သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-08
ရခိုင်ပြည်နယ် သဲချောင်းကျေးရွာ မဲရုံမှာ မွတ်စလင် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့သူတချို့ မဲစာရင်းထဲမှာမပါလို့ မဲမပေးခဲ့ရသူတွေရှိနေတဲ့အကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် မေးမြန်းထားပါတယ်။
2020-11-08
မဲရုံတွေမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေအတွက် မဲပေးခွင့် ဆုံးရှုံးသွားသူတွေ ရှိနေတာ တွေ့ရတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် ညီမျှခြင်းမြန်မာအဖွဲ့က ပြောပါတယ်။
2020-11-08
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ကြီးရပ်ကွက်မှာ ရှမ်းတိုင်းရင်းသားတွေ နေထိုင်ကြပေမယ့် မဲရုံအမှတ် (၃) မှာ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲထည့်ဖို့ မဲပုံးမရှိတာကြောင့် မဲမပေးခဲ့ရဘူးလို့ ရှမ်းတိုင်းရင်းသား တစ်ဦးဖြစ်တဲ့ စိုင်းသီဟဇော်က RFA ကို ပြောပါတယ်။
2020-11-08
ကပ်ဘေးကာလမှာ ကျင်းပရတဲ့ ရွေးကောက်ပွဲဖြစ်လို့ မဲပေးနှုန်းကျနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် ဒီကနေ့မှာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မဲထွက်ပေးမှုနှုန်းများတာ လေ့လာ တွေ့ရှိရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ Rain Maker အဖွဲ့ရဲ့ Project Corrdinator ဒေါ်အိအိအေးက ပြောပါတယ်။
2020-11-08
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဦးအိမ်ထွန်းမောင်ရဲ့ မိသားစုဝင်တွေထဲက အသက် ၂၀ ကျော်အရွယ် သားဖြစ်သူဟာ မဲစာရင်းထဲမှာမပါလို့ မဲထည့်ခွင့် မရခဲ့တဲ့အကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က တွေ့ဆုံမေးမြန်း ထားပါတယ်။
2020-11-08
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြတဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေကို နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ RFA က လက်လှမ်းမီသရွေ့ တွေ့ဆုံမေးမြန်းထားတာတွေကို စုစည်းတင်ပြထားပါတယ်။
2020-11-08
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းဒုက္ခသည်စခန်းက မဲဆန္ဒရှင်တွေဟာ ရွေးကောက်ပွဲပြီးနောက် အိမ်ပြန်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးအမြန်ရနိုင်ဖို့ မျှော်လင့်ပြီး မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။
2020-11-08
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီကနေ့ မဲပေးခဲ့ကြတဲ့ အခြေအနေတွေကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့သူတစ်ဦးဖြစ်တဲ့ ကိုဂျူလိုင်ကိုကိုကို RFA သတင်းထောက်ကိုစိုးသိမ်းက မေးမြန်းထားပါတယ်။
2020-11-08
မွန်ပြည်နယ် ရေးမြို့နယ်၊ အစင်စံပြကျေးရွာက အမှတ် (၆) မဲရုံ ကိုယ်စားလှယ် တစ်ဦးထံမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အမှတ်အသားပါ တံဆိပ်တုံးတစ်ခုနဲ့ အမှတ်အသား မပါတဲ့ တံဆိပ်တုံးတစ်ခု တွေ့ခဲ့တာကြောင့် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2020-11-08
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာ အခုဆိုရင် နှစ်နှစ်နီးပါးအထိ ကြာမြင့်နေပြီဖြစ်ပါတယ်။ အဲဒီလို တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ရခိုင်ပြည်သူတွေဟာ ရွေးကောက်ပွဲပြီးရင် ပေါ်ပေါက်လာမယ့် အစိုးရသစ်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
2020-11-08
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်း ဒေသအသီးသီးက မဲရုံတွေမှာ ဆန္ဒမဲပေးသူတွေ များပြားခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့က ရွေးကောက်ပွဲနေ့ မြင်ကွင်းတွေကို RFA သတင်းထောက်တွေက မှတ်တမ်းတင် ရိုက်ကူးခဲ့ကြပါတယ်။
2020-11-07
အမျိုးဘာသာ၊ သာသနာကို အလေးထားတဲ့ပါတီ၊ ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ပါတီ၊ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်တဲ့ပါတီကို မဲပေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2020-11-07
နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှာ နိုင်ငံအနှံ့အပြားက မဲရုံအသီးသီးကို မဲပေးမယ့်သူတွေ ဝင်ရောက်သွားကြပြီး အများမျှော်လင့်နေကြတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို စတင်လိုက်ပြီဖြစ်ပါတယ်။
2020-11-07
ဒီတစ်ပတ်မှာ "တရားဥပဒေစိုးမိုးရေးနဲ့ နာမည်ကြီး ဝရမ်းပြေးများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
2020-11-07
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဒေသခံ ကမန်တိုင်းရင်းသားတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီကိုယ်စားလှယ်လောင်းတွေက ခြိမ်းခြောက်မဲဆွယ်ခဲ့ ကြတယ်လို့ ဒေသခံတွေက ပြောပေမယ့်လည်း ပါတီဘက်က ငြင်းဆိုပါတယ်။