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် ခွဲခြားသတ်မှတ်ပြီး ထူးခြားတဲ့ အခွင့်အရေးတွေပေးမယ် ဆိုရင် အခွင့်ထူးခံအတန်းအစားတစ်ရပ် ပေါ်ပေါက်လာ မှာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားဆိုပြီး သီးခြား သတ်မှတ်ဖို့ အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။
2015-07-21
ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
2015-07-21
အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးလုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ရှေ့မှာ လူငယ် တွေက အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။
2015-07-21
၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။
2015-07-21
၆၈ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့မန္တလေးမြို့ လူငယ်ဂရပ်ဖစ်တီ (Graffiti) ပညာရှင် ကိုဇွဲကိုနိုင်က အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးရဲ့ ပုံတူတွေကို ရေးဆွဲ ဂုဏ်ပြုခဲ့ပါတယ်။
2015-07-21
ရှမ်းပြည်နယ်မြောက်ပိုင်လားရှိုးမြို့မှာ အာဇာနည်နေ့မှာ စိုက်ထူမယ်လို့ ပြင်ဆင်ခဲ့တဲ့ ဗိုလ်ချုပ် ကြေးရုပ် မြေနေရာကို သက်ဆိုင်ရာက ခွင့်ပြုချက် မပေးသေးတာကြောင့် ဗိုလ်ချုပ်ကြေးရုပ်ကို အခုထိ စိုက်ထူ နိုင်ခြင်းမရှိသေးပါဘူး။
2015-07-21
"အမုန်းတရားကင်းတဲ့ ဖြေရှင်းမူဆီသို့" ဆိုတဲ့ခေါင်းစဉ်နဲ့ စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်က နာရေးကူညီမူအသင်းခန်းမမှာ ဇူလိုင်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-07-20
တရုတ်ပြည်ဟာ စီးပွားကျဆင်းမှုနဲ့ စတော့ ရှယ်ယာဈေးကွက် တန်ဖိုးကျဆင်းနေ တာတွေနဲ့ ရင်ဆိုင်နေရပေမယ့် မြန်မာနိုင် ငံတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI စာရင်းမှာ ထိပ်ဆုံးက ရှိနေဆဲဖြစ်ပါတယ်။
2015-07-20
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွက် ကူညီထောက်ပံ့မှုတွေ ပိုမိုဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂဒုက္ခသည်များ ကာကွယ်စောင့်ရှောက်ရေးဌာန လက်ထောက် ကော်မရှင် နာမင်းကြီး Volker Turk က ဆော်သြလိုက်ပါတယ်။
2015-07-20
၂၀၁၅ ရွေးကောက်ပွဲမှာ စာရေးဆရာ ဟိန်းလတ် အပါအဝင် နာမည်ကြီးစာရေး ဆရာတချို့ဟာ ဖက်ဒရယ် ပြည်ထောင်စု ပါတီ FUP ကနေ ဝင်ရောက် ယှဉ်ပြိုင်ကြမယ်လို့ သိရပါ တယ်။
2015-07-20
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမှာ ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေ စီးရွှေ့ပြောင်းသူ ၅၀၀ ကျော်ထဲက ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက စိစစ်လက်ခံထားပြီးဖြစ် တဲ့အတွက် အခုရက်ပိုင်းမှာ ပြန်ပို့တော့မယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောပါတယ်။