သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-12
တရုတ်နိုင်ငံရဲ့ ဗဟို စစ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ရွှီဟိုက်ဟိုဟာ မေလ ၁၂ ရက် ဒီကနေ့မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။
2011-05-12
မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းတဲ့ ကလေး စစ်သား ပြဿနာ ဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ စနစ်ကျတဲ့ အမျိုးသားစီမံကိန်း တရပ်လိုအပ် ကြောင်း မေလ ၁၁ ရက် မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာက ထောက်ပြအကြံ ပေးလိုက်ပါတယ်။
2011-05-12
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အစီအစဉ် ရှိပေမယ့် တည်တည်ငြိမ်ငြိမ် ဖြစ်လာမယ့် အခြေအနေတွေကို စောင့်ဆိုင်းနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားကြောင်း သူ့ရဲ့ နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ် က RFA ကို မနေ့က ပြောကြားပါတယ်။
2011-05-12
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ တရပ် ပေါ်ပေါက်ခဲ့ပေမဲ့ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-05-11
ရှမ်းပြည်နယ်အတွင်း စစ်အစိုးရတပ်ဖွဲ့တွေနဲ့ SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေအကြား မေလ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်အစိုးရဖက်က တပ်ရင်းမှူး အပါအဝင် ၉ ဦး ကျဆုံးခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
2011-05-11
နှစ်ပေါင်း ၂၀ ကြာပြီးမှ ကျင်းပပြုလုပ်တဲ့ တတိယအကြိမ်မြောက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီရဲ့ ဗဟိုကော်မတီ စုံညီအစည်းအဝေး မေလ ၁၀ ရက် မနေ့က ပြီးဆုံးသွားပါတယ်။
2011-05-11
ဘာသာပြန်၊ ဝတ္ထုတိုနဲ့ လုံးချင်းဝတ္ထုပေါင်းများစွာ ရေးသားခဲ့တဲ့ စာရေးဆရာကြီး နတ်နွယ်ဟာ ဒီကနေ့ မေလ ၁၁ ရက် မနက် ၁၁ နာရီက ရန်ကုန်တိုင်း မြောက်ဒဂုံ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
2011-05-11
တောင်ကိုရီးယားနိုင်ငံ အူးလ်ဆန်မြို့ အရှေ့ပိုင်း ပင်လယ်ပြင်မှာ ဆိုက်ထားတဲ့ ဓာတုပစ္စည်းတင် သင်္ဘောပေါ်က မြန်မာ သင်္ဘောသားတဦးဟာ မေ ၁၀ ရက် အင်္ဂါနေ့ အစောပိုင်းက သင်္ဘောပေါ်မှာ မူးလဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ကိုရီးယားနိုင်ငံက လာတဲ့ သတင်းတွေအရ သိရပါတယ်။
2011-05-11
မလေးရှားနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၉ ဦးနဲ့ ဒေသခံ ပွဲစားတဦးကို မလေးရှားနိုင်ငံ ပါလစ်ပြည်နယ် ကန်ဂါးမြို့ ဆေးရုံဝင်းအတွင်း ကားတစီးပေါ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး မလေးရှားအစိုးရ သတင်းဌာန Bernama က ရေးပါတယ်။
2011-05-11
လစာငွေ တိုးမြင့်ရေးအတွက် ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကတည်းက အလုပ်မဆင်းပဲ ဆန္ဒပြနေကြတဲ့ ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့ အိုအေစစ် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက် အားလုံးကို အလုပ်ရှင်က လိုက်လျောပေးလိုက်ပြီလို့ အခုနောက်ဆုံး သတင်းရရှိပါတယ်။
2011-05-11
မေလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ဆရာဒဂုန်တာရာရဲ့ မွေးနေ့ကို အခုလ (၈) ရက်နေ့က အောင်ပန်းမြို့မှာ ကျင်းပခဲ့ပါတယ်။
2011-05-11
မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ် အတွင်းက ကူညီသူ ကင်းမဲ့နေတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တကျောင်း အတွက် မတည် ရံပုံငွေ အဖြစ် အလှူငွေ ကျပ်(၁၀) သိန်းကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပေးအပ် လှူဒါန်းလိုက်တယ်လို့ ကျောက်ပန်းတောင်း မြို့နယ် NLD စည်းရုံးရေး အဖွဲ့ဝင် ဦးအေးခိုင်က ပြောပါတယ်။
2011-05-11
ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ကျားသတ္တဝါတွေ ခိုအောင်း နေထိုင်တဲ့ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသမှာ စင်ကာပူနဲ့ ဂျပန် ကုမ္ပဏီတွေ ပေါင်းပြီး ရေနံ သဘာဝ ဓာတ်ငွေ့ စမ်းသပ် ရှာဖွေဖို့ မြန်မာ အစိုးရနဲ့ မေလ ၄ ရက်နေ့မှာ သဘောတူ လက်မှတ် ရေးထိုးလိုက်ကြ ပါတယ်။
2011-05-10
နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြတဲ့အတွက် လူကုန်ကူးတိုက်ဖျက်ရေး လုပ်ဆောင်ဖို့ ခက်ခဲနေပါတယ်။
2011-05-10
နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာရေး ထောက်ပံ့ ကူညီမှု အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က ရုံးချုပ်မှာ ဒီကနေ့နေ့လည်က ကျင်းပခဲ့ပါတယ်။