သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-02
RFA ရဲ့ ၁၅ နှစ်မြောက် နှစ်ပတ်လည် အတွက် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပေးပို့ပါတယ်။
2011-05-02
ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပါဝင်ဆင်နွှဲ
2011-05-02
အစိုးရသစ် အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်က လာတဲ့ AFP သတင်းတရပ်က ဖော်ပြပါတယ်။
2011-05-02
ခေတ္တခဏ မေးမြန်းဖို့ ဆိုပြီး ခေါ်ဆောင်သွားခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင် ပို့လိုက်ပြီး မကြာခင် ရုံးထုတ် စစ်ဆေးတော့မယ်လို့ သိရပါတယ်။
2011-05-02
UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့အနေနဲ့ သမတ ဦးသိန်းစိန်ရဲ့ တိုင်းရင်းသားအရေးကိစ္စ ပြောဆိုချက်တွေကို ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးအတွက် အစိုးရသစ်နဲ့ ဆွေးနွေးဖို့ တောင်းဆိုမှာ ဖြစ်ကြောင်း UWSA အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က RFA ကို ပြောဆိုပါတယ်။
2011-05-02
နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး ၃ နှစ်ကြာတဲ့အထိ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ဒေသတချို့မှာ ပြန်လည် ထူထောင်ရေးတွေ အခက်အခဲတွေ ကြုံနေရဆဲပဲလို့ သိရပါတယ်။
2011-05-02
မြန်မာပြည်သူတွေ သိန်းနဲ့ချီ သေဆုံးခဲ့ကြရတဲ့ နာဂစ် လေမုန်တိုင်း တိုက်ခတ်ခဲ့တာ ၃ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပေမဲ့ နာဂစ်ဘေးကို မမေ့မပျောက် ရှိကြဖို့နဲ့ သင်ခန်းစာ ယူကြဖို့ ထင်ရှားတဲ့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2011-05-01
မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂ တည်ထောင်ခွင့်မရှိတာ နှစ်အတော် ကြာမြင့်နေပြီ ဖြစ်ပြီး ဒီကနေ့အထိ အလုပ်သမား အခွင့်အရေးတွေ ကန့်သတ်ခံနေရကြောင်း ဒီနေ့ ကျရောက်တဲ့ ၁၂၁ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) မှာ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောဆိုလိုက် ပါတယ်။
2011-05-01
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာတာဟာ အပြောင်းအလဲလား၊ အတုအယောင်လားဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့ ဒီမိုကရေစီရေး နိုင်ငံတကာ ဆွေးနွေးပွဲတခုကို ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ လာမယ့် မေလ ၄ ရက်နေ့မှာ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။
2011-05-01
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေအတွက် မြန်မာနိုင်ငံမှာ သမ္မတအကြံပေးအဖွဲ့ သုံးဖွဲ့ ဖွဲ့စည်းလိုက်တယ် ဆိုတဲ့သတင်းတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-05-01
အမေရိကန်မှာ အခြေချ နေထိုင်ခွင့် ရမယ့် Diversity Visa ခေါ် DV ဗီဇာ မဲပေါက်တယ်ဆိုပြီး မြန်မာပြည်တွင်းက လျှောက်ထားသူ ကာယကံရှင်တွေထံ အခု ရက်ပိုင်းအတွင်း အီးမေးလ်ကတဆင့် အကြောင်းကြားစာ အတုတွေ ပို့နေတာကြောင့် ဒီကိစ္စကို သတိပေးတဲ့အနေနဲ့ ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
2011-05-01
မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ် ပြောင်းလဲလာတာနဲ့ အမျှ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ပြန်လည် ရရှိလာဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ဦးဆောင်ပြီး နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် Trades Union Congress ဖွဲ့စည်းထူထောင်မယ့်အကြောင်း မေလ ၁ ရက် နေ့စွဲနဲ့ ကြေညာခဲ့ပါတယ်။
2011-04-30
တရုတ်နယ်စပ်မှာ ကုန်စည်တင်ပို့ခွင့် ပိတ်ထားတဲ့ကြားက ကချင်ပြည်နယ်မှာ ထူးကုမ္ပဏီက သတ္တုရိုင်းတွေ တူးဖော်နေပြီး ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာက တဆင့် တရုတ်နိုင်ငံကို တင်ပို့နေတယ်လို့ သိရပါတယ်။
2011-04-30
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ် ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင် လက်မှတ်ရေးထိုးသူ သောင်းဂဏန်းအထိ ရှိနေပြီး မေလ ဆန်းပိုင်းမှာ သမ္မတ ဦးသိန်းစိန်ထံ တင်ပြ တောင်းဆို သွားမယ်လို့ လှုပ်ရှားမှုကို တာဝန်ယူ ဆောင်ရွက်နေ တဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေက ပြောပါတယ်။
2011-04-30
တရုတ်-မြန်မာနယ်စပ်မှာ မြန်မာအစိုးရ က သတ်မှတ်ပေးထားတဲ့ နယ်နိမိတ် အပြင်ဘက်မှာ တပ်စွဲထားတဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်နဲ့ NDAA မိုင်းလားတပ်တွေကို ဒီကနေ့ နောက်ဆုံးထား ပြီး ပြန်ဆုတ်ပေးဖို့ အစိုးရက သတိပေးထားတယ်လို့ သိရပါတယ်။