သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-15
သတင်းစာဆရာမကြီး လူထုဒေါ်အမာ ရဲ့ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ် ပွဲကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ ကနေ ၂၉ ရက်နေ့အထိ မန္တလေးမြို့မှာ ၄ ရက်ကြာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
2015-11-15
UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ အနေနဲ့ NLD ပါတီဖွဲ့စည်းမယ့် အစိုးရဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိရေးနဲ့ တိုင်းရင်းသားတွေ မျှော် မှန်းနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အတွက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ ရလဒ်တွေကို စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ UWSA ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
2015-11-15
ရွေးကောက်ပွဲအပြီးကာလ တိုင်းပြည် တည်ငြိမ်ရေးအတွက် အနိုင်ရပါတီနဲ့ လက်ရှိအစိုးရအဖွဲ့တို့ တိုင်ပင်ညှိနှိုင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက တိုက်တွန်းပြောဆိုလိုက် ပါတယ်။
2015-11-15
အထွေထွေရွေးကောက်ပွဲမှာ အနိုင် ရရှိခဲ့တဲ့ပါတီကို လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ အစိုးရက စနစ်တကျ အာဏာလွှဲပြောင်းပေးသွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန် မှုမရှိကြဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကတိပေး ပြော ကြားလိုက်ပါတယ်။
2015-11-15
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မဲဆန္ဒ နယ်မြေအမှတ် (၂) မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်ရဲ့ ယာဉ်တန်းဟာ မနေ့ညနေ သုံးနာရီ အချိန်က တာမိုးညှဲကနေ ကွတ်ခိုင်ကိုလာတဲ့လမ်းမှာ ပစ်ခတ်တိုက် ခိုက်ခံရပါတယ်။
2015-11-15
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ မနက်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
2015-11-14
ADB အာရှဖွံ့ဖြိုးရေးဘဏ်က ပေး တဲ့ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၆ဝ နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့ မှာ သောက်သုံးရေ စီမံခန့်ခွဲရေး တိုးတက်ကောင်းမွန် ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါ တယ်။
2015-11-14
ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ လဲချားနဲ့မိုင်းနောင်မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တစ်သောင်းခွဲလောက်ရှိပြီး အဲဒီထဲက ဒုက္ခသည်တစ်ထောင်လောက်ကို ကျောက်မဲမြို့က အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ ခိုလှုံနိုင် ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
2015-11-14
ရွေးကောက်ပွဲနေ့မှာ ရန်ကုန်နဲ့ စစ်ကိုင်းဒေသကြီး၊ ချင်းနဲ့ ရခိုင်ပြနယ်တွေ မှာ စောင့် ကြည့်လေ့လာခဲ့တဲ့ အောက်ချင်းငှက် လေ့ လာစောင့်ကြည့်ရေးအဖွဲ့က သူတို့တွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
2015-11-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်လောင်းအား လုံး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ်တွေကို နားလည်တတ်ကျွမ်းတဲ့ စာရင်း စစ်တွေနဲ့ စာရင်းပြုစုပြီး သတ်မှတ်ချိန်အတွင်း တင်သွင်းဖို့ ပါတီဗဟိုဌာနချုပ်က တိုက်တွန်းထားပါတယ်။
2015-11-14
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ညနေ ၄နာရီအထိ မဲစာရင်းရလဒ် ထုတ်ပြန်ကြေညာ ချက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ၂ ရပ်ပေါင်း ၃၈၇ ဦး အနိုင်ရတဲ့အတွက် အစိုးရဖွဲ့နိုင်ပြီဖြစ်ပါတယ်။
2015-11-14
လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နောက်ဆုံး ကျင်းပမယ့် ပထမအကြိမ်လွှတ်တော် အစည်း အဝေးတွေဟာ နောက်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လွှတ်တော်အသစ် ကို ဆက်တိုက်ခေါ်ယူပြီး လွဲှပြောင်းပေးသွားမယ့် အနေအထားရှိတယ်လို့ သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း က ပြော ပါတယ်။
2015-11-14
လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီနဲ့ ပါတီအားလုံးနီးပါးလောက်က လွှတ်တော်ကိုယ်စားလှယ် အများစုဟာ ပြီးခဲ့ တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မှာ ရွေးကောက်တင်မြှောက်ခံရသူ အနည်းငယ် သာရှိပါတယ်။
2015-11-14
NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော် နာယကတို့နဲ့ တွေ့ဆုံကြမယ့် အစီအစဉ်ထဲမှာတိုင်းပြည်ရဲ့ အနာဂတ်အရေးနဲ့အတူ အစိုးရသစ်ထဲ အာဏာခွဲဝေကျင့်သုံးဖို့ ကိစ္စတွေလည်း အဓိကဆွေးနွေးဖို့ ပါဝင်မယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2015-11-14
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်သင့်နိုင်ထိုက်သူတွေ အနိုင်ရခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။