သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-26
ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတော်တော် များများမှာ ရုံးအလုပ်တွေကို အိမ်ကနေ လုပ်နေကြသလို မြန်မာနိုင်ငံမှာလည်း အစိုးရဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို အိမ်ကနေအလုပ်လုပ်ဖို့ အစိုးရက ညွှန်ကြား ထားပါတယ်။
2020-03-26
ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းကုန်တော့မယ့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပျံ့နှံ့မှု အရေးပေါ် အခြေအနေကြောင့် အလုပ်ရပ်နားခံရ သူတွေကို အရေးပေါ် ထောက်ပံ့မှုအဖြစ် တလကို ဘတ်ငါးထောင်နှုန်းနဲ့ သုံးလထောက်ပံ့မယ်လို့ သိရပါတယ်။
2020-03-26
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်း တိုးလာနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အစိုးရရုံးတွေ၊ စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ထားလိုက်ပေမယ့် စားသောက်ကုန်လုပ်ငန်းတွေကိုတော့ ခြွင်းချက်အနေနဲ့ ဆက်ပြီး လည်ပတ်ခွင့်ပြုထားပါတယ်။
2020-03-26
မတ်လ ၂၆ ရက်နေ့ ညပိုင်းအထိ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ်နှစ်ဦး တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့သူ ငါးဦး ရှိသွားပါပြီ။
2020-03-26
ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က ဆက်သွယ်ပြောလာတာ၊ စာပေးပို့လာတာတွေကို RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-03-26
ပြည်ပနိုင်ငံအသီးသီးကနေ ပြည်တွင်းကို ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ မျှော်မှန်းထားတဲ့ အရေအတွက်ထက်များနေတာကြောင့် သူတို့ကို Quarantine စောင့်ကြည့်ထားရှိမယ့်နေရာနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လိုအပ်နေပါတယ်။
2020-03-26
ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကနေ နေပြည်တော်ကို ပြန်လာ ကြသူတွေကို မနေ့ကစပြီး နေပြည်တော်က ဆေးရုံတွေ မှာ သီးသန့်ခွဲထားပြီး စောင့် ကြည့်နေပါတယ်။
2020-03-26
တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် တရုတ်နယ်စပ်ဂိတ်တွေကို ပိတ်ပေးဖို့ ဒေသခံတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အစိုးရကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ကြပါတယ်။
2020-03-26
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ...အငြိမ်းစား ရေတပ်ဦးစီးချုပ် ဖြစ်သလို၊ သမ္မတ-ဦးသိန်းစိန် အစိုးရလက်ထက် စက်မှုဝန်ကြီးနဲ့ သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ လက်ရှိ တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိုးသိန်း ကို RFA ဝိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2020-03-26
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ “မြန်မာ - ကိုရိုနာကပ်ဘေးကို ဘယ်လိုကျော်လွှားမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်သွားမှာပါ။
2020-03-26
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူသိများတဲ့ ကွတ်ခိုင်မြို့နယ်အခြေစိုက် တပ်ဖွဲ့ဝင်အင်အား တစ်ထောင်နီးပါးရှိတဲ့ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ကို တပ်မတော်က ဝင်ရောက်စီးနင်းသိမ်းပိုက်လိုက်ပြီး ခေါင်းဆောင်တချို့လည်း ထိန်းသိမ်းစစ်ဆေးနေပါတယ်။
2020-03-26
ထိုင်းနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် တိုးလာနေပြီး၊ အရေးပေါ် အခြေအနေလည်း ထုတ်ပြန်ထားပါတယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာလည်း စိုးရိမ်စိတ်နဲ့ ပြန်နေကြတဲ့ မြန်မာအလုပ်သမား အရေအတွက် နေ့စဉ် ငါးထောင် လောက်ရှိနေတာပါ။
2020-03-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအနီးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးကို တွေ့ရှိပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို အစိုးရကပိတ်ထားလိုက်ပါပြီ။
2020-03-25
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် လုပ်ငန်းတွေ ရပ်တန့်ပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်ရအောင် အစိုးရက လုပ်ငန်းရှင်တွေကို မြန်မာကျပ်ငွေ ဘီလီယံ တစ်ရာ ထုတ်ချေးဖို့ စီစဉ်ထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2020-03-25
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပိုဆိုးလာတာကြောင့် မြဝတီ-မဲဆောက်နယ်စပ်ကနေ နေရပ်ပြန်တဲ့ မြန်မာနိုင်ငံသား အလုပ်သမား တစ်နေ့ကို သုံးထောင်ကျော် ရှိနေပါတယ်။ မြန်မာအစိုးရက သူတို့ကို အဖျားတိုင်းစစ်ဆေး၊ နေရပ်လိပ်စာ၊ လူစာရင်းမှတ်ထားပြီး နေရပ်အသီးသီးကို ပြန်ပို့ပေးနေပါတယ်။