သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-05
ကလေးစစ်သားဟောင်းဘဝ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး RFA ကို ဖြေကြားခဲ့ရာကနေ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကိုအောင်ကိုထွေးဟာ လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် အင်းစိန်ထောင်ကနေ မနက်ဖြန် လွတ်မြောက်တော့မှာဖြစ်ကြောင်း သူ့ရဲ့ ယောက်ဖဖြစ်သူ ကိုရဲဇော် က ပြောပါတယ်။
2019-09-05
အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေ လာရောက်တွေ့ဆုံ အားပေးစကားပြောတဲ့အတွက် အားတက်ပြီး လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်ထား စောင့်ဆိုင်းနေကြောင်း ထိုင်းနိုင်ငံမှာ သေဒဏ် ချမှတ်ခံထားရတဲ့ ရွှေ့ပြောင်းလုပ်သား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ဦးက ပြောပါတယ်။
2019-09-05
ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ ECCT ဆိုတဲ့ အဖွဲ့ကနေ မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာအကောင်းဆုံးခရီစဉ်ဆု ပေးအပ်တယ်၊ ဒုသမ္မတဦးဟင်နရီဗန်ထီးယူကို သူတို့အဖွဲ့ ဂုဏ်ထူးဆောင်အဖြစ် ဆုပေးဖို့ရှိတယ်လို့ သူတို့ ဝက်ဆိုက်မှာဖော်ပြထားပါတယ်။
2019-09-05
ပြီးခဲ့တဲ့ သြဂုတ်လလယ်ကစလို့ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ၁၇ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၇ ဦးရှိပြီလို့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာရေးရာညှိနှိုင်းရေးမှူးရုံးက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-09-05
သပိတ်မှောက် မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ မနေ့ညကတွေဆုံခဲ့ကြပေမယ့် ပညာရေးဝန်ကြီးဌာနက လွှတ်လိုက်တဲ့သူတွေဟာ ဆုံးဖြတ်နိုင်တဲ့လူတွေ မဟုတ်တာကြောင့် မဆွေးနွေးခဲ့ဘူးလို့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။
2019-09-05
တပ်မတော်က အဆိုပြုလာတဲ့ ပဏာမအပစ်ရပ်စာချုပ်မူကြမ်းမှာ ပါဝင်တဲ့ AA ရခိုင့်တပ်တော် ရှမ်းပြည်နယ်မှာ အခြေချရေး ဆိုတဲ့ အချက်ကို လက်မခံနိုင်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က RFA ကို ပြောပါတယ်။
2019-09-05
ကချင်စစ်ဘေးသရုပ်ဖော်ပြဇာတ် ဦးဆောင်ခဲ့သူ နှစ်ဦးကို ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့တာကို ကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့မှာ ဒေသခံ ၅၀ ခန့် ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။
2019-09-05
ဒီရက်ပိုင်း အိမ်နီးချင်း ထိုင်းနိုင်ငံက သတင်းတစ်ပုဒ်မှာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ပျောက်သွားတဲ့ ကရင်လူမျိုး လူ့အခွင့်အရေး လှုပ်ရှားသူတစ်ယောက်ရဲ့ မီးရှို့ခံထားရတဲ့အရိုးစုကို တောထဲ ကရေကန်ကြီးရဲ့အောက်မှာ ရှာတွေ့လိုက်ရတယ်ဆိုတဲ့ သတင်းက စိတ်ဝင်စားစရာသတင်းဖြစ် ပါတယ်။
2019-09-04
တောင်ကိုရီးယားကုမ္ပဏီတွေ မြန်မာပြည်မှာ လုပ်ငန်းလုပ်ကိုင်ဖို့ တင်ဒါခေါ်တဲ့အခါ အနိုင်ရအောင်၊ သူ့အစိုးရက ကူညီသွားမယ်လို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြောလိုက်ပါတယ်။
2019-09-04
မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံတို့ မူးယစ်မှောင်ခိုမှုတွေ၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ တရားမဝင် ငါးဖမ်းခြင်းတွေ အပါအဝင် အပြည်ပြည်ဆိုင်ရာ အရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ မနေ့က သဘောတူညီလိုက်ကြပါတယ်။
2019-09-04
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ၄၅ ဦး ပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2019-09-04
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် နမ့်ကွတ်ရွာအကျော်မှာ စက်တင်ဘာလ သုံးရက်နေ့ မနေ့က ညနေပိုင်းမှာ ခရီးသွားကားနဲ့ ကုန်ကား စုစုပေါင်း ခုနှစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
2019-09-04
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အိမ်ခြေ ၅၀ ကျော်ရှိတဲ့ ဥယျာဉ်သာကျေးရွာမှာ ဒီနေ့ နေ့လယ် ၂ နာရီလောက်ကနေ ညနေ ၄ နာရီကျော်လောက်အထိ နေအိမ်တွေကို မီးရှို့ခံခဲ့ရတယ်လို့ အဲဒီရွာအနီး အနားမှာရှိတဲ့ မျက်မြင်ဒေသခံတွေကပြောပါတယ်။
2019-09-04
ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွေမှာ တပ်မတော်သားတွေ စည်းကမ်းဖောက်ဖျက်သူတွေကို အရေးယူမယ်လို့ တပ်မတော်က ထုတ်ပြန်ချက်အပေါ် အမြင်သဘောထားမတူညီမှုတွေရှိနေပါတယ်။
2019-09-04
ပြည်တွင်းစစ်တွေ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ဖို့အတွက် တစ်ဖက်သတ် ထိုးစစ်ဆင်တာတွေကို မပြုလုပ်တော့ဘူးလို့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပြီး နောက်ပိုင်းမှာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။