သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-16
ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ၊ စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ ရဲ့ ဈာပန အခမ်းအနားကို ရေဝေးသုဿန်မှာ သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၆ နာရီက ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်း က တင်ပြထားပါတယ်။
2013-08-16
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် အုပ်ချုပ်ရေးပိုင်းကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
2013-08-16
ကချင်ပြည်နယ်မှာ ကျောက်စိမ်းထွက်ရာ ဒေသဖြစ်တဲ့ ဖားကန့်ဘက်ကိုသွားတဲ့ မြစ်ကြီးနား-မိုးကောင်းနဲ့ ဖားကန့်ကားလမ်းဟာ အခုနှစ်မိုးတွင်းမှာ သွားလာလို့မရအောင် လမ်းတွေဆိုးဆိုးဝါးဝါး ပိတ်ဆို့နေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။
2013-08-16
အစ္စလာမ်ဘာသာရေးဆိုင်ရာ "အစ်"နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တွေက ဗုဒ္ဓဘာသာသံဃာ အပါးတစ်ရာနီးပါးကို ဒီနေ့နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-08-15
ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ NLD နာယက ဆရာဦးဝင်းတင်ရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။
2013-08-15
လက်ရှိ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန လေ့လာရေးအစီအစဉ်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူလ် တာဟေရ် ခေါ် ဦးသာအေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က လွတ်လပ်တဲ့အာရှအသံ ရုံးချုပ်ကို လာရောက်စဉ် ဦးခင်မောင်စိုး က အခုလိုတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
2013-08-15
မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ပြဌာန်း ဖို့ မြန်မာဘက်က တင်ပြခဲ့တဲ့အပေါ် ထိုင်းဘက်က အားတက်သရောမရှိဘဲဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
2013-08-15
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မနှစ်ကဖြစ်ပွားခဲ့တဲ့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေ အပါအဝင် လူ ၁ဝ ယောက် အသတ်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို သံတွဲခရိုင်တရားရုံးမှာ အင်္ဂါနေ့က စတင်စစ်ဆေးခဲ့ပါတယ်။
2013-08-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နိုင်ငံကို ရှေ့လအတွင်း ပထမဆုံးအကြိမ်သွားရောက် မယ်လို့ သိရပါတယ်။
2013-08-15
သတ္တုတွင်းဝန်ကြီးဟောင်း ဦးသိန်းထိုက် (လက်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်) က လက်ပံတောင်းတောင် ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး ဒေသဖွ့ံ့ဖြိုးရေးတွေ လုပ်ပေးမယ်လို့ပြောပေမယ့် ဒေသခံတွေက လက်ခံခြင်းမရှိဘူးလို့ မိုးကြိုးပြင် ရွာဒေသခံတွေက ပြောပါတယ်။
2013-08-15
ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းက အကျယ် ၃ ဧကကျော်ရှိတဲ့ မြို့မ အားကစားကွင်းကို ပုဂ္ဂလိကကုမ္ပဏီ တစ်ခုက ဟိုတယ် ဆောက်လုပ်ဖို့ စီစဉ်နေတာကို မကျေနပ်တဲ့ ဒေသခံတွေက ဒီနေ့နေ့လည်ပိုင်းက ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ သရက်တောကျောင်း တိုက်မှာ ဆွေးနွေးပွဲကျင်းပပြီး ကန့်ကွက်ခဲ့ကြပါတယ်။
2013-08-15
လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အတည်ပြုထားတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေမူကြမ်းဟာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ရပ်တည်ရခက်အောင် ကန့်သတ်ထားတဲ့ပြစ်ဒဏ်တွေ များနေတယ်လို့ ၈၈ မျိုးဆက်ပွင့်လင်းလူမှုအဖွဲ့အစည်းက ဦးကိုကိုကြီးက ဒီနေ့ပြောကြားလိုက်ပါတယ်။
2013-08-15
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ နေရာတစ်လျှောက်က ဒေသခံတွေရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒေသခံတွေကိုခေါ်ယူပြီး ဒီကနေ့ နေ့လည်ပိုင်းက ကျောက်ဖြူမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
2013-08-15
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့ မနက်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။
2013-08-15
နိုင်ငံပိုင် စီမံကိန်းတွေ၊ အစိုးရဌာန ဆိုင်ရာတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးဖို့နဲ့ တချို့လယ် ယာမြေတွေကို လယ်သမားတွေထံ ပြန်ပေးဖို့ပါရှိတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ အစီရင်ခံစာအပိုင်း (၃) ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး က ဆွေးနွေးခဲ့ပါတယ်။