သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-22
ဇူလိုင် ၂၁ ရက်နေ့မှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတာကြောင့် စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်တွေနေစရာ အခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် ဇူလိုင်လ တတိယပတ်မှာ ပလက်ဝက ကျောင်းတချို့ ပြန်ဖွင့်နိုင်ရေး အခက်အခဲတွေရှိနေပါတယ်။
2020-06-21
ဇွန်လ ၂၁ ရက်၊ မနေ့ည ၁၀ နာရီကျော်က ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အောက်ဘလောက်မှာရှိတဲ့ အိမ်နံပတ် ၄၈ ပြိုကျခဲ့ပါတယ်။ လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကနဦး ကြားသိထားပေမယ့်၊ ဒီလထဲမှာ အဲဒီလိုဖြစ်တာ တိုက်သုံးလုံး ရှိနေပါပြီ။
2020-06-21
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာ ဒီနေ့ တစ်နှစ်တိတိ ပြည့်သွားပြီဖြစ်တာကြောင့် အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ အွန်လိုင်းလူမှုကွန်ရက်မှာ ဆန္ဒပြခဲ့သလို စစ်တွေမြို့မှာလည်း အင်တာနက်ပြန်ဖွင့်ဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။
2020-06-21
ပြည်ထဲရေးဝန်ကြီးသစ် လက်ထက်မှာ ရဲမှူးချုပ် နှစ်ဦးကို အရေးယူထားပြီး အခြား ရဲမှူးချုပ်တစ်ဦးကို စစ်ဆေးနေတယ်လို့ သမ္မတရုံးက ပြောပါတယ်။
2020-06-20
ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ တစ်ပတ်အတွင်း သုံးသောင်းကျော် ရှိခဲ့ပါတယ်။ ကူးစက်ခံရသူ စုစုပေါင်း ရှစ်သန်းကိုးသိန်းနီးပါး ရှိနေပါပြီ။
2020-06-20
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကို အဆုံးသတ်ဖို့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက အစိုးရကို စုပေါင်းတောင်းဆိုလိုက်ပါတယ်။
2020-06-20
လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကားဝိုင်း” အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
2020-06-20
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နိုင်အောင် အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြဖို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက မျှော်လင့်နေပါတယ်။
2020-06-19
မြန်မာနိုင်ငံမှာ ဇွန်လ ၁၉ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၂၃ ဦး ထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုတဲ့အတွက် ဒါဟာ စံချိန်တင် တွေ့ရှိမှုဖြစ်ပါတယ်။ အဲဒီလူအားလုံးဟာ ထိုင်းကတဆင့် ကရင်ပြည်နယ်ကို ဖြတ်ပြီး ပြန်လာသူတွေပါ။
2020-06-19
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာသားတစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဇွန်လ ၁၁ ရက်နေ့ကတည်းဖမ်းဆီးသွားတာ ဒီနေ့အထိပြန်လွှတ်ပေးတာမရှိသေးဘူးလို့ မိသားစုက RFA ကိုပြောပါတယ်။
2020-06-19
လေဖြတ်ရောဂါဟာ လူ ၆ ဦးမှာ ၁ ဦးနှုန်း ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံမှာလည်း သေဆုံးမှု အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်။ လေဖြတ်တာဟာ အချိန်တိုအတွင်း အရေးပေါ်ကုသမှု မခံယူရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။
2020-06-19
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံက တင်ပို့တဲ့ ဖရဲသခွားတွေကို တရုတ်နိုင်ငံဘက်က သိသိသာသာလျှော့ ချနေတာကြောင့် မြန်မာနိုင်ငံက ဖရဲသခွားတောင်သူတွေတင်မက သီးနှံကုန်သည်တွေပါ စီးပွားရေး အထိနာနေကြပါတယ်။
2020-06-19
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက မောင်ကျော်စိုးဝင်းဟာ လက်နက်ကြီးကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူပါ။ သူဟာ ကျန်ရှိနေတဲ့ သူ့ရဲ့ဘဝခရီးကို မသန်စွမ်းသူအဖြစ် ဖြတ်ကျော်ဖို့ တွေးပူနေပါတယ်။
2020-06-19
ဇွန်လ ၁၆ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ "အိမ်အကူအလုပ်သမားများနေ့" ဖြစ်ပါတယ်။ မေ့လျောခံ အိမ်အကူအလုပ်သမားတွေ လိုအပ်တဲ့ အကာအကွယ်ရဖို့၊ အခွင့်အရေး အပြည့်အဝရဖို့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်သမား အဖွဲ့အစည်းတွေနဲ့၊ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုးစားနေကြပါတယ်။
2020-06-19
ရခိုင်ပြည်နယ်မှာ အစိုးရအုပ်ချုပ်ရေးပျက်ပြားအောင် ရက္ခိုင့်တပ်တော် AA က လုပ်ဆောင်နေတဲ့အပေါ် နှိမ်နင်းဖို့နဲ့ အုပ်ချုပ်ရေး တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက်၊ အစိုးရနဲ့ တပ်မတော်အကြား မကြာခဏ တွေ့ဆုံညှိနှိုင်းနေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ ပြောလိုက်ပါတယ်။