သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-06-17
မအူပင်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦးဟာ ဇွန်လ ၁၂ ရက်နေ့ကတည်းက ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရပါတယ်။
2023-06-17
ဆားလင်းကြီးမြို့နယ်က တဲတွေအပါအဝင် နေအိမ်တွေကိုစစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-06-17
ဆားတောင်မြို့နယ်ထဲက ရွာခုနစ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေပါ မီးရှို့နေတာကြောင့် ရွာခံတစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2023-06-17
ကျိုက်ထိုမြို့နယ်၊ ရွာလေးကွက်သစ်ရပ်ကွက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-06-16
ရှမ်းပြည်နယ် မိုးဗြဲမြို့တစ်ဝိုက်မှာ ဇွန်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အတွင်း ဒေသခံရွာသား ၂၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ သတ်ဖြတ်ခဲ့တဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ NUG က ဇွန်လ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2023-06-16
အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို ဖိအားပေးပြီး တစ်ပြိုင်နက်မှာပဲ မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေကို အကူအညီပေးဖို့ ချင်းတိုင်းရင်းသားအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး ဇိုသုန်းမှုန်က တိုက်တွန်းထားပါတယ်။
2023-06-16
မြိတ်မြို့နယ်က NLD ပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်ရဲ့အစ်ကိုဖြစ်သူ ဦးတင်သန်းဦးဟာ ဖမ်းဆီးခံရပြီးနောက်ဆယ်ရက်အကြာမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2023-06-16
မြန်မာစစ်ကောင်စီနဲ့ သံတမန်ရေးအရ အပြည့်အဝ ပြန်လည်ဆက်ဆံဖို့ကိုလည်း ထိုင်းအစိုးရက ပေးပို့တဲ့စာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ထည့်သွင်းတိုက်တွန်းထားပါတယ်။
2023-06-16
ကရင်ပြည်နယ်က အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့တွေကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်အောင်နဲ့ စစ်ဆေးအရေးယူအပြစ်ပေးဖို့ နိုင်ငံတကာကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တောင်းဆိုလိုက်ပါတယ်။
2023-06-16
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ ဦးဆောင်တောင်းဆိုတဲ့ အလုပ်သမားခေါင်းဆောင်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
2023-06-16
လက်ရှိဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ပြီးခဲ့တဲ့ လပိုင်း၊ ရက်ပိုင်းတွေအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ သွားရောက်တွေ့ဆုံပြီး အကူအညီတောင်းခံခဲ့တဲ့ကိစ္စကို အဓိကထား ဆွေးနွေးတင်ပြထားပါတယ်။
2023-06-16
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ ထန်းတပင်မြို့နယ်မှာရှိတဲ့ ထိုလွီဝါးအထက်တန်းကျောင်းဝင်းထဲ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ အလယ်တန်း ကျောင်းသူသုံးဦး ဒဏ်ရာအပြင်းအထန် ရရှိသွားပါတယ်။
2023-06-16
သပိတ်ကျင်းမြို့နယ် ကိုးတောင်ရွာအနီးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား သုံးဦးအလောင်းကို ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။
2023-06-16
လက်နက်ကိုင်ခုခံမှုတွေ နေရာတိုင်းနီးပါး ပေါ်ပေါက်ခဲ့တဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ကလည်း ဆက်ပြီးအင်အားသုံး နှိမ်နင်းနေပါတယ်။
2023-06-16
ကလေးမြို့၊ သာစည်ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။