သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-14
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် သပြုချောင်းနဲ့ ကျောက်ဆည်တောင်ကျေးရွာက ဒေသခံ ၃၀၀ လောက်ဟာ သင်ပုန်းကျေးရွာကို မနေ့ညနေက ထွက်ပြေးရောက်ရှိလာကြပါတယ်။
2018-12-14
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာတွေ ရပ်တန့်ပြီး ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့ ABSDF က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2018-12-14
သရပါဟိုတယ်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအရေး ညှိနှိုင်းဆွေးနွေးဖို့ မန္တလေးတိုင်း အစိုးရက ဖိတ်ခေါ်တာကြောင့် အလုပ်သမားတွေက ဒီနေ့သွားရောက်ဆွေးနွေးရာမှာ တရားစွဲခံရသူတွေမပါဝင်ရဘူးလို့ သတ်မှတ်တာကို အလုပ်သမားတွေက လက်မခံတဲ့အတွက် ဆွေးနွေးပွဲပျက်သွားခဲ့ပါတယ်။
2018-12-14
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက ဆဒုံးရေတံခွန် ဒေသခံအခေါ် လန်န ရေတံခွန်ကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ ဆဒုံးတံတား ဒီနေ့မနက်က ကျိုးသွားတဲ့အတွက် မြစ်ကြီးနား-ဝိုင်းမော်- ကန်ပိုက်တီလမ်းပိုင်း ခေတ္တပြတ်တောက်နေပါတယ်။
2018-12-14
စီးပွားရေးလုပ်ဆောင်ရာမှာ ကိုယ်အတွက်တင်မဟုတ်ပဲ နိုင်ငံအတွက်အကျိုးရှိနိုင်တဲ့ လုပ်ငန်းမျိုးတွေကို အဓိကထား စဉ်းစားလုပ်ကိုင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2018-12-14
ဂရိတ်ဝေါကုမ္ပဏီက ဝယ်ယူစိုက်ပျိုးတဲ့ ဆန်စပါးမျိုးစေ့တွေဟာ အာမခံချက်အတိုင်း တင်းပြည့်စပါးမထွက်တာကြောင့် နစ်နာကြေးပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းက ဒေသခံတောင်သူ ၅၀ ကျော် ဒီနေ့ မုံရွာမြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-12-13
ကချင်ပြည်နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို တရားစွဲဆိုထောင်ချနေတာတွေ ရပ်ဆိုင်းပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2018-12-13
မြန်မာနိုင်ငံက ထောင်ကျနေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအပါအဝင် သတင်းလုပ်ငန်း လုပ်ကိုင်လို့ အဖမ်းခံရတဲ့ သတင်းထောက်ဦးရေဟာ အခုလပိုင်းတွေမှာ စံချိန်တင်ရလုနီးနီး များပြားလာနေတယ်လို့ သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီ CPJ က အစီရင်ခံစာတစ်စောင် ဒီနေ့ ထုတ်ပြန်ပါတယ်။
2018-12-13
မြန်မာအပါအဝင် အာရှ ၈ နိုင်ငံက အလုပ်သမားတွေ ဂျပန်နိုင်ငံကိုလာရောက်ဖို့ ဗီဇာစနစ် အသစ်ကို လာမယ့်ဧပြီလမှာ စတင်ဆောင်ရွက်ပေးနိုင်အောင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ သဘောတူလက်မှတ်ထိုးဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။
2018-12-13
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက မွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေဟာ Genocide ခေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အမေရိကန်အောက်လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
2018-12-13
RFA ကို ပေးတဲ့စာ ရေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒီပတ်မှာတော့ မကွေးတိုင်း၊ နေပြည်တော် ၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ ဒေသက RFA ပရိတ်သတ်တွေရဲ့ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2018-12-13
အကျဉ်းထောင်အတွင်း လူဦးရေလျှော့ချနိုင်ရေးအတွက် အရေးတကြီးလုပ်ဖို့လိုအပ်တဲ့ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းရေးနည်းလမ်းများ ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာမိတ်ဆက်ပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကဦးဆောင်ပြီး ရန်ကုန်မြို့ ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2018-12-13
ဒီနှစ်ထဲ အိမ်နီးချင်း တရုတ်နိုင်ငံဘက်ကို လူကုန်ကူးခံရတဲ့ အမှုတွေ အရင်ကထက် ပိုများလာတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးဌာနက ပြောဆိုလိုက်ပါတယ်။ အများစုက တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ အမှုတွေ ဖြစ်ပြီး အငှားကိုယ်ဝန်ဆောင်တဲ့ လူကုန်ကူးမှုတွေလည်း တွေ့လာရတယ်လို့ ဆိုပါတယ်။
2018-12-13
ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS အဖွဲ့ကပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ နမ်းဟူးရွာသား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့တာကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အစိုးရက အရေးယူပေးဖို့ ပအိုဝ်းအဖွဲ့အစည်း ၂၃ ဖွဲ့စုပေါင်းပြီး ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2018-12-13
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြပွဲကို တလှည့်စီကျင်းပရာမှာ ဒီနှစ်တော့ မြန်မာနိုင်ငံ မူဆယ်မြို့ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး အတွင်းမှာ နှစ်နိုင်ငံက တာဝန်ရှိသူတွေ တက်ရောက်ပြီး ဖွင့်ပွဲကျင်းပခဲ့ပါတယ်။