သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-09
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ရာထူးက ဖယ်ရှားဖို့ ပြည်နယ်လွှတ်တော်ကို တိုင်ကြားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူ့ကို ငွေကြေးအလွဲသုံးစားမှုအတွက် အရေးယူဖို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ထပ်မံတိုင်ကြားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
2020-09-09
ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ တပ်သားနှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေဟာ မဟုတ်မှန်ဘူးလို့ တပ်မတော်က ငြင်းလိုက်ပါတယ်။ ဒီတပ်သားနှစ်ယောက်ဟာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာရာဇဝတ်ဆိုင်ရာ တရားရုံးမှာ သက်သေထွက်ဆိုနိုင်တယ်လို့ Forty Rights လူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။
2020-09-09
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက ရွာခံအမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း ကာယကံရှင်စစ်သည်တွေက ဝန်ခံထွက်ဆိုထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို အတည်ပြု ပြောဆိုလိုက်ပါတယ်။
2020-09-09
ရန်ကုန်တိုင်းတွင်း မြို့နယ် ၂၁ မြို့နယ်က ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင် မထွက်ဖို့ Stay at home အမိန့်ကို အစိုးရက ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက် ပါတယ်။ ရန်ကုန်တိုင်းတတိုင်းလုံးမှာ ပိုးတွေ့လူနာ ၇၂၅ ယောက်ထိ ရောက်လာတဲ့ အချိန်မှာ အခုလိုအမိန့်ထုတ်လိုက်တာပါ။
2020-09-09
ရန်ကုန်တိုင်းတတိုင်းလုံးမှာ ပိုးတွေ့လူနာ ၇၂၅ ယောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ (၉) ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
2020-09-09
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆက်စပ်တဲ့သူအားလုံးကိုလည်း စစ်ဆေးခဲ့ရာမှာ ပိုးမတွေ့ဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2020-09-09
ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှာ ၂ဝ၁၇ ခုနှစ်က တပ်မတော် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်အတွင်း ရိုဟင်ဂျာမွတ်စလင် အရပ်သား အမြောက်အမြားကို အထက်အမိန့်အရ သတ်ခဲ့တယ်လို့ ပြောဆိုထားတဲ့ တပ်မတော်သား နှစ်ဦးကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) မှာ ထိန်းသိမ်းထားတဲ့ အခြေအနေကို သုံးသပ်ဖို့ စောသေးတယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2020-09-09
ရခိုင်ပြည်နယ်ကနေ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက် နောက်ပိုင်း ရောက်လာသူတွေ စက်တင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး နီးစပ်ရာ ကျန်းမာရေးဌာနတွေကို မဆက်သွယ်ရင် ဘဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ စက်တင်ဘာ ၈ ရက်နေ့မှာ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
2020-09-09
ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ဦးစိုးထက် လိုက်ပါလာတဲ့ စက်လှေကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာယကံရှင်က ပြောပါတယ်။
2020-09-09
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်က မဲဆန္ဒနယ်မြေတွေမှာ အမျိုးသမီး လွှတ်တော်အမတ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှုဟာ ၂၀၁၅ကထက် လျော့နည်းသွားပါတယ်။
2020-09-09
ရွေးကောက်ပွဲ မတိုင်ခင် ရက်ပေါင်း ၆၀ မဲဆွယ်ခွင့်ပြုလိုက်ပေမယ့် ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေးအခြေအနေနဲ့ ရုတ်တရက် တိုးမြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်ဖို့ အဆင်မပြေတဲ့ မြို့နယ်တွေ ရှိနေပါတယ်။
2020-09-09
ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံသူတချို့ နေထိုင်ဖို့ ပြင်ဆင်ထားတဲ့ ဘာဆန်ချာကျွန်းကို လေ့လာဖို့ ဘာသာရေးခေါင်းဆောင်နဲ့ အကြီးအကဲ ၄၀ ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စီစဉ်ပေးခဲ့ပါတယ်။
2020-09-09
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားသုံးဦး ဖမ်းဆီးခံရလိုက်ရပါတယ်။
2020-09-08
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရဖို့ ရည်မှန်း ထားကြောင်းနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လက်ရှိအခြေအနေထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး က ပြောပါတယ်။
2020-09-08
စက်တင်ဘာလ ၉ ရက်နေ့ မနက် အစိုးရရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ မြန်မာနိုင်ငံအတွင်း သေဆုံးသူဟာ ၁၂ ဦးအထိ ရှိလာပြီး သေဆုံးသူ လူနာအသစ် နှစ်ဦး ထပ်မံတိုးလာပါတယ်။