သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-17
အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် ပိတ်ထားရတဲ့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက စာသင်ကျောင်း ၁၂၆ ကျောင်းသာ ပြန်ဖွင့်နိုင်ပြီး ၂၉၈ ကျောင်း ကတော့ ပြန်ဖွင့်ပေးဖို့ ကျန်သေးတယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက မနေ့က သတင်းထုတ်ပြန်ပါတယ်။
2017-11-17
ရှစ်လေးလုံးသမိုင်းပြတိုက်ကို တစ်နှစ်အတွင်း အုတ်မြစ်ချနိုင်ရေးအတွက် ၈၈ မျိူးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းနဲ့ ရှစ်လေးလုံးသမိုင်းပြတိုက်(ယာယီ) တာဝန်ခံတွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဒီကနေ့ ရှစ်လေးလုံးပြတိုက်(ယာယီ) မှာ ဆွေးနွေးခဲ့ကြပါတယ်။
2017-11-16
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရအာဏာပိုင်တွေက ကိုင်တွယ်ဖြေရှင်း ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥရောပသမဂ္ဂ EU နဲ့ အမေရိ ကန်ပြည်ထောင်စုတို့က ပိတ်ဆို့အရေးယူ အပြစ်ဒဏ်ခတ်ဖို့ ဆွေးနွေးပြောဆိုနေကြပါတယ်။
2017-11-16
အစိုးရဘတ်ဂျက်ကာလ အပြောင်းအလဲ အစိုးရရဲ့ ဘတ်ဂျက်ကာလ ကို လာမယ့် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာရေးနှစ်ကစပြီး အောက်တိုဘာလ ၁ ရက်နေ့ ကနေ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ စတင်ပြောင်းလဲ ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။
2017-11-16
IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါပြီ။
2017-11-16
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်ဝေါ်ရလောက်အောင် အချက်အလက်ပြည့်စုံရဲ့လားဆိုတာ ဆက်လက် သုံးသပ်လေ့လာဖို့ လိုအပ်နေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တီလာဆန်က မနေ့က ပြောကြားလိုက်ပါတယ်။
2017-11-16
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူတွေအနေနဲ့ တကယ့် မြန်မာနိုင်ငံသား အစစ်အမှန်တွေက ပြန်လည်လက်ခံဖို့ အသင့်ဖြစ်တဲ့အချိန်ကျမှ ပြန်လာနိုင်မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို လိုက်ပါတယ်။
2017-11-16
နေပြည်တော်ကောင်စီနယ်မြေက လွှတ်တော်အဆောက်အအုံကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်နဲ့ မြန်မာနိုင်ငံသား စကားပြန်နဲ့ ယာဉ်မောင်းတို့ကို နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် တရားရုံးမျာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။
2017-11-16
၂၀၁၆- ၁၇ ဘဏ္ဍာနှစ်က အစိုးရရဲ့ ဘက်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ကနေ ကျပ် သန်း ၁၉၀၀ နီးပါး ချေးယူခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။
2017-11-16
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စုက မယ့်လင်ချောင်မှော်မှာ အစိုးရနဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ ရတနာတောင်တန်းကုမ္ပဏီက တွေ့ရှိထားတဲ့ တန်ချိန် ၃၀၀ ကျော်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကို ကျပ်သန်းပေါင်း ၁ သောင်းကျော် ဈေးသတ်မှတ်ထားပါတယ်။
2017-11-16
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာက အလယ်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာမကို အဓ္ဓမပြုကျင့်ခဲ့တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်သား ၂ ဦးကို တာဝန်ကနေ ရပ်စဲပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီလို့ TNLA က ပြောပါတယ်။
2017-11-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ်- ၁၅၃-၁၅၄ အကြား အပေါက်ဝကျေးရွာ ဒေးဝန်းတံတားအနီးမှာ ဒီနေ့မနက် လက်လုပ်မိုင်း ၄ လုံး တွေ့ရှိခဲ့ပါတယ်။
2017-11-16
ကချင်ပြည်နယ် ဖားကန့်မှာ မနှစ်က ရတနာတောင်တန်းကုမ္ပဏီက တူးဖော်တွေ့ရှိခဲ့တဲ့ တန်ချိန် ၃၀၀ ကျော်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ကျပ်ငွေ ၁၀ ဘီလီယံကျော် တန်ဖိုး သတ်မှတ်ပြီး ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာ တင်ပြရောင်းချသွားမယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
2017-11-16
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ NCA လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ အချက်တွေကို ဒီနေ့ ရန်ကုန်မြို့ NRPC မှာ ဆွေးနွေးဖို့ရှိပေမယ့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပါတယ်။
2017-11-16
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်ပူပန်ပေမယ့် မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ သိမ်းကျုံးအရေးယူဖို့ အစီအစဉ်မရှိဘူးလို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောလိုက်ပါတယ်။