သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-13
ချင်းပြည်နယ်ထဲမှာ AA အဖွဲ့ တပ်စွဲနေတာကြာပြီဖြစ်လို့ ရေရှည်မှာမဖြစ်နိုင်တဲ့အတွက် ချင်းပြည်နယ်ထဲကနေ ထွက်ခွာပေးဖို့ ချင်း တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။
2019-07-13
၂ဝ၁၉ ဇူလိုင် ၁၃ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-07-13
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အားပေးမှုတွေ နည်းပါးနေပြီး မြန်မာနဲ့အမေရိကန် ဆက်ဆံရေးအခြေအနေဟာလည်း အားလျော့လာနေတယ်လို့ ဝါရှင်တန် အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ Hunter Marston က ပြောလိုက်ပါတယ်။
2019-07-13
တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရလိမ့်မယ်လို့ နည်းပညာသမား ဦးရဲမြတ်သူက ပြောလိုက်ပါတယ်။
2019-07-12
မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းအရှေ့ဘက်က ကျူးကျော်နေအိမ်တွေကို ဇူလိုင် ၁၁ ရက်နေ့က စည်ပင်နဲ့ရဲတပ်ဖွဲ့က အင်အားသုံးရှင်းလင်းခဲ့ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့သလို ဒေသခံ ၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
2019-07-12
ရခိုင်ပြည်နယ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးခံရသူတွေ သေဆုံးမှု များပြားလာပြီး ဖြစ်ပြီးခဲ့တဲ့ သေဆုံးမှုတွေထဲမှာ မသင်္ကာလို့ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေချိန် (သို့) ပြန်လွှတ်ပေးပြီးချိန်မှာ သေဆုံးတာတွေ၊ ခြေလက်နဲ့ ကိုယ်တွေပေါ်မှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို မြင်တွေ့ရတယ်လို့ မိသားစုတွေ ဒေသခံတွေက ပြောခဲ့ကြပါတယ်။
2019-07-12
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ မြန်မာနဲ့အမေရိကန် ဆက်ဆံရေးအခြေအနေ အားလျော့လာနေတယ်လို့ ဝါရှင်တန် အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ Hunter Marston က ပြောလိုက်ပါတယ်။
2019-07-12
ရခိုင့်တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို အစိုးရက တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားသလို၊ ပြည်တွင်းပြည်ပမှာရှိတဲ့ သူတို့နဲ့ပတ်သက်တဲ့ ဆွေမျိုးသားချင်းတွေကို ဖမ်းဆီးအရေးယူတာတွေ တွေ့လာရပါတယ်။
2019-07-12
မြန်မာနိုင်ငံမှာ အခုလကစပြီး အစိုးရက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံတော့မှာပါ။ မီတာခတွေ ဈေးတက်လိုက်ပေမယ့် လျှပ်စစ်မီး သုံးစွဲသူတွေအတွက် သေချာတဲ့ အာမခံချက်တွေ ပေးတာ မရှိလို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
2019-07-12
AA ရခိုင့်တပ်တော်ကို ပံ့ပိုးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) က ခြောက်ယောက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းလိုက်ပါတယ်။
2019-07-12
တရုတ်နိုင်ငံသားတွေအများဆုံး ဝယ်ယူနေတဲ့ မြန်မာ့ကျောက်မျက်ဈေးကွက်မှာ အင်တာနက် အွန်လိုင်းကတဆင့် တိုက်ရိုက် အရောင်းအဝယ် လုပ်တာတွေ များလာတာကြောင့် မြန်မာနိုင်ငံဘက်က ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ မရဘဲဖြစ်နေပါတယ်။
2019-07-12
Victoria ရန်ပုံငွေအပ်နှံထားတဲ့ ဧရာဝတီဘဏ်အကောင့်ကို ဆိုင်းငံ့ဖို့ ဗဟိုဘဏ်က ညွှန်ကြားတာ မရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက RFA ကို ပြောပါတယ်။
2019-07-12
ရခိုင်ပြည်နယ်မှာ မွတ်စလင်ဒုက္ခသည်တွေရဲ့ အခြေအနေ တိုးတက်မလာသေးဘဲ ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာ သွားလာခွင့်တွေ ကန့်သတ်ခံနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ကို ဒီနေ့ တင်ပြလိုက်တယ်လို့ မွတ်စလင်ဒုက္ခသည်တွေက ပြောပါတယ်။
2019-07-12
Victoria အတွက် မိသားစုကိုယ်စား အမှုမှန်ပေါ်အောင် ကူညီပေးနေတဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းက အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၄ (ဃ) နဲ့အမှုဖွင့်ခံထားရပါတယ်။
2019-07-12
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို အားပေးဝန်းရံထောက်ခံသွားမယ်လို့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ ကျင်းပတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နယ်ကွန်ယက် တွေ့ဆုံပွဲက ထုတ်ပြန်လိုက်ပါတယ်။