သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-01-17
ကျောက်ဆည်မြို့အရှေ့ဘက် ၁၇ မိုင်လောက် အကွာက ဖျောက်ဆိတ်ပင် ရေဒါစက်ရုံ ဆောက်လုပ်ရေးစီမံကိန်း ဆိုင်ရာ ဓာတ်ပုံတွေ ပါတဲ့ အင်တာနက် သတင်းတွေ မနေ့က ထွက်ပေါ်လာခဲ့ပါတယ်။
2011-01-16
အခုတပတ် ဦးသစ်ဆင်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ မြန်မာ့နိုင်ငံရေး မြင်ကွင်းနဲ့ နိုင်ငံရေး ကာတွန်းတွေ အကြောင်း ဆွေးနွေးထားကြပါတယ်။
2011-01-16
ဦးဣဒ္ဓိပါလ အမည်ရှိ သံဃာတပါး ဦးစီး ဖွင့်လှစ်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းဟာ စစ်အစိုးရက ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ သံဃာတော်တွေက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြီး သင်တန်းကို ရုတ်သိမ်းပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။
2011-01-16
နေပြည်တော် ပုဗ္ဗာသီရိမြို့နယ် ဆိပ်နံတုန်းကျေးရွာက လယ်မြေတွေ သိမ်းယူခံရတဲ့ကိစ္စကို လယ်သမားတွေ ဘက်က ရပ်တည်ပြီး ခုခံပြောဆိုခဲ့တဲ့ ရယက ဥက္ကဋ္ဌ ဦးကျော်ကြီးနဲ့ ရွာသားတချို့ကို နယ်မြေခံ စစ်တပ်က လာရောက် ထုထောင်း ရိုက်နှက်ပြီး ဖမ်းဆီးချုပ်နှောင် ထားတယ်လို့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။
2011-01-16
ရခိုင်ပြည်နယ် အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ အစ္စလာမ်ဘာသာဝင် အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ အနေနဲ့ ထောင်ဝင်စာ သွားတွေ့ဖို့ အခက်အခဲ ဖြစ်နေတာကို NLD ပါတီက ကူညီ ဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
2011-01-16
မြန်မာနိုင်ငံက နျူကလီယားသတင်း တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အနုမြုစွမ်းအင်အဖွဲ့ IAEA က အချက်အလက် အသေးစိတ် ရရှိဖို့ မြန်မာ စစ်အစိုးရကို စာရေး အကြောင်းကြားလိုက်တယ်လို့ သိရပါတယ်။
2011-01-16
ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတာကို အာစီယံအဖွဲ့က ကြိုဆိုကြောင်း ဒီကနေ့ ကျင်းပတဲ့ အာစီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
2011-01-15
၂ဝ၁ဝ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာပြည်နယ် အသီးသီးက လွှတ်တော်သုံးရပ်မှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီ (၅) ခု စုပေါင်းပြီး ညီနောင် တိုင်းရင်းသားပါတီ Nationalities Brotherhood Forum ဆိုတဲ့ အဖွဲ့ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2011-01-15
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလွတ်လပ်မှု စောင့်ကြည့်ရေး Global Economic Freedom အဖွဲ့က ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၇၉ နိုင်ငံရဲ့ စီးပွားရေး လွတ်လပ်မှုဆိုင်ရာ အချက်အလက်တွေကို စာရင်းပြုစု ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကို စီးပွားရေးလွတ်လပ်မှု ဆဋ္ဌမမြောက် အနိမ့်ဆုံးနိုင်ငံအဖြစ် အမှတ်စဉ် ၁၇၄ မှာ ဖော်ပြထားကြောင်း သိရပါတယ်။
2011-01-15
ပျဉ်မနားမြို့အနီး ဆိပ်နံတုန်းရွာက အိမ်တွေကို နေပြည်တော် စစ်တပ်၊ ရဲနဲ့ စည်ပင်သာယာအဖွဲ့က အဓမ္မ လိုက်လံဖျက်သိမ်းနေတာ အိမ်ခြေ ၁ ထောင် လောက် ရှိနေပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။
2011-01-15
ပဲခူးမြို့အနောက်ဘက် ကျောက်ပုံကျေးရွာမှာ ဆင်ရိုင်းတအုပ် အနင်းခံရတဲ့အတွက် ၁ဝ နှစ်အရွယ် မိန်းကလေးငယ် တဦး မနေ့က ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
2011-01-15
အာစီယံအနေနဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်နိုင်မယ့် အစိုးရသစ်တရပ် ပေါ်ပေါက်ရေးကို အခုနှစ်အတွင်းမှာ အပြီးအပြတ် ဖြစ်စေလိုကြောင်း အင်ဒိုနီးရှား နိုင်ငံက ပြောလိုက်ပါတယ်။
2011-01-15
မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်မယ့် မြန်မာ အလုပ်သမား ၈ဝ ကျော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ ဗီဇာအပါဝင် စာရွက်စာတမ်း အတုတွေနဲ့ စစ်ဆေး တွေ့ရှိတဲ့အတွက် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ ပြန်လွှတ်လိုက်တယ်လို့ သတင်း ရရှိပါတယ်။
2011-01-14
ဒီတပတ် ဇန်နဝါရီလ ၁၄ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ အစီအစဉ်မှာ ဦးခိုင်မြတ်သိန်း (အမေရိကန် ပြည်ထောင်စု)၊ ဦးသန်းဝင်း (ABSDF အထွေထွေ အတွင်းရေးမှူးဟောင်း)၊ ဓညဝတီသား ( ထိုင်းနိုင်ငံ ဘန်ကွင်းအကျဉ်းထောင်)၊ မမူဘန်း (ဗန်ကောက်)၊ ကိုသီရိစု (ရန်ကုန်) နဲ့ ကိုဇော်ပေါက် (အမေရိကန်ပြည်ထောင်စု) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
2011-01-14
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဇန်ဝါရီလ ၁၁ ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ၄ ရက်ကြာ တွေ့ဆုံခဲ့ကြတဲ့ ဆွေးနွေးပွဲဟာ ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ ပြီးဆုံးသွားပါပြီ။