သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-28
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ “ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀)နဲ့၊ ကပ်ရောဂါ ကုသရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြ ထားပါတယ်။
2020-05-28
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလ ကန့်သတ်မှုတချို့ ဖြေလျှော့လိုက် တာကြောင့် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရ သူတွေဟာ စခန်းပြင်ပထွက်ပြီး အလုပ်လုပ်နိုင်ကြပါပြီ။ ဒါပေမဲ့ အလုပ်အကိုင် အလွယ်တကူ မရနိုင်တာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စားသောက်ရေး အခက်အခဲ ရှိနေဆဲဖြစ်ပါတယ်။
2020-05-28
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကနေ ရုပ်သိမ်းဖို့အဆိုကို ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ ကိုယ်စား လှယ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ စုပေါင်းပြီး၊ ဒီနေ့ ပြည်သူ့လွှတ်တော်ကို တင်သွင်းလိုက်ပါတယ်။
2020-05-28
မြန်မာ့ဈေးကွက်ထဲကို တရုတ်နိုင်ငံက အာလူးတွေ ဝင်ရောက်နေတာကြောင့် ဈေးကွက်ကမောက်ကမဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းက အာလူးစိုက်တောင်သူတွေ အခက်အခဲ ဖြစ်နေပါတယ်။
2020-05-27
အခုနှစ်မှာ ကိုရိုနာ ရောဂါကူးစက်ပျံ့နှံ့မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်ကနေ ခန့်မှန်းထားပါတယ်။ စီးပွားရေး ပြန်လည်ထူထောင်နိုင်ဖို့ အစိုးရက CERP လို့ခေါ်တဲ့ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် အပါအဝင် အခြား အစီအစဉ်တွေကို စတင်လုပ်ဆောင်နေပေမယ့်၊ ပြည်သူတွေအကြားမှာ သိရှိမှု နည်းပါးနေတယ်လို့ NLD လွှတ်တော်အမတ် နဲ့ စီးပွားရေးသုံးသပ်သူ ဦးသန်းစိုး (ဘောဂဗေဒ) က ပြောလိုက်ပါတယ်။
2020-05-27
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာ ၁ သန်းခန့် ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ရှိခဲ့ပြီးနောက် အကြီးအကျယ် ပြန့်ပွားကူးစက်မှုတွေ ပေါ်ပေါက်လာမှာကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်ခေါင်းဆောင်တွေက စိုးရိမ်နေပါတယ်။
2020-05-27
တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်ပွားရာဒေသမှာ တည်ရှိတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အောက်မီးလက်ဝကျေးရွာမှာ နေအိမ်တစ်ရာနီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-05-27
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ တပ်မတော်ရေယာဉ်ပေါ် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတဲ့ ကျောက်ဆိပ်ကျေးရွာက ဒေသခံ ငါးဦးကို စစ်တွေခရိုင် တရားရုံးမှာ တပ်မတော်က အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်လိုက်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ မိသားစုက ပြောပါတယ်။
2020-05-27
တပ်မတော်သားတွေဟာ ကပ်ရောဂါကာလမှာတောင် နယ်စပ်ဒေသတွေမှာ တိုင်းပြည်တာဝန်ကို အသက်စွန့်ပြီး ထမ်းဆောင်နေရတာကြောင့်၊ ဖြည့်စွက်ခွင့်ပြုငွေကို မဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက တောင်းဆိုလိုက်ပါတယ်။
2020-05-27
ဇူလိုင်လထဲ အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်မယ်လို့ အစိုးရက ဆုံးဖြတ်လိုက်ပေမယ့် ကျောင်းသားမိဘတွေကတော့ ဗိုင်းရပ်စ်အန္တရာယ်ကို စိုးရိမ်နေဆဲဖြစ်ပြီး ကျောင်းမအပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောလာသူတချို့ ရှိနေပါတယ်။
2020-05-26
လူတသန်းနီးပါးနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇား ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့သူ ၂၉ ယောက် တွေ့တာကြောင့် မိသားစုဝင်တွေအပါအဝင် အနီးကပ်နေထိုင်ခဲ့သူတွေကို ရောဂါခြေချုပ်အဖြစ် သီးခြားခွဲထားမှာ ဖြစ်ပါတယ်။
2020-05-26
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် မလေးရှားနိုင်ငံမှာ အလုပ်လက်မဲ့ဘဝနဲ့ သောင်တင်နေတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေက သူတို့ပြန်နိုင်ရေးအတွက် မြန်မာအစိုးရအနေနဲ့ စီစဉ်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
2020-05-26
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်တချို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်လို့ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေချိုးဖောက်ခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရသလို၊ ဒီလိုချိုးဖောက်တာကို သက်ဆိုင်ရာကအရေးယူပေးဖို့ အထက်မြန်မာပြည်ဘက်က ကျောင်းသားလူငယ်နှစ်ယောက်က ရဲစန်းတွေမှာ သွားပြီး စာတင်တောင်းဆိုလိုက်ပါတယ်။
2020-05-26
နီပေါနိုင်ငံမှာ ရောက်နေတဲ့ ပညာတော်သင်သံဃာတော်တွေ အပါအဝင် မြန်မာနိုင်ငံသား အယောက် ၃၀ လောက် ပိတ်မိနေကြပါတယ်။ သူတို့တွေအိမ်ပြန်နိုင်ဖို့ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက နီပေါရှိ မြန်မာသံရုံးကို ဆက်သွယ်အကူအညီတောင်းခဲ့ကြပေမယ့် အခုထိ အိမ်မပြန်နိုင်ကြသေးပါဘူး။
2020-05-26
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စု မင်္ဂလာဒုံကျေးရွာမှာ ဝါးရောင်းဖို့ သွားသူတစ်ဦးဟာ တပ်မတော်စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။ သူ့ရဲ့အလောင်းကို မိသားစုတွေက သွားယူဖို့ လုံခြုံရေးအခြေအနေကြောင့် အခက်အခဲတွေ ရှိနေပါတယ်။