သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-05
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က တိုက်ပွဲတစ်ခုအတွင်း ပစ်ခတ်ခံရမှုကြောင့် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ မမိုးမိုးနွယ်ဟာ စက်ချုပ်ပညာလေ့လာသင်ယူရင်း ဘဝခရီးကို ရှေ့ဆက်ဖို့ ကြိုးစားနေပါတယ်။
2020-06-05
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တပ်မတော် အငြိမ်းစားတစ်ဦးနဲ့ အသက် ၈၀ ကျော်အဘိုးအို တစ်ဦးကို အေအေ အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး ပြန်လွှတ်ပေးဖို့ မိသားစုက RFA ကိုပြောပါတယ်။ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကတော့ ဒါဟာ စွပ်စွဲချက်သာဖြစ်ပြီး AA က ဖမ်းဆီးထားတာမရှိဘူး RFA ကို ပြောပါတယ်။
2020-06-05
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ်မှာ အုပ်ချုပ်ရေးမှူး သုံးဦး နဲ့ အရပ်သားတစ်ဦးတို့ ဖမ်းဆီးတရားစွဲ ခံနေရပါတယ်။ AA အဖွဲ့နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ အရေးယူခံရမှာကို စိုးရိမ်ထိတ်လန့်နေတဲ့ အုပ်ချုပ်ရေးမှူးတွေက တာဝန်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
2020-06-05
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က စစ်ရှောင်စခန်း ၈ ခုမှာ စစ်ဘေးဒုက္ခသည် ၃၀၀၀ နီးပါး ခိုလှုံနေကြပါတယ်။ စစ်ဘေးဒုက္ခသည်တွေထဲမှာ တိုက်ပွဲကြောင့် မိသားစု နဲ့ တကွဲတပြားဖြစ်နေသူတွေ၊ ကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့သူတွေနဲ့ ရရှိဖို့ခက်ခဲတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားကအစ နေအိမ်အထိ မီးလောင်ဆုံးရှုံးခဲ့သူတွေရှိနေပါတယ်။
2020-06-05
ရန်ကုန်မြို့တွင်းက စားသောက်ဆိုင် တော်တော်များများ ပိတ်ထားပြီး မြို့နေလူထု နေအိမ်တွေထဲမှာသာ နေခဲ့တဲ့ ပြီးခဲ့တဲ့ လတွေအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမှိုက်သိမ်း ဆည်းခဲ့ရမှုဟာ အရင်ကထက် တစ်နေ့တန်ချိန် ၂၀၀ ခန့်လျော့ကျခဲ့ပါတယ်။
2020-06-05
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖက်က အပစ်ရပ်သဘောထားတွေ ထုတ်ပြန်ထားပေမယ့် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပါတယ်။
2020-06-05
ကယားပြည်နယ်က ပြောင်းစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုး ဖျက်ဆီးမှုဒဏ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် တောင်သူတွေ အထိနာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကာလအတွင်း လူစုလူဝေးမှု တားမြစ်ထားတာကြောင့် စိုက်ပျိုးရေးဌာနက ပိုးသတ်နည်းပညာ ဖြန့်ဝေပေးရေးကို အဟန့်အတား ဖြစ်စေပါတယ်။
2020-06-04
မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲတွေ ကို ပုံမှန်အတိုင်း လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပမယ်လို့ မနေ့က ပြောကြား ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်နဲ့ ဝဒေသတွေမှာ ကျင်းပနိုင်ခြေ ရှိမရှိကိုတော့ ဆွေးနွေးနေဆဲပဲလို့ ဆိုပါတယ်။
2020-06-04
အမေရိကန်ပြည်ထောင်စု မင်နီဆိုးဒါးပြည်နယ် မင်နီအဲပလစ်မြို့မှာ လူဖြူရဲအရာရှိတယောက်က လူမည်းတယောက်ကို ဖမ်းတဲ့အချိန်မှာ လည်ပင်းကို ဒူးနဲ့အကြာကြီးဖိထားလို့ အသက်ရှုကြပ်ပြီး သေဆုံးသွားရတဲ့ ဖြစ်ရပ်ကြောင့် နိုင်ငံအနှံ့အပြားအပြင် ပြည်ပနိုင်ငံတချို့မှာပါ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။
2020-06-04
နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းနဲ့ မေးမြန်းခန်း ဒုတိယပိုင်းကို ထုတ်လွှင့်ပေးလိုပါတယ်။
2020-06-04
YBS ၄၀ ယာဉ်နဲ့ အငှားယာဉ်တစ်စီးတိုက်မိပြီး ယာဉ်မောင်းအပါဝင် ခရီးသည် နှစ်ယောက် ဇွန် ၂ ရက်နေ့က သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ခရီးသည်မောင်နှမ နှစ်ယောက်ဟာ နှလုံးရောဂါသည်အမေနဲ့ ဆိုက်ကားနင်းနေတဲ့အဖေကို ပြုစုလုပ်ကျွေးနေသူပါ။ အခုလိုဖြစ်ရပ်ဆိုးကို တခြားသူတွေကိုလည်း မဖြစ်စေချင်လို့ စည်းကမ်းတကျ ကြပ်မတ်စေချင်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
2020-06-04
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ "ပြည်ပချေးငွေများနဲ့ မြန်မာပြည် စီးပွားရေးပန်းတိုင်ကို ရောက်အောင်သွားနိုင်မလား" ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးထားပါတယ်။
2020-06-04
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံခါလီဒုက္ခသည် စခန်းကနေ ပြန်ဝင်လာတဲ့ ရိုဟင်ဂျာတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေထဲမှာ ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
2020-06-04
လာမယ့်အထွေထွေရွေးကောက်ပွဲကို အရင်ရွေးကောက်ပွဲတွေနည်းတူ ပုံမှန်ကျင်းပနေကျဖြစ်တဲ့ နိုဝင်ဘာလထဲမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၄ ရက် ဒီနေ့ ပြောလိုက်ပါတယ်။
2020-06-04
ရှမ်းပြည်နယ် ဆီဆိုင်မြို့မှာ တပ်မတော်နဲ့ ဒေသခံတောင်သူတွေ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေကြချိန်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုးကိုယ်တိုင် ဒေသခံ တောင်သူတွေနဲ့ သွားရောက်ဆွေးနွေးခဲ့ပါတယ်။