သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-17
ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဝက်တွေဖျားနာပြီး သေဆုံးနေတာ အကောင်ရေ ၁၅၀ လောက် ရှိနေပြီလို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
2020-06-16
အသေးစားငွေချေးဌာနတွေကနေ အစုဖွဲ့လိုက်ချေးငှားထားသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မပြန့်ပွားနိုင်ဖို့ ကန့်သတ်ထားတဲ့ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။
2020-06-16
ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာအစိုးရကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေအဖွဲ့က ဖေ့စ်ဘွတ် လူမှုစာမျက်နှာမှာ မြန်မာတပ်မတော်နဲ့ စစ်တပ်က ရေးသားခဲ့တဲ့ အချက်အလက်တွေ ထုတ်ပြန်ပေးရေး ဖေ့စ်ဘွတ်ကုမ္ပဏီကို တောင်းခံပေးဖို့ အမေရိကန် တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။
2020-06-16
တောင်ထူထပ်တဲ့ ချင်းပြည်နယ်မှာ လေယာဉ်ကွင်း နှစ်ခု တည်ဆောက်ရေး လုပ်ငန်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကျရောက်မှု အပါအဝင် ကြိုတင်တွက်ဆ လို့ မရနိုင်တဲ့ အခက်အခဲတချို့ကြောင့် နှောင့်နှေးကြန့်ကြာနေတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။
2020-06-16
NLD အစိုးရ ငါးနှစ်သက်တမ်း မကုန်ခင်မှာ အကျဉ်းထောင် အသီးသီးက နိုင်ငံရေး အကျဉ်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အမှု ရင်ဆိုင်နေရသူတွေ ခြွင်းချက်မရှိ လွတ်မြောက်လာဖို့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်နေသူတွေ မျှော်လင့်နေကြပါတယ်။
2020-06-16
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက နမ့်ကျင်ရွာမှာ တရုတ်ကုမ္ပဏီက တည်ဆောက်မယ့် စက်မှုဇုန်နဲ့ ပတ်သက်ပြီး ဒေသခံတွေကို တရားဝင် အသိပေးတာ မရှိသေးတဲ့အပြင် တခြားအလားတူ စီမံကိန်းမျိုးကို ထပ်မံခွင့်မပြုဖို့ တရုတ်ကုမ္ပဏီက တောင်းဆိုထားတာတွေ ရှိနေပါတယ်။
2020-06-16
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ပြီဆိုရင် ပြန်လည်ဆောင်ရွက်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
2020-06-16
ဒီမိုကရေစီဖော်ဆောင်မှုအတွက် အရေးပါတဲ့ ပုဂ္ဂလိကမီဒီယာတွေ ရှင်သန် ရပ်တည်ရေးဟာ ကပ်ဘေးကာလမှာ ပိုပြီး ခက်ခဲလာနေပါတယ်။ ဒီအခြေအနေမှာ အစိုးရမီဒီယာတွေပဲ အားကောင်းမောင်းသန်ဖြစ်နေရုံနဲ့ မလုံလောက်ဘဲ ပုဂ္ဂလိကမီဒီယာတွေ လဲပြိုမသွားအောင် အစိုးရက ဆောင်ရွက်ပေးသင့်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြောလိုက်ပါတယ်။
2020-06-15
မကွေးမြို့နယ်မှာ ရွာပေါင်း ၈ ရွာလောက်က လူတစ်သောင်းကျော် သောက်သုံးရေအတွက် အားထားနေရတဲ့ လက်ဆယ်ကန်ရွာက ကန်ကြီးဟာ ရေနောက်ကျိပြီး ခန်းခြောက်လုနီးပါးဖြစ်နေတဲ့အတွက် ဒေသခံတွေစိုးရိမ်နေပြီး ရေကန်ပြင်ဖို့ အကူအညီလိုအပ်နေပါတယ်။
2020-06-15
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အခု ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပဖို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ သူ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူးလို့ RFA ကို ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ညမှာ ပြောကြားလိုက်ပါတယ်။
2020-06-15
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု မင်္ဂလာဒုံကျေးရွာက ရွာသား ၁၀၀ ခန့်ဟာ စားနပ်ရိက္ခာတွေပြတ်လပ်ပြီး ဒလက်ချောင်းအနောက်ရွာမှာရှိတဲ့ မြသိန်းတန် ကျောင်းတိုက်ကို ရွာကိုစွန့်ခွာပြီးထွက်ပြေးရောက်ရှိလာကြပါတယ်။
2020-06-15
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အေအေအဖွဲ့က အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် ဆောင်ရွက်နေပေမယ့် စိုးရိမ်ရလောက်တဲ့ အခြေအနေမရှိသေးတဲ့အတွက် စစ်အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့ မလိုအပ်ဘူးလို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောပါတယ်။
2020-06-15
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာကနေ တပ်မတော်က ဖမ်းဆီးသွားတဲ့ ကျေးရွာသား (၁၈)ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
2020-06-15
မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ဦးတည်ပြောင်းလဲလာတာ ၁၀ စုနှစ် တစ်ခုနီးပါး ကြာမြင့်လာပြီဖြစ်ပေမယ့် ခက်ခက်ခဲခဲ ညှိနှိုင်းအဖြေရှာဖို့မလိုတဲ့ ပညာရေးကဏ္ဍမှာ ရှေ့မရောက်ဘဲဖြစ်နေတာမို့ အစိုးရရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် အားမလိုအားမရ မှုတွေ ရှိနေကြပါတယ်။
2020-06-15
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ အရှိန်မြင့်လာနေပေမယ့် မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေလည်း များနေတယ်၊ ဒီကာလမှာ စစ်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလားလို့ ICG အဖွဲ့က ထောက်ပြပါတယ်။