သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-16
မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီတွေ ရေရှည်ဖြည့်ဆည်းပေးဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုအရေးကိစ္စဆိုင်ရာ လက်ထောက် အထွေအထွေအတွင်းရေးမှူးချုပ် အာရ်ဆူလာ မြူလာရဲ့ တိုက်တွန်းချက်အပေါ် ပြည်တွင်းပြည်ပ အကူအညီပေးနေသူတွေရဲ့ ပြောကြားချက်တွေကို စုစည်းတင်ပြထားပါတယ်။
2019-05-16
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အနိုင်ရပါတီက ရွေးချယ်သူတွေ ဝန်ကြီးချုပ်ဖြစ်လာနိုင်ရေးအတွက် ပြင်ဆင်မယ့် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ လာမယ့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဖြစ်လာနိုင်စရာ နည်းသွားပြီလို့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
2019-05-16
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ မဲဆောက်မြို့မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇၀ ကျော် အဖမ်းခံရတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားအရာရှိ ဦးအောင်မင်းက RFA ကို ပြောပါတယ်။
2019-05-16
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆောင်သုံးခုကို ပိတ်ပေးဖို့ အုပ်စုဖဲ့ွပြီး ခြိမ်းခြောက်ဖိအားပေး တောင်းဆိုခဲ့တဲ့ဖြစ်ရပ်မှာ ဦးဆောင်ပါဝင်ခဲ့သူတွေထဲက တစ်စုံတစ်ယောက်ကို အရေးယူထားတာမရှိကြောင်း တောင်ဒဂုံမြို့နယ် မြို့မစခန်းမှူး ဦးစိုးဝင်းက ပြောပါတယ်။
2019-05-16
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မနေ့က မိုးသက်လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ယာယီတဲအိမ် ၃၅၀ လောက်ရှိတဲ့အနက် ၃၅ လုံးလောက်ဟာ အားလုံးပျက်စီးသွားတယ်လို့သိရပါတယ်။
2019-05-16
ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေနတ်ကျည်ထိမှန်ခဲ့လို့ ရန်ကုန် မြောက်ဥက္ကလာပဆေးရုံမှာ ဆေးကုသရင်း မေလ ၁၄ ရက်နေ့က သေဆုံးသွားတဲ့ ကျောက်တန်းရွာသား ကိုအောင်လင်းကျော်ကို ဒီနေ့ ရသေ့တောင်မြို့မှာ သြင်္ဂိုဟ်မယ်လို့ သေဆုံးသူရဲ့ ညီဖြစ်သူ ကိုမင်းဇော်က RFA ကိုပြောပါတယ်။
2019-05-16
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို မနေ့က ကန့်ကွက်ဆန္ဒပြရင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက သတင်းထောက် တစ်ဦးအပါအဝင် ရွာသား ၁၄ ယောက်ကို ရဲတပ်ဖွဲ့က မြို့နယ်ရဲစခန်းမှာ ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
2019-05-15
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဝတ်ပြုခွင့်ပြုထားသော ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်က ဝတ်ပြု အဆောက်အအုံတစ်ခုကို မေလ ၁၄ ရက်နေ့ညက လူ ရာဂဏန်းလောက်က ပိတ်ပင်ဖို့ ဝိုင်းဝန်းခဲ့ကြပါတယ်။
2019-05-15
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ်၂၆ ရပ်ကွက်မှာ အစ္စလမ်ဘာသာဝင်တွေကို ဥပုသ်လအတွင်း ဝတ်ပြုဖို့အတွက် ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုထားတဲ့ နေရာတခုကို မနေ့ညပိုင်းမှာ အမျိုးသားရေးညီအစ်ကိုမောင်နှမများဆိုတဲ့ လူအုပ်စုတစုက လာရောက် တားမြစ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပိတ်ပင်လိုက်တယ်လို့ သတင်းရရှိပါတယ်။
2019-05-15
မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM တဖက်သတ်ရေးထားတာဖြစ်ကြောင်း မနေ့က FFM က မြန်မာ့တပ်မတော်ကို အကူအညီတွေဖြတ်တောက်ဖို့ နိုင်ငံတကာကိုလည်း တိုက်တွန်းခဲ့ပြီး တပ်မတော်အပေါ် သိက္ခာပိုင်းဆိုင်ရာ ထိခိုက်တာကလွဲလို့ ကျန်တဲ့ ထိခိုက်မှုမရှိကြောင်း တပ်မတော်က ပြောပါတယ်။
2019-05-15
ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျော ထပ်မံ မစိုက်ပျိုးဖို့ ပြည်နယ်အစိုးရက တားမြစ်ထားတာကို ဖောက်ဖျက်ပြီး တိုးချဲ့စိုက်ပျိုးနေတဲ့ ပန်းမြတ်မာလာကုမ္ပဏီကို အမြန်ဆုံးအရေးယူပေးဖို့ အစီအစဉ် ရှိ/မရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက အမျိုးသားလွှတ်တော်မှာ ဒီနေ့ မေးမြန်းခဲ့ပါတယ်။
2019-05-15
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ အောင်သပြေရွာသားတွေနဲ့ ရဲတပ်ဖွဲ့တို့ ဒီကနေ့ မနက်က ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
2019-05-15
ရှမ်းပြည်နယ် နမ္မတူမြို့နယ်က သတ္တုတွင်းဧရိယာမှာ နေထိုင်နေတဲ့ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းက အငြိမ်းစားဝန်ထမ်းတွေရဲ့ နေအိမ် ၉၆ လုံးကို ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖယ်ရှားသွားမှာ ဖြစ်ကြောင်း အမှတ် ၁ သတ္တုတွင်းလုပ်ငန်းက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
2019-05-15
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပါက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အများဆုံးအနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမယ်လို့ ကချင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစိုးသိန်းက ပြောပါတယ်။
2019-05-15
ရက္ခိုင့်တပ်မတော် AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့နဲ့ အစိုးရ တပ်မတော်ကြား တစ်ဖွဲ့ချင်းစီအလိုက် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမယ့် တွေ့ဆုံပွဲကို လာမယ့် မေလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ ပြည်တွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။