သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-15
ပြီးခဲ့တဲ့ မေလအတွင်းက မန်စီမြို့နယ် မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေး စခန်းက ဒုက္ခသည်သုံးဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ တပ်မတော်သားတချို့ကို မန်စီမြို့ အခြေစိုက် အမှတ် ၃၁၉ ခြေမြန်တပ်ရင်းမှာ ဒီကနေ့ စစ်ဆေးနေပါတယ်။
2017-09-15
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နဲ့ စုံစမ်စစ်ဆေးရေး ကော်မရှင်တို့က တင်ပြထားတဲ့ အကြံပြု ချက်တွေထဲက တစ်ကယ်အကျိုးရှိမယ့်အချက်တွေကိုပဲ အကောင်အထည်ဖော်ဆောင် ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီ ဥက္ကဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
2017-09-15
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျပ်သိန်းပေါင်း ၄၀၀၀ နီးပါး တန်ဖိုးရှိတဲ့ ဘိန်းဖြူ နဲ့ စိတ်ကြွဆေးပြားတွေကို သြစတြီးယားနိုင်ငံထုတ် လက်နက်နဲ့အတူ ရဲတပ်ဖွဲ့က ဆက်စပ်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
2017-09-15
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်နေတဲ့ ဒေါ့ဆူရီ တိုင်ဖွန်းမုန်တိုင်းကနေ လွင့်လာတဲ့ တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၁ ခုမှာ မိုးထစ်ချုန်း ရွာပြီး နေရာအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-09-15
ရပ်ကွက်နေပြည်သူတွေကို ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်တဲ့စာရွက်တွေ ဖြန့်ဝေခဲ့တဲ့အတွက် အင်းစိန်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေး မှူးတစ်ယောက် အပါအဝင် ၆ ယောက်ကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
2017-09-15
အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ တာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်းတွေကို အဲဒီ ဒေသတွေက လုံခြုံစိတ်ချတဲ့နေရာတွေမှာသာ တာဝန်ချထားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။
2017-09-15
မကွေးတိုင်းက ပခုက္ကူတက္ကသိုလ် တည်ဆောက်ဖို့ သိမ်းယူထားပြီး ပိုလျှံနေတဲ့မြေတွေ ပြန်ပေးဖို့ မူလ တောင်သူတွေ လိုလားနေကြတယ်လို့ သိရပါတယ်။
2017-09-15
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့က "သီတဂူ" စက္ခုဒါန ဆေးရုံကြီးမှာ ရပ်ဝေးရပ်နီးက မျက်စိဝေဒနာရှင်တွေ လာရောက်ကုသတာ တစ်နှစ်ထက်တစ်နှစ် ပိုများလာသလို၊ ဆေးဝါးနဲ့ စက်ပစ္စည်း အလှူရှင်တွေလည်း ပိုပြီးလိုအပ်လာနေပါတယ်။
2017-09-15
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံ ၄၂ဝဝ ကျော်ကို နေရပ်ကို ပြန်ပြီး ပို့ဆောင်ပေးခဲ့တယ်လို့ အစိုးရက မနေ့က ထုတ်ပြန်ပါတယ်။
2017-09-15
ရှမ်းပြည်မြောက်ပိုင်းအတွင်းမှာ တပိုင်တနိုင် ပျားမွေးမြူရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူတွေ အရင်နှစ်တွေကထက် ပိုများလာနေပါတယ်။ ပျားမွေးမြူရေး လုပ်ကိုင်သူများလာတာနဲ့အမျှ ပျားစားကျက်မြေ ရှားပါးတဲ့ အခက်အခဲနဲ့လည်း ရင်ဆိုင်နေရပါတယ်။
2017-09-15
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဘာကြောင့် မတက်ရောက်နိုင်သလဲဆိုတာကို အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့ညနေက သမ္မတအိမ်တော်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
2017-09-15
ရခိုင်ပြည်နယ် မောင်တောဒေသကနေ နေရပ် စွန့်ခွာခဲ့ကြသူတွေအနေနဲ့ လုံခြုံရေးစိတ်ချရပြီမို့ ပြန်လည်နေထိုင်နိုင်ပြီလို့ ဒီရက်ပိုင်းအတွင်း မောင်တောမြို့ကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့်က ပြောပါတယ်။
2017-09-14
အခု စက်တင်ဘာလကုန်မှာ ကူညီထောက်ပံ့မှုတွေ ရပ်စဲခံရတော့မယ့် အီတူးထာ့ပြည်တွင်း စစ်ရှောင်ကရင်ဒုက္ခသည်စခန်းကို ဆက်လက်အကူအညီပေးဖို့အတွက် အီတူးထာ့ ပံ့ပိုးရေးကော် မတီက နိုင်ငံတကာအလှူရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့လိုက်ပါတယ်။
2017-09-14
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအရေးမှာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေနဲ့ ပတ်သက်ပြီး အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ကြောင်း ကာဒီနယ် ချားစ်မောင်ဘို က ပြောလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်တင်ဝေဖန်နေကြတာတွေကိုလည်း ရှုတ်ချလိုက် ပါတယ်။
2017-09-14
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် စီမံကိန်းကနေ ရေမြောင်းတူးတာကို ဒေသခံတွေက ကန့်ကွက်တဲ့အတွက် အဲဒီလုပ်ငန်းကို ရပ်ဆိုင်းထားဖို့ မနေ့က ပြုလုပ်တဲ့ လက်ပံတောင်းတောင် စီမံကိန်း ပူးပေါင်းအကောင်ထည်ဖော်ဆောင်ရေး ကော်မတီအဖွဲ့ရဲ့ လစဉ်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။