သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-13
ဗီဂျေ နမ်ဘီးယားဟာ မေလ ၁၁ ရက် ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ် ရိပ်သာလမ်းက သူမရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။
2011-05-13
အခု သီတင်းတပတ်အတွင်း ရန်ကုန်မြို့မှာ စိတ်ကြွဆေး အရောင်းအဝယ်လုပ်သူတွေ၊ မူးယစ်ဆေး သုံးစွဲသူတွေကို သိသိသာသာ အဖမ်းအဆီးများနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
2011-05-13
တရုတ်နိုင်ငံဖက်ကနေ သံပိုက်လုံးကြီးတွေတင်ထားတဲ့ ကုန်ကားတွေ ရွှေလီ၊ မူဆယ် နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်းကို မေလ ၁၂ ရက် မနေ့က ဝင်လာတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး တအောင်း ခေါ် ပလောင် ကျောင်းသား လူငယ်အစည်းအရုံး က သတင်း ထုတ်ပြန်လိုက်ပါတယ်။
2011-05-13
ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၁၁ ပါတီ နဲ့စုဖွဲ့ထားတဲ့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့နဲ့ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ဟာ ရန်ကုန်မြို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး UNDP ရုံးမှာ မေလ ၁၃ ရက် ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2011-05-13
နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှုအရ မြန်မာနိုင်ငံတဝန်းက ကောက်ခံရရှိထားတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၆,၀၀၀ ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်ရုံးထံ မေလ ၁၃ ရက် ဒီကနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။
2011-05-13
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမဲ့လ အနည်းငယ်အတွင်း ရန်ကုန်တိုင်း ပြင်ပကို စည်းရုံးရေး ခရီးစဉ်တွေ စတင်တော့မှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
2011-05-13
မြန်မာနိုင်ငံဟာ စစ်အစိုးအဆက်ဆက် ခေတ်စနစ်ဆိုးအောက်မှာ နိုင်ငံရေး၊ စီးပွားရေး ချွတ်ခြုံကျခဲ့ရသလို လူမှုရေးပိုင်းမှာလည်း နိမ့်ကျ ယိုယွင်းသွားခဲ့တာကို ဒီကနေ့ နိုင်ငံတဝန်းမှာ တနေ့တခြား တိုးများလာတဲ့ အရက်ဆိုင်တွေ တိုင်းပြည်ရဲ့အနာဂတ်လို့ ဆိုကြတဲ့ မျိုးဆက်သစ် လူငယ်တွေကြား တွင်ကျယ်လာတဲ့ အရက်သေစာ သောက်စားမှု ဓလေ့တွေက သက်သေခံနေပါတယ်။
2011-05-13
မြန်မာ့တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာ တပ်သားဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်ရဲ့ ကိုယ်တွေ့ဘဝကို Burma Soldier (မြန်မာစစ်သား) လို့ အမည်ပေး ရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန် ပြည်ထောင်စုတဝန်း တာဝန်ယူ ဖြန့်ချိပေးမဲ့ ကမ္ဘာကျော် HBO ရုပ်မြင်သံကြားကုမ္ပဏီက နယူးယောက်မြို့မှာ မေလ ၁၂ ရက် မနေ့က အထူးပွဲ ပြသခဲ့ပါတယ်။
2011-05-13
၂၀၁၀ ပြည့်နှစ်အတွက် သတင်းကောင်းတွေထဲမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းပါဝင်ခဲ့ပေမဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ကန့်သတ်ခဲ့သလို နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်ကို ဆက်ပြီး ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI က မေလ ၁၃ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
2011-05-13
မကြာခင်က ရိုက်ကူးပြီးစီးခဲ့ပြီး လာမဲ့ အောက်တိုဘာလမှာ ကမ္ဘာတလွှား ရုံတင်ပြသမဲ့ The Lady ရုပ်ရှင်ကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို အများက ပိုသိလာကြမယ်လို့ မျှော်လင့်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မစ်ရှယ်လ် ယိုးက မေလ ၁၂ ရက် မနေ့က ပြောလိုက်ပါတယ်။
2011-05-13
မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့်ရပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်နေပါတယ်။
2011-05-13
မြန်မာအစိုးရသစ်ဟာ အားရ ကျေနပ်စရာ လက္ခဏာ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားက မေလ ၁၂ ရက် မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောပါတယ်။
2011-05-12
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေ နမ်ဘီးယားတို့ မေလ ၁၁ ရက် မနေ့ ညနေပိုင်းက အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။
2011-05-12
၂၀၁၀ စက်တင်ဘာလက ပဲခူးမြို့ ရယကရုံးရှေ့ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ လူပေါင်း ၁၁ ယောက်ကို အခင်းဖြစ်ပြီး ၈ လအကြာ မေလ ၁၂ ရက် ဒီကနေ့မှ စပြီး ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-05-12
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ သတင်းနဲ့ စာနယ်ဇင်း ရက်တိုသင်တန်းတခုကို လာမဲ့ မေလ ၁၈ ရက်နေ့မှာ စတင် ဖွင့်လှစ်မယ်လို့ သတင်းရရှိပါတယ်။