သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-16
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဝါဘိုကျေးရွာဟာ ရှေးအစဉ်အဆက်ကတည်းက ရခိုင်ရိုးရာ ရက်ကန်းလုပ်ငန်းနဲ့ ရပ်တည်လာခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။
2015-07-16
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဟာ အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးဦးစားပေးကိစ္စ တစ်ရပ်ဖြစ်သလို၊ အိန္ဒိယအနေနဲ့ လည်း မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် အားကိုးထိုက် တဲ့ လက်တွဲဖေါ်နိုင်ငံအဖြစ်ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ပြောပါတယ်။
2015-07-16
လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ရန်ကုန် မြို့မှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ကြောင်းသိရ ပါတယ်။
2015-07-15
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပါတီအနေနဲ့ နေရာတိုင်းမှာ အနိုင်ရအောင်ကြိုးစားမှာဖြစ်ပြီး အဲ့ဒီလိုအနိုင်ရတဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးစားပေးကိစ္စတရပ်အဖြစ် ဆက်လက်လုပ်ဆောင်မယ်လို့ ပြောကြားလိုက်ပါတယ်။
2015-07-15
မြန်မာနိုင်ငံမှာ အစိုးရဝန်ကြီးဌာနအသီးသီး က ခေါင်းစဉ်အမျိုးမျိုးပြပြီး ဘတ်ဂျက် အသုံး စရိတ်တွေ သုံးစွဲနေ ကြတာကို ၅၇ ရာခိုင်နှုန်း အထိဘဲ စစ်ဆေးနိုင်သေး တယ်လို့ ပြည်သူ့ လွှတ်တော် ငွေစာရင်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက မနေ့က ပြည်ထောင် စုလွှတ်တော်မှာ တင်ပြသွားခဲ့ပါတယ်။
2015-07-15
လာမယ့် နိုဝင်ဘာ (၈) ရက်နေ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ ၈၈ မျိူးဆက်ကျောင်း သားခေါင်းဆောင်တချို့ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
2015-07-15
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါ တယ်။
2015-07-15
ရက္ခိုင့်တပ်မတော် AA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ အစိုးရတပ်မတော်သား နှစ် ဦးဖြစ်တဲ့ ဒုတပ်ကြပ် နိုင်ထွန်းနဲ့ တပ်သားခင်ဇော်လတ် တို့ နှစ်ဦးကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံအခြေစိုက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ထံ မနေ့က လွှဲပြောင်းပေးအပ်လိုက်တယ်လို့ AA အဖွဲ့က ပြောပါတယ်။
2015-07-15
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန် ဆိုင်းဟာ လာမယ့် နိုဝင်ဘာလရွေးကောက် ပွဲမှာ လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်း ကသူဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တနိုင်းမြို့နယ်မဲဆန္ဒနယ်မြေ ၁ ကနေ ပြန်လည်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
2015-07-15
ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ တစ်ခုဖြစ်တဲ့ လားဟူအမျိုးသား ဖွံဖြိုးတိုး တက်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့တောင် ပိုင်းဒေသတွေက မဲဆန္ဒနယ်မြေ ၂၈ နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဥက္ကဌ ဦးယောသပ်က ပြော ပါတယ်။
2015-07-15
၂၀၁၅ ရွေးကောက်ပွဲကို ၃ လ နောက် ဆုတ်ပေးဖို့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုး တက်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာပေးပို့တောင်းဆိုလိုက်ပါတယ်။
2015-07-15
လွှတ်တော်ထဲက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင် ရဲသူတို့ကို ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ် တရား ရုံးတွေမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2015-07-15
နိုင်ငံရေးအကျဉ်းသားတွေ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လွတ်မြောက်လာရေးအတွက် ဝိုင်းဝန်း ကြိုးစားပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ထံ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က စာပေးပို့တောင်းဆိုလိုက်ပါတယ်။
2015-07-15
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခုက အရပ်ဘက်လူမှု အဖွဲ့အစည်း ၂၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက် ပွဲ လေ့လာစောင့်ကြည့်ရေးနဲ့ ပညာပေးမိတ်ဖက်များ အဖွဲ့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့ဟာ နေပြည်တော်မှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေး ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။
2015-07-15
နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို့ သတင်းမီဒီယာတချို့က ရေးသားကြတဲ့အပေါ် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အဲဒီ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။