သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-21
မွန်ပြည်နယ် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းမှာ လမ်းအသုံးပြုခကောက်ခံနေတဲ့ AK ဆောက်လုပ်ရေး ကုမ္ပဏီဟာ လမ်းတွေဆိုးရွားစွာ ပျက်စီးနေပေမယ့် တာဝန်ယူပြုပြင်ပေးခြင်း မရှိတာကြောင့် ပြင်း ထန်စွာ သတိပေးထားတယ် လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။
2017-08-21
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့မှာရှိတဲ့ ဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကေ်ာမတီက အဆင့်မြှင့်တင်ပြီး ဈေးသစ်တည်ဆောက်ဖို့ စီစဉ်တာကို ကန့်ကွက်ပြီး မူလဆိုင်ခန်းနေရာမှာ ဈေးရောင်းချခွင့်ရရှိဖို့အတွက် အလုံဈေးသူဈေးသား ၅၀ ကျော်က ဒီနေ့ အလုံဈေးကနေ ရန်ကုန်မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။
2017-08-21
မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းမှာ Squash အားကစား ပြိုင်ပွဲဝင် မြန်မာအသင်းလိုက်ပါလာတဲ့ကားဟာ ဒီနေ့ မနက်ပိုင်းက ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရမှုများခဲ့ပြီး မြန်မာအမျိုးသမီးလက်ရွေးစင် ကစားသမားနှစ်ဦးကို ဒဏ်ရာအခြေအနေကြောင့် ဆက်ကစားခွင့် မပြုတော့ဘူးလို့ သိရပါတယ်။
2017-08-21
ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးအတွက် နောက်ဆုံးအယူခံကို ဒီနေ့ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံးတရားရုံးမှာတင်ခဲ့ပြီး တရားရုံးက အယူခံကို လက်ခံလိုက်ပါတယ်။
2017-08-21
ကချင်ပြည်နယ် ဆဒုံးဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက မနေ့ကဆန်အိတ်တွေ သွားရောက်လှူဒါန်းရာမှာ အတားခံရပြီး ဒီကနေ့ နေ့လည်ပိုင်းအထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။
2017-08-20
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်း အမျိုးသားဘောလုံးပွဲမှာ ဒီကနေ့ မြန်မာ ဘောလုံးအသင်းနဲ့ အိမ်ရှင် မလေးရှား အသင်းတို့ အုပ်စု ဗိုလ်လုပွဲ ကစားမှာဖြစ်တာကြောင့် မြန်မာပရိသတ်ကို အကူအညီပေးဖို့ မလေးရှားမှာရှိတဲ့ မြန်မာ ပရဟိတ အဖွဲ့တွေနဲ့ အဖွဲ့ပေါင်းစုံက တာဝန်ယူထားပါတယ်။
2017-08-20
မြန်မာအသင်းနဲ့ အိမ်ရှင် မလေးရှား အသင်းတို့ မနက်ဖြန် ယှဉ်ပြိုင်ကစားမယ့် ဆီးဂိမ်း အမျိုး သား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်ကို မြန်မာ ပရိသတ်တွေကြည့်ရှုနိုင်ဖို့အတွက် လက်မှတ်ခွဲတမ်း ကိုးထောင်နီးပါးရရှိမှာဖြစ်ပြီး ပရိသတ်တွေ လုံခြုံရေး အတွက် မလေးရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။
2017-08-20
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီတွေဟာ အလုပ်သမားတွေရဲ့ တစ်နေ့ဝင်ငွေနဲ့ ထွက်ငွေအခြေအနေ စစ်တမ်း ကောက်ယူနေပါတယ်။
2017-08-20
အစိုးရထံ တင်ပြမယ့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အကြံပေး အစီရင်ခံစာမှာ ပြည်နယ်ရဲ့ စီးပွားရေးမြှင့်တင်ဖို့၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေနဲ့ နှစ်ဖက်လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးတို့အတွက် အကြံပြုချက်တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
2017-08-20
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ဗဟိုဌာနချုပ်ကို ဒီနေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဌနဲ့ အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့စည်းခဲ့သလို ဗဟိုအလုပ်အမှုဆောင်နဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုလည်း ရွေးချယ်ခဲ့ပါတယ်။
2017-08-20
ဒီကနေ့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ ခုက ရွှေ့ပြောင်းအလုပ်သမား ၁ ထောင်ကျော်က ဆန္ဒပြကြပါတယ်။
2017-08-20
လာမယ့် ၂၀၁၈ နှစ်ဆန်းပိုင်းလောက်မှာ အနည်းဆုံးအခကြေးငွေနှုန်းထား အသစ်တစ်ရပ်ကို အဆိုပြုထုတ်ပြန် သွားနိုင်ဖို့အတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက တိုင်းဒေသကြီးအသီးသီးမှာ စစ်တမ်းကောက်ယူနေတယ်လို့ သိရပါတယ်။
2017-08-20
အကျဉ်းသားဦးရေ ၁၀၀၀ ဆံ့တဲ့ အကျဉ်းထောင် ၃ ခုကို ဒိုက်ဦး၊ ကျိုက်မရော နဲ့ မိုးညှင်းတို့မှာ တည်ဆောက်နေတယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဦးမင်းထွန်းစိုး က ပြောပါတယ်။
2017-08-20
ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် လေးဦးလောက်ဟာ ဥပဒေမဲ့ လုပ်ဆောင်တယ်ဆိုပြီး တိုင်ကြားခံထားရတာ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာန တာဝန်ခံ၊ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
2017-08-20
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ဗဟိုဌာနချုပ်ကို ဒီနေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ၁၇ ဦးနဲ့ အလုပ်အမှုဆောင် အယောက် ၃၀ ကို ရွေးချယ် ဖွဲ့စည်းလိုက်ပါတယ်။