သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-18
တောင်ကုတ်မြို့နယ် ကံဆိပ်ရွာကို ဇွန် ၁၈ ရက် မနက်ပိုင်းမှာ စစ်တပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။
2024-06-18
မြစ်ကြီးနားမြို့ကနေ (KIA) ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့အထိ သွားလာနိုင်တဲ့ ကျေးရွာချင်းဆက်လမ်းကို ဇွန် ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်က စက်ယန္တရားသုံးပြီး ဖျက်ဆီးဖြတ်တောက်လိုက်ပါတယ်။
2024-06-18
ချင်းပြည်နယ် ပလက်၀နဲ့ မင်းတပ်မြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ ခုနစ်ဦးထက်မနည်းရှိလာပါတယ်။
2024-06-18
စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် လူငယ်တချို့ဟာ ပြည်တွင်းကအလုပ်ကို စွန့်လွှတ်ခဲ့ရပြီး ပြည်ပကိုရောက်လာပေမဲ့ ဘဝက ထင်သလောက် မလွယ်ကူလှပါဘူး။
2024-06-18
၀ိုင်းမော်-ကန်ပိုက်တီလမ်းကို ဇွန် ၁၇ ရက်နေ့မှာ KIA က ပြန်ဖွင့်ပေးခဲ့ပေမဲ့ ဇွန် ၁၈ ရက်မနက်မှာတော့ စစ်တပ်က ပြန်ပိတ်လိုက်တဲ့အတွက် ကားအစီးရေ လေးရာခန့် ပိတ်မိနေပါတယ်။
2024-06-18
ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ရှစ်ဆယ်ကျော်ကို ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့တာကြောင့် အမျိုးသမီးငါးဦး ဒဏ်ရာရခဲ့ပြီး သုံးဆယ်ကျော်လည်း တိုက်ပိတ်ခံထားရပါတယ်။
2024-06-18
ဟိုပန်မြို့ကို “ဝ” တပ်ဖွဲ့ရဲ့ ခရိုင်မြို့တော်အဖြစ် ဇူလိုင် ၁ ရက်နေ့မှာ စတင်သတ်မှတ်မယ်လို့ UWSA ထိပ်တန်းအရာရှိတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2024-06-18
အခု ဇွန်လ တတိယပတ်အတွင်း ပြည်နယ်နဲ့ တိုင်း ရှစ်ခုမှာ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေဖြစ်လာနိုင်ပါတယ်။
2024-06-17
ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူမှုကူညီရေးအသင်းအဖွဲ့ဝင် လေးဦး အပါအဝင် လူရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။
2024-06-17
ရွှေကျင်မြို့နယ် ထမင်းရုံနဲ့ ကဇင်းပင်ရွာမှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2024-06-17
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာ၀တီတိုင်းက သပိတ်အင်အားစုတွေနဲ့ ဒေသခံတွေက ပြုလုပ်ခဲ့ပါတယ်။
2024-06-17
ရေဦးမြို့နယ် ဖိန်းကားရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ သားအဖနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီး သမီးဖြစ်သူက ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။
2024-06-17
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လွတ်လာပြီး မြန်မာ့ဒီမိုကရေစီရေး ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေတဲ့အကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က မွေးနေ့ဆုတောင်းစကားဆိုလိုက်ပါတယ်။
2024-06-17
မြဝတီမြို့ဘက်ကို ထိုင်းနိုင်ငံက ပေးထားတဲ့ မိုဘိုင်းဖုန်းလိုင်းတွေ ဖြတ်လိုက်တာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေကြပါတယ်။
2024-06-17
ဇွန်လအတွင်း ကရင်နယ်ခြားစောင့်တပ် လုံခြုံရေးကင်းစခန်းဝင်းတွေထဲက ကျားဖြန့်ဝန်ထမ်းတွေ ကမ္ဘောဒီးယားနယ်စပ်ကို ရွှေ့ပြောင်းနေကြတာပါ။