သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-14
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ မြစ်ချောင်း များနေ့ အခမ်းအနားကို မွန်ပြည်နယ် မော် လမြိုင်မြို့ ဘီလူးကျွန်းအနီး သံ လွင်မြစ်သောင်ပြင်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2014-03-14
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည် အမည်နဲ့ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရဲ့ ဒုတိယမြောက် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပွဲ အခမ်းအနားကို ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2014-03-14
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင် ဖျက်သိမ်းဖို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံ ၅၀၀ နီးပါး မြစ်ဆုံစီမံကိန်း တည်ဆောက်မယ့်နေရာမှာ ဒီနေ့မနက်က စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။
2014-03-14
ရခိုင်ပြည်နယ်အတွင်း တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်မရှိဘဲ ဝင်ရောက်ကူညီနေတဲ့ NGO/ INGO တွေကို ရခိုင်ပြည်နယ်အစိုးရက တားဆီးပေးဖို့ တိုက်တွန်းတဲ့အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က ဒီနေ့ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-03-14
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်၊ မဲပေးတဲ့ပုံစံစတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းတွေမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အင်အားကို ရယူနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ ရန်ကုန်မြို့ မီကာဆားဟိုတယ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-03-14
"အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး" ဥပဒေထဲက အချက်တချို့ကို ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ မနေ့က သဘောတူလိုက်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2014-03-14
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုအတွင်း မဆလ စစ်အစိုးရရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ရည်စူးပြီး ရန်ကုန်မြို့မှာ ဒီနေ့ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-03-14
ကုလသမဂ္ဂက မြန်မာစစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင် ဖို့ ဖိတ်ခေါ်ခဲ့တဲ့အပေါ် နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
2014-03-13
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် ဖွဲ့စည်းပြီးတဲ့ နှစ်နှစ်ခွဲ ကာလအတွင်း ကော်မရှင်ထံကိုပေးပို့တဲ့ တိုင်စာတွေထဲ မှာ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်တဲ့ တိုင်တန်းစာတွေ အများဆုံးပါဝင်တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။
2014-03-13
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ် အရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ရည်စူးပြီး ဒီနေ့မနက်က ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်း အရှေ့ရပ်ကွက်က ဗျူးကုန်းစာသင်တိုက်မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။
2014-03-13
ရခိုင်ပြည်နယ်မှာ တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်မရှိဘဲ ကူညီနေတဲ့ NGOs/INGOs တွေကို ရခိုင်ပြည်နယ်အစိုးရက တားဆီးပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2014-03-13
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ အားထားရတဲ့ လူထုကိုယ်စား လှယ်တွေ ရွေးကောက်နိုင်ရေးအတွက် ပြည်သူတွေကို အသိပညာပေးရေးလုပ်ငန်းတွေမှာ အရပ်ဘက်အခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။
2014-03-13
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိသလို မကြာခင် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာလည်း ရိုဟင်ဂျာအမည်နဲ့ လူမျိုးစုစာရင်း ထည့်သွင်း သတ်မှတ်မှာ မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အဆင့်မြင့်အရာရှိ ကြီးတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။
2014-03-13
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ပျက်စီးယိုယွင်းနေတဲ့ ရှေးဟောင်းနန်းတော်ကို မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး ပြည်နယ်လွှတ်တော်မှာ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပါတ်သက်ပြီး RFA အဖွဲ့သား မသင်းသီရိက တင်ဆက်ထားပါတယ်။
2014-03-13
ထိုင်းနိုင်ငံ ရွှေ့ပြောင်းစာသင်ကျောင်းတွေက မြန်မာနိုင်ငံသား အထက်တန်းကျောင်းသူ ကျောင်းသားတွေဟာ မြန်မာနိုင်ငံ မြဝတီမြို့ဘက်ခြမ်းမှာကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သွားရောက်ဖြေကြားနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြပေးထားပါတယ်။