သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-14
လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအဆင့်ဟာ ပြီးပြည့်စုံမှုမရှိသေးသ လို၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားဆီးပိတ်ပင်ထားတာဟာ အဓိပ္ပါယ် သိပ်မရှိဘူးလို့ အမေရိကန်သမ္မတ အိုဘားမား က ပြောကြားလိုက်ပါတယ်။
2014-11-13
အမျိုးသားပညာရေးဥပဒေကို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ သပိတ်မှောက် ဖို့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးတွင် မနေ့က ဆုံးဖြတ်လိုက် ပါတယ်။
2014-11-13
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေ ကို နေပြည်တော်မှာ မနေ့ညနေခင်းက ကျင်းပခဲ့ပါတယ်။
2014-11-13
အမေရိကန်ပြည်ထောင်စုရဲ့ Peace Corps ခေါ် ငြိမ်းချမ်းရေး ကူညီဆောင်ရွက် မှု အစီအစဉ်သစ်တစ်ရပ်ကို မြန်မာနိုင်ငံမှာ ရှေ့နှစ် ၂၀၁၅ ခုနှစ်အတွင်း စတင်မယ်လို့ သမ္မတ အိုဘားမားကနေ ပြည်တော်မှာ မနေ့က ကြေညာခဲ့ကြောင်း AP သတင်း က ဖေါ်ပြပါတယ်။
2014-11-13
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ဒီနေ့ နေ့ လည် က နေပြည်တော် MICC ခန်းမ ထဲက သီးသန့်အခန်း တစ်ခုမှာ ပြည်တွင်းသတင်းမီဒီယာတစ်ချို့နဲ့ သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံ ရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေအပြင် အားနည်းချက်တွေကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် သတင်းထောက်တွေရဲ့ မေးခွန်းတစ်ချို့ကို လည်း ဖြေကြားခဲ့ပါတယ်။
2014-11-13
ရခိုင်ပြည်နယ်မှာ သောက်သုံးဖို့မသင့်တဲ့ တရားမဝင်အရက်တွေကို တားဆီးပိတ်ပင်ပေးဖို့အဆိုကို မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2014-11-13
မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက စာရေးဆရာတွေ ပူးပေါင်းပါဝင်တဲ့ ၁၁ ကြိမ်မြောက် နိုင်ငံတကာစာရေးဆရာများ အလုပ်ရုံဆွေးနွေး ပွဲကို အောက်တိုဘာ ၂၀ ရက်နေ့ကနေ နိုဝင်ဘာ ၂၀ ရက်နေ့ အထိ ဟောင်ကောင် ဘတ်ပတစ်စ် တက္ကသိုလ်မှာ ကျင်းပနေပါတယ်။
2014-11-13
လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့အထိ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင် စီရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်တွေက ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
2014-11-13
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီ ရဲ့ ဒီနေ့ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ မူဘောင် အကြမ်းကို အပြီးသတ် ရေးဆွဲသဘောတူခဲ့တယ်လို့ သိရပါတယ်။
2014-11-13
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော် ဝင်ရောက်ဆွေးနွေးဖို့ စာရင်းပေးထားတဲ့အထဲက ကိုယ်စားလှယ် ၁၁ ဦး က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ စတင်ဆွေးနွေး ခဲ့ကြပါတယ်။
2014-11-13
အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ နေပြည်တော်က နန်းဝတီဟိုတယ် မှာ ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး နဲ့ ဒီနေ့ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။
2014-11-13
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းမီဒီ ယာတွေက သုံးစွဲနေတဲ့ ရိုဟင်ဂျာ ဆိုတဲ့အခေါ်အဝေါ် ကို မြန်မာအစိုးရအနေနဲ့ လက်မခံကြောင်းနဲ့ ဒီအခေါ်အဝေါ် နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကိုလည်း လက်မခံကြောင်း အကြိမ်ကြိမ်ပြောထားသလို ဒီအသုံးအနှုန်းနဲ့ ပတ်သက် လို့ ငြင်းခုန်မှုတွေ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးသန့်ကျော်က ဒီနေ့ ပြော ပါတယ်။
2014-11-13
ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီ ဆိုပြီး ခေါ်ဝေါ်ပြောဆိုတာထက် မိမိတို့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့ အစည်းနှစ်ခုစလုံး သဟဇာတရှိရှိ အတူနေသွားနိုင်ဖို့ကို အဓိကထား ဦးတည်ပြောတာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ပြောပါတယ်။
2014-11-13
ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေ ကို နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာ လူမျိုးလို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်ယုံကြည်မှု တည်ဆောက်ရေးအပေါ် ထိခိုက်စေကြောင်းနဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းတာကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ဒီနေ့ စာရေးသားပေးပို့လိုက်ပါတယ်။
2014-11-13
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ အိမ်ရှင်အလှည့်ကျ ဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်က ဒေသတွင်းပြဿနာတွေကို ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။