သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-16
MNDAA ကို တည်ထောင်ခဲ့တဲ့ ဦးဖုန်ကြားရှင်ဟာ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းက လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
2022-02-16
ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုအတွက် NUG ရဲ့ ဥပဒေအဖွဲ့သစ်ကို NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က မနေ့က ကြေညာလိုက်ပါတယ်။
2022-02-16
မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ မိုးဗြဲ PDF တို့ ဒီနေ့ နေ့လယ်က တိုက်ပွဲဖြစ်နေတယ်လို့ MB-PDF က ပြောပါတယ်။
2022-02-16
ကလေးမြို့မှာ CDM ကျောင်းဆရာ ဦးမျိုးမင်းအောင်နဲ့ ဇနီး တို့ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။
2022-02-16
မနေ့က စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကြောင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်က ကက်သလစ်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
2022-02-16
ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အနီးမှာ ဖေဖော်ဝါရီ ၁၆ ရက်က KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
2022-02-16
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ပနန်ရွာအနောက်ဘက် အုန်းတောရွာအနီးက ရေမျက်ကြီးအင်းထဲမှာ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ စစ်တပ်က တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး အလောင်းတစ်ခု တွေ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-15
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာရှိတဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ဒေသအတွင်းကနေ ထွက်ခွာဖို့ ကရင်အမျိုးသားအစည်အရုံး KNU က ကြေညာချက် ထုတ်ထားပါတယ်။ ဖာပွန်ခရိုင်ဟာ စစ်ကောင်စီ ထိန်းချုပ်မှု လက်အောက်က မကြာခင်မှာ လွတ်မြောက်လာတဲ့ ဒေသတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း KNU ဘက်က ပြောနေပါတယ်။
2022-02-15
အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာဟာ ဒေသတွင်းက သိုးမည်းတစ်ကောင်အဖြစ် ပုံဖော်ခံနေရဆဲ ဖြစ်ပါတယ်။ ဒီအဖြစ်ကနေ လွတ်ကင်းဖို့ အိမ်နီးချင်းနိုင်ငံတွေသာမက နိုင်ငံတကာ အကူအညီကိုပါ လိုအပ်နေကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။
2022-02-15
မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းအပါအဝင် စစ်တပ်နဲ့ ဆက်စပ်ပြီး ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးတာတွေ မလုပ်ဘဲ သပိတ်မှောက်ကြဖို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က မနေ့က ထပ်မံတိုက်တွန်းလိုက်ပါတယ်။
2022-02-15
ပိုးတွေ့နှုန်းက တစ်ရက်ပြီး တစ်ရက် မြင့်တက်လာနေတာပါ။ ဖေဖော်ဝါရီ ၁၄ ရက် ည ၈ နာရီကနေ ၁၅ ရက်ည ၈နာရီအတွင်း စစ်ဆေးချက်အရ အတည်ပြုလူနာ ၂၄၆၇ ဦး ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက မနေ့ညက သတင်းထုတ်ပြန်ပါတယ်။
2022-02-15
ကယားပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် မေလကနေ ဒီနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ မြန်မာစစ်တပ်ဘက်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အကြောင်း သက်သေအထောက်အထားတွေနဲ့ တင်ပြထားတဲ့ စာမျက်နှာ ၃၆ မျက်နှာပါတဲ့ Fortify Rightsအဖွဲ့ရဲ့ နှစ်ချုပ် အစီရင်ခံစာတစ်စောင်ကို မနေ့ကထုတ်ပြန်ခဲ့ပြီး အာဆီယံကို တိုက်တွန်းခဲ့တာပါ။
2022-02-15
ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို မခံမရပ်နိုင်တာကြောင့် ကိုရင်ဘဝကို စွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
2022-02-15
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်စခန်းကို PDF တွေ ပူးပေါင်းပြီး ဒီမနက် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
2022-02-15
မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို အရေးယူနိုင်မယ့် နည်းလမ်းတွေရှာဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။