သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-24
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှာ မွတ်စလင်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒီနေ့အထိ တစ်ဦးမျှမရှိခဲ့ပါဘူး။ ဒါပေမဲ့ လာမယ့် ၂၀၂၀ မှာတော့ NLD က ဒီအစဉ်အလာထဲကနေ ရုန်းထွက်တော့မှာပါ။ NLD ပါတီရဲ့ မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်းတွေထဲမှာ မွတ်စလင်ကိုယ်စားလှယ်လောင်း တချို့ ပါဝင်လာပါပြီ။
2020-06-24
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းဖျားမှာရှိတဲ့ ကျေးရွာ ၂၀ ကျော်က ချင်းတိုင်းရင်းသား သုံးထောင်ကျော် လောက်ဟာ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ ပြတ်လပ်တာကြောင့် ရှမ်းကုန်းနဲ့ မင်္ဂလာဒုံကျေးရွာ တွေကို ရောက်လာကြပါတယ်။ နယ်စပ်ရေးရာဝန်ကြီးကတော့ သူတို့ ဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းသူတွေ ကိုတော့ ရိက္ခာသယ်ခွင့်ပေးတယ်လို့ ပြောပါတယ်။
2020-06-23
အစိုးရထိပ်တန်းခေါင်းဆောင်တွေ မြေကွက်ရယူတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပေါ်ပေါက်နေတာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲနီးလာလို့ တိုက်ခိုက်တာလို့ ယူဆကြောင်း NLD ပါတီ ဒုတိယဥက္ကဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။
2020-06-23
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျော်ဒန်နိုင်ငံမှာ စက်ရုံတချို့ပိတ်ခဲ့ရတဲ့အတွက် ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ဒုက္ခရောက်နေကြပါတယ်။နိုင်ငံတကာ လေကြောင်းလိုင်းတွေလည်း ရပ်ဆိုင်းထားတာကြောင့် နေရပ်မပြန်နိုင်ဘဲ အားကိုးရာမဲ့ဖြစ်နေကြပါတယ်။
2020-06-23
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနဲ့ လွယ်ခမ်ကျေးရွာ အတွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်တာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေထဲက အချို့ကို ကွတ်ခိုင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဖျက်ဆီးခဲ့ပါတယ်။
2020-06-23
စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ လူမျိုးရေး အမုန်းတရားတွေကို အင်တာနက်ကနေ လှုံ့ဆော်မှုတွေရှိနေ တာကြောင့် ရခိုင်ပြည်နယ်မှာ အင်တာနက် ပြန်ဖွင့်ပေးဖို့ အစိုးရကို တိုက်တွန်းမှာ မဟုတ်သေးဘူးလို့၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောလိုက်ပါတယ်။
2020-06-23
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD အစိုးရအဖွဲ့ ဝင်တွေ မြေကွက်ရယူတာဟာ အရင်ကပြောခဲ့တဲ့ မြေယူမှာမဟုတ်ဘူးဆိုတဲ့ကတိကို ပျက်ကွက်တာဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
2020-06-23
မန္တလေးတိုင်းအစိုးရအဖွဲ့က ငွေကျပ်သိန်းပေါင်း တစ်ထောင့်တစ်ရာကျော်ကို တိုင်းအတွင်းက စာရေးဆရာတွေ၊ ဘဘင်ပညာရှင်တွေနဲ့ ကာတွန်းဆရာတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တာဟာ လာမယ့်ရွေးကောက်ပွဲမှာ အကျိုးသက်ရောက်မှု ရှိနိုင်မလားဆိုတဲ့ ဝေဖန်မှုတွေ ရှိနေကြပါတယ်။
2020-06-23
လာမယ့်ရက်ပိုင်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ အားလုံး ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ရှိနေပါတယ်။ ရခိုင်ပြည်နယ်ကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီတချို့က ရခိုင်ပြည်နယ်က ရွေးကောက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြဖို့ရှိတယ်လို့ ပြောပါတယ်။
2020-06-22
ချင်းပြည်နယ် ပလက်ဝဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၃၅၂၈ အိတ် အပြင် ပဲ၊ ကြက်သွန်နီ၊ ဆီ၊ ဆားနဲ့ Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးတွေ တနင်္ဂနွေနေ့က ရောက်ရှိသွားပါတယ်။
2020-06-22
အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2020-06-22
မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့အကြား တစ်နှစ်ခွဲနီးပါး ကြာမြင့်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအတွင်း လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ပြီး ဖြစ်သလို၊ လူဦးရေ တစ်သိန်းခြောက်သောင်းထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါပြီ။
2020-06-22
ရခိုင်မြောက်ပိုင်းက ရဲကင်းစခန်းတချို့ကို AA ရဲ့တိုက်ခိုက်တာခံရပြီးနောက်ပိုင်း အမှုဖွင့်ဖို့ ရဲစခန်းကိုလာရောက် တိုင်တယ်ဆိုရင်တောင်မှ ရဲစခန်းတံခါးကို ဖွင့်မပေးရဲဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောပါတယ်။
2020-06-22
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးမှာ မနေ့က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရတာကို အကြောင်းပြုလို့ အဲဒီစစ်ကြောင်းက ပြန်လည်ပစ်ခတ်ရာမှာ အပေါက်ဝရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်လို့ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။
2020-06-22
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးပြတ်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းကတည်းက အများသိရှိအောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။