သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-26
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ဆီးဖြူကုန်း ဘူတာမှာ ကျပ် တထောင်တန် ငွေစက္ကူအတု ၁ဝ သိန်ဖိုးကို ရထားစီး ခရီးသည် တဦးဆီကနေ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ် လို့ သတင်းရရှိပါတယ်။
2011-03-26
မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေ ဆုံရာ ရွှေတြိဂံဒေသမှာ ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူပေါင်း အခုအခါ နှစ်ရာနီးပါး ရှိသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
2011-03-26
နိုင်ငံတကာ အလုပ်သမားတွေ နည်းတူ မြန်မာနိုင်ငံက အလုပ်သမားတွေ အနိမ့်ဆုံး လုပ်ခလစာ ရရှိ အောင် လက်ရှိ စစ်အစိုးရ အနေနဲ့ ပြဋ္ဌာန်းပေး သင့်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်က မတ်လ ၂၅ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-03-26
ဂျပန်နိုင်ငံမှာ မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီ ရေလှိုင်း နောက်ဆက်တွဲ အနုမြူ ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှု အန္တရာယ်တွေဟာ ကြီးမားလှတာ မှန်ပေမယ့် ဂျပန်နိုင်ငံသားတွေရဲ့ တုန့်ပြန် ရင်ဆိုင်နိုင်တဲ့ စွမ်းပကားက ပိုမို ကြီးမားလှပါတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောကြားလိုက်ပါတယ်။
2011-03-26
လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးဂဒါဖီ သြဇာခံ စစ်တပ်တွေရဲ့ ရက်ရက်စက်စက် ချေမှုန်းမှုဒဏ်ကို ခံနေရတဲ့ လစ်ဗျားပြည်သူတွေကို ကယ်တင်ဖ့ို နိုင်ငံတကာတပ်ဖွဲ့တွေ စစ်ရေးအရ ဝင်ရောက်နိုင် ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကို ချမှတ်ခဲ့တာဟာ သင့်တော်တဲ့လုပ်ရပ် ဖြစ်တယ်လ့ို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
2011-03-25
ဒေါ်အောင်ဆန်းစုကြည် အကြံပြုခဲ့တဲ့ အတိုင်း ပညာရေး ကွန်ယက် အကောင်အထည်ဖေါ် ဆောင်ရွက်တဲ့အနေနဲ့ ပဲခူးတိုင်း အရှေ့ခြမ်း ရေတာရှည်မြို့နယ် ရေနီမြို့မှာ မြို့နယ် NLD အဖွဲ့က စီစဉ်ပေးတဲ့ စေတနာ့ ဝန်ထမ်း သင်ကြားတဲ့ အင်္ဂလိပ်စာ အခြေခံ သင်တန်းကို ဒီကနေ့စတင်ရာမှာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက ဟန့်တား နှောက်ယှက်ခဲ့ကြတယ်လို့သိရပါတယ်။
2011-03-25
စစ်အစိုးရ ထောက်လှမ်းရေး အရာရှိတွေက ထိမ်းသိမ်းထားစဉ်မှာ ထောက်လှမ်းရေး အရာရှိ အများအပြားက သူ့ကို ဖိအားပေး စစ်ဆေးခဲ့တာတွေ ရှိခဲ့ကြောင်း၊ ဒါပေမဲ့ သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတဲ့အကြောင်း၊ သူ့ရဲ့ ကင်မရာကို စစ်ဆေးရာမှာလည်း ကမ္ဘာလှည့်ခရီးသွားတွေရိုက်လေ့ရှိတဲ့ ဓါတ်ပုံတွေကိုသာ တွေ့ရပြီး ဒီဓါတ်ပုံကိုလည်း ထောက်လှမ်းရေးအရာရှိတွေက ကူးယူသွားတယ်လို့ Benedict Rogers က အာအက်အေကို ပြောပြပါတယ်။
2011-03-25
မကွေးတိုင်း အောင်လံမြို့နယ် ရွာမထုန်း ကျေးရွာအုပ်စုက လယ်သမား ၁၇ ဦးဟာ သူတို့ပိုင်တဲ့ လယ်ယာမြေ တွေကို ဒေသခံ စစ်တပ်က သိမ်းယူလိုက်တဲ့ အတွက် ရန်ကုန်မြို့က အိုင်အယ်လ်အို ရုံးခွဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အမှုဖွင့် တိုင်ကြားလိုက်ပါတယ်။
2011-03-25
ရခိုင် ပြည်နယ် မောင်းတော မြို့နယ်မှာ တာလီဘန် မူစလင် စစ်သွေးကြွလို့ ယူဆရသူတွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းနဲ့ အင်းစိန် ဗုံးပေါက်ကွဲမှုနဲ့ သံသယရှိသူဟာ ထွက်ပြေး လွတ်မြောက်နေတဲ့ ရခိုင်လူမျိုးဖြစ်တယ်ဆိုတဲ့ သတင်းတွေကြောင့် ရခိုင်ပြည်နယ်နဲ့ နယ်စပ်မှာ အစစ်အဆေးတွေ များနေပါတယ်၊
2011-03-25
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီး ထောင်ချခံနေရတဲ့ သံဃာတော် အမြောက်အများကို ထောင်ဝင်စာတွေ့ပြီး ကူညီမဲ့သူ ကင်းမဲ့နေတဲ့အတွက် အဲဒီသံဃာတွေကို ကူညီ ထောက်ပံ့ရာမှာ ပါဝင်ကြဖို့ သာသနာ့ ဥသျှောင်အဖွဲ့ဝင် သံဃာတော်တွေက ဦးစီးပြီး ပြည်တွင်း ပြည်ပက အလှုရှင်တွေကို တိုက်တွန်း နိုးဆော် လိုက်ပါတယ်။
2011-03-25
ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့ကို ဗဟိုပြုပြီး ကြာသပတေးနေ့ည ၈နာရီ ခွဲလောက်က ပြင်းအား ၆.၈ ရှိ မြေငလျင်လှုပ်ခဲ့တဲ့အတွက်ကြောင့် ဒီနေ့ မွန်းလွဲပိုင်းချိန် အထိ သေဆုံးသူ ၇၄ ဦး နဲ့ ဒဏ်ရာရသူ ၁၁၁ ဦး ရှိတယ်လို့ မြန်မာ သတင်းစာတွေက ဖေါ်ပြကြပါတယ်။ တာလေမြို့ခံ တချို့ကတော့ အနဲဆုံး သေဆုံးသူ ၈၀ လောက် ရှိမယ်လို့ ဆိုပါတယ်။
2011-03-25
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တွေရလို့ ဘာအကျိုးရှိမှာလဲ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2011-03-25
မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန် နေတာတွေကို ရပ်တန့်အောင် စစ်ခေါင်းဆောင်ပိုင်း အနေနဲ့ မူဝါဒချမှတ်ဆောင်ရွက်ဖို့ နဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီး Human Rights Watch က စာရေးသား တိုက်တွန်းလိုက် ပါတယ်။
2011-03-24
ကျောက်မျက်ရတနာပြပွဲမှာ ငွေသွင်း ပစ္စည်းထုတ်တဲ့ စည်းမျဉ်းများကို ကြိုတင် ကြေညာခြင်းမရှိပဲ ပြောင်းပစ်လိုက်တာကြောင့် ကျောက်ကုန်သည်တွေ အခက်အခဲ တွေ့နေရတယ်လို့ စုံစမ်း သိရပါတယ်။
2011-03-24
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း စာအုပ်ရေးသားခဲ့တဲ့ Christian Solidarity Worldwide (CSW) အဖွဲ့ဝင် Mr. Benedict Rogers ကို ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့ Summit Parkview Hotel မှာ အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြည်တွင်းကနေ နှင်ထုတ် လိုက်တယ်လို့ သတင်းရရှိပါတယ်။