သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-08
ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် စစ်ဘေး စစ်ဒဏ်သင့် ပြည်သူတွေကို ကူညီနိုင်ဖို့အတွက် မဇ္ဈိမလှိုင်း ဦးရဲလွင် ဦးဆောင်တဲ့ ဂီတပညာသည်တစုဟာ လ္ဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ လိုက်ပြီး သီချင်းဆိုရင်း ရန်ပုံငွေရှာ လှူဒါန်းနေပါတယ်။
2012-05-08
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာ တင်သွင်းတယ်ဆိုတဲ့ သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရေးသားဖော်ပြခြင်း မပြုဖို့ သက်ဆိုင်ရာက ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
2012-05-08
ရန်ကုန်တိုင်း စည်ပင်သာယာဌာနကနေ ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ အငှားယာဉ် တက္ကစီကားတွေကို ဌာနက ပြန်သိမ်းပြီးတဲ့နောက် မူလငှားရမ်းထားသူတွေကို စပေါ်ငွေ ပြန်မအမ်းပေးပဲ အဲဒီကားတွေကို ဝန်ထမ်းတချို့နဲ့ ပုဂ္ဂလိကတချို့ကို ပြန်လည် ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။
2012-05-08
၂၀၁၀ သြင်္ကန် ရန်ကုန်က X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး စစ်အစိုးရက တရားစွဲဆိုထားတဲ့ ကိုဖြိုးဝေအောင်အမှုကို အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက ဒီကနေ့ စစ်ဆေးပြီး သေဒဏ်အမိန့် ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။
2012-05-08
မြေမြုပ်မိုင်းထိလို့ မသန်စွမ်း ဖြစ်ကြရတယ် ဆိုတာဟာ အဲဒီတိုင်းပြည်ရဲ့ မသန်စွမ်းမှုကို ဖော်ပြနေတာပဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2012-05-08
ဒုတိယသမ္မတ-၁ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုမေလကုန်မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူဖို့ အာဏာပိုင်တွေက စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
2012-05-08
မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေဟာ လက်ရှိ ပုံစံအတိုင်းသာ ရှေ့ဆက်ပြီး တည်တည်ငြိမ်ငြိမ် သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း အမြင့်မားဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အစီရင်ခံစာက ခန့်မှန်းဖော်ပြလိုက်ပါတယ်။
2012-05-08
မြန်မာပြည် စီးပွားရေးအရ တိုးတက်ဖို့ကြိုးပမ်းမယ်ဆိုရင် အရင်စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အကောင်အထည်ဖော်လေ့ရှိတဲ့ ဆင်ဖြူတော် စီမံကိန်းတွေ၊ အလေအလွင့် စီမံကိန်းတွေကို လက်ရှိ အစိုးရအနေနဲ့ ရှောင်ရှားဖို့ လိုအပ်ကြောင်း ထိုင်းဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးက Bloomberg စီးပွားရေး မဂ္ဂဇင်းကို ပြောလိုက်ပါတယ်။
2012-05-07
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် လူမှုရေးအဖွဲ့တခုဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ နာရေးကူညီမှုအသင်း ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ကျော်သူနဲ့ဇနီး ဒေါ်ရွှေဇီးကွက်တို့ကို ကယ်လီဖိုးနီးယား ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေက ပြည်တွင်း လူမှုရေးလုပ်ငန်းတွေအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်လာငွေ ၆ သောင်းခန့် လှူဒါန်းခဲ့ကြပါတယ်။
2012-05-07
မွန်ပြည်နယ်မှာ ပထမဆုံးပုဂ္ဂလိက သတင်းဂျာနယ် တစ်စောင်အဖြစ် မွန်ပြည်နယ်အတွင်းက သတင်းတွေကို ဦးစားပေး ရေးသားဖော်ပြမယ့် သံလွင်တိုင်းမ်စ် ဂျာနယ်ကို မြန်မာဘာသာနဲ့ ဒီကနေ့ စတင်ဖြန့်ချိ ထုတ်ဝေလိုက်ပြီလို့ သိရပါတယ်။
2012-05-07
၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ ရွှေခါး ဦးဆောင်တဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ဟာ ဒီကနေ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် (၁၆) ကို သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
2012-05-07
တေးရေးဆရာ ကိုရဲလွင်နဲ့အဖွဲ့က လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းလို့ အမည်ပေးထားတဲ့ ပြည်တွင်းစစ် ရပ်စဲရေး လှုံ့ဆော်မှု၊ လှုပ်ရှားမှုတစ်ခုအဖြစ် မနေ့က ရန်ကုန်မြို့တွင်းက စားသောက်ဆိုင်တချို့မှာ တေးဂီတ ဖျော်ဖြေပြီး ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်ခဲ့ပါတယ်။
2012-05-07
နိုင်ငံခြားငွေ သုံးစွဲနိုင်မယ့် ဘဏ်စာရင်းတစ်ခုဖွင့်ပြီး ၂၀၀၇ ခုနှစ် အထက် မော်ဒယ်လ်ကားတွေကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုကြောင်း စီးပွား/ကူးသန်းဝန်ကြီး ဦးဝင်းမြင့်က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-05-07
အကျဉ်းထောင်တွေမှာ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် NLD ပါတီ ဗဟိုလူမှုအထောက်အကူပြု အဖွဲ့က ပေးအပ်လိုက်တဲ့ ထောက်ပံ့ငွေကို မန္တလေး-အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ ဦးအတွက် လိုက်လံ ပေးအပ်နေကြောင်း သိရပါတယ်။
2012-05-06
ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လိုအပ်တယ်လို့ မနေ့က စတင်တဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်ရေး နိုင်ငံတကာ လှုပ်ရှားမှုအတွက် ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။