သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-16
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့လယ်ခေါင်အိမ်ရှေ့မှာ အက်ဆစ်နဲ့ ပက်ခံခဲ့ရလို့ မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ် တစ်ခုလုံးနီးပါး အရေပြားတွေပျက်စီးသွားတဲ့ အမျိုးသမီးရဲ့ဖြစ်စဉ်ကို အမှုမှန်ပေါ်ပေါက်ရေး ဒေသခံလွှတ်တော်အမတ်က ကူညီနေပါတယ်။
2020-03-16
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံ ၁၀၀၀ ကျော်ဟာ ဒီကနေ့ မတ် ၁၆ ရက်မနက်မှာ ထွက်ပြေးနေကြရပါတယ်။
2020-03-16
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီရန်နိုင်ငံမှာ လူတစ်ရာကျော် မနေ့က ထပ်သေဆုံးရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူ ၆၀ ကျော်သေဆုံးရပြီး ရောဂါဖြစ်ပွားနှုန်းက အထွတ်အထိပ် မရောက်သေးဘူးလို့ ဆိုပါတယ်။
2020-03-15
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေထဲက ဒဏ်ရာရထားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ တပ်မတော်သား လေးဦးကို အမြန်အဆုံးလွှတ်ပေးဖို့ အသင့်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
2020-03-15
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ နမ့်ဖတ်ကာလမ်းပိုင်းမှာရှိတဲ့ ပြည်သူ့စစ်ထိန်း ချုပ်တဲ့ ကျေးရွာတချို့မှာ ဒေသအတွင်း ပြည်သူ့စစ်အဖွဲ့တွေနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ ဒီနေ့ မတ်လ ၁၅ ရက်နေ့ တိုက်ပွဲဖြစ်ခဲ့ပြီး မန့်မိုင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားပါတယ်။
2020-03-14
ဒီနေ့ မတ်လ ၁၄ ရက်နေ့ကို နိုင်ငံတကာ မြစ်ချောင်းများနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပနေပါတယ်။ ကချင်ပြည်နယ်က မြစ်ဆုံဒေသခံ ၃၀၀ ကျော်က မြစ်ဆုံစီမံကိန်းရပ်စဲရေးအတွက် ထာဝရတားဝရမ်းထုတ်ပေးဖို့ ပြည်ထောင်စုတရား လွှတ်တော်ကို မနေ့က တောင်းဆိုလိုက်ပါတယ်။
2020-03-14
ဒီတစ်ပတ်မှာ " ကိုရိုနာဗိုင်းရပ်စ်နဲ့ ကောလာဟလ ဂယက် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-03-14
ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ဆမီးမြို့ကြားက မိတ်စာ(၂)၊ မိတ်စာ (၃) ကျေးရွာတွေ ပေါ်ကို ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာ လေကြောင်းက ပစ်ခတ်ခဲ့မှုကြောင့် ရွာသား ၁၁ ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-03-14
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူရှိနေပြီဆိုပြီး သတင်းတွေဟာ မနေ့က တော်တော်ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီလို လူထုကို စိုးရိမ်ထိတ်လန့်မှုဖြစ်အောင် မမှန်မကန်သတင်းတွေ တင်နေတဲ့လူတွေ၊ စာမျက်နှာတွေကို ရှာဖွေစုံစမ်းပြီး အရေးယူမယ်လို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-03-13
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက “ကပ်ရောဂါ” လို့ ကြေညာထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်လာရင် ဘာတွေ သိထားသင့်သလဲ။ ဒီရောဂါပိုး ကူးစက်ခံရပြီးမှ အသက်မသေဘဲ ပြန်ကောင်းလာ သူတွေလည်း “မကြောက်ကြဖို့” အားပေးထားပါတယ်။ တကယ်ပဲ မကြောက်သင့်ဘူးလား။
2020-03-13
ကမ္ဘာ့ပြဿနာတခု ဖြစ်နေတဲ့ အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာမှာ ဦးစားပေး ဆောင်ရွက်နေကြပါတယ်။ အစားအသောက် ဘေးကင်းလုံခြုံမှုမရှိရင် နာတာရှည်ရောဂါတွေအထိ ဖြစ်ပွားနိုင်ပြီး နိုင်ငံအတွက်လည်း ဆိုးကျိုးတွေ ဖြစ်ပွားနိုင်တာပါ။
2020-03-13
မြန်မာ့ရေထွက်ကုန်တွေဟာ ထိုင်းနိုင်ငံပြီးရင် တရုတ်နိုင်ငံကို ဒုတိယအများဆုံး တင်ပို့နေတာပါ။ လတ်တလောမှာ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မြန်မာ နယ်စပ်ဂိတ် တချို့ကို ယာယီပိတ်ခဲ့ပါတယ်။
2020-03-13
ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမယ့် အန္တရာယ်ကာကွယ်ဖို့ နိုင်ငံတကာမှာ ကြိုးပမ်းနေကြပါပြီ။ မြန်မာနိုင်ငံမှာလည်း ဘုရားပွဲတွေအပါအဝင် လူစုလူဝေး စုဖွဲ့မှုတွေဟာ အင်မတန် အန္တရာယ်ကြီးတဲ့အကြောင်း ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။
2020-03-13
ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်ရောက်တဲ့မဲဆန္ဒနယ်မှာ ရက်ပေါင်း ၉ဝ ကျော်နေထိုင်ရုံနဲ့ မဲပေးခွင့်ရှိတဲ့ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်ကို တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတချို့က ကန့်ကွက်နေကြပါတယ်။
2020-03-13
ကိုရိုနာဗိုင်းရပ်စ် သတင်းတွေနဲ့ပတ်သက်လို့ RFA အပါအဝင် သတင်းဌာနကြီးတွေက ဖော်ပြမှသာ ယုံကြည်ကြဖို့ သမ္မတရုံးက ဒီနေ့ပြောလိုက်ပါတယ်။