သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-11
မြန်မာနိုင်ငံမှာ ရေအရင်းအမြစ် စီမံခန့်ခွဲမှု အတွက် နယ်သာလန်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေဟာ တိုးတက်အောင်မြင်မှုတွေရရှိနေပြီလို့ နယ်သာလန်ဝန်ကြီး က ပြောပါတယ်။
2014-06-11
ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်၊ မူအန်းခရိုင်အတွင်း မနေ့ က မြေပြိုမှု ဖြစ်ပွားခဲ့ရာမှာ မြန်မာနိုင်ငံသူ ဆောက်လုပ်ရေး အလုပ်သမ ၃ ဦးသေဆုံးသွားခဲ့ပါတယ်။
2014-06-10
ပီနန်ဆရာတော် ဦးပညာဝံသ တည်ထောင် ခဲ့တဲ့ ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာ သန္တိသုခ ကျောင်းတိုက်ကို မနေ့က အင်္ဂါနေ့ ည သန်းခေါင်ချိန်လောက်မှာ ရဲတပ်ဖွဲ့၊ သာသာနာရေးဌာန၊ မြို့နယ်နဲ့တိုင်းသံဃာတချို့ရောက်လာပြီး ကျောင်းရှိ သံဃာတွေကို သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွား သလို ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့သိရ ပါတယ်။
2014-06-10
မြန်မာနိုင်ငံ အနုပညာလောကမှာ ထင်ရှားတဲ့ ပန်းချီဆရာကြီး ဦးခင်မောင်ရင် ဟာ ဇွန်လ (၁၀) ရက်၊ အင်္ဂါနေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ လည်ချောင်း ကင်ဆာရောဂါနဲ့ အသက် (၇၆) နှစ်မှာ ကွယ်လွန်ခဲ့တာပါ။
2014-06-10
ရခိုင်ပြည်နယ်မှာ ဘာသာလူမျိုးဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ တာ နှစ်နှစ်ရှိပြီဖြစ်ပေမဲ့၊ ထောင်နဲ့ချီ တဲ့ မွတ်စလင်တွေ အလုံးအရင်းနဲ့ တိုင်းပြည် ကနေ ထွက်ခွာနေကြဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အင်္ဂါနေ့က ပြော ပါတယ်။
2014-06-10
လာမယ့်ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြု (PR) စနစ် ပြောင်းလဲကျင့်သုံးဖို့သင့်မသင့် အဆိုကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် ဆွေးနွေးနေကြပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2014-06-10
အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို လက်ခံကျင့်သုံးမယ်ဆိုရင် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆိုလိုက်ပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထား ပါတယ်။
2014-06-10
ရန်ကုန်တိုင်း ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ မြန်မာလိကျန် ဖိနပ်စက်ရုံက အလုပ်သမား ၈ ရာ လောက်ဟာ လုပ်ခလစာ တရားဝင် သတ်မှတ်ပေးဖို့ တောင်းဆိုနေတာ သုံးရက်ရှိသွားပြီ ဖြစ်ပါတယ်။ RFA သတင်းထောက် ဝေယံမိုးမြင့်က တင်ပြထားပါတယ်။
2014-06-10
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် အလုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ဦးမောင်မောင်ကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-06-10
ပြစ်မှုပြစ်ဒဏ်ပိုင်းကို လျှော့ပေါ့ထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်တို့က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-06-10
ယူကရိန်းနိုင်ငံက ထုတ်လုပ်တဲ့ ကမ္ဘာကျော် BTR-3U အမျိုးအစား သံချပ်ကာကားတွေ ကို မြန်မာနိုင်ငံမှာ အခုအခါ တပ်ဆင်ထုတ်လုပ်နေပြီလို့ နိုင်ငံတကာ ကာကွယ်ရေးကဏ္ဍ သတင်းတွေတင်ပြတဲ့ Army Recognition အင်တာနက်စာမျက်နှာက ရေး သားဖေါ်ပြထားပါတယ်။
2014-06-10
တိုင်းရင်းသားပါတီ ၂၀လောက်နဲ့ စုဖွဲ့ထား တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က လာမယ့် ရွေးကောက် ပွဲတွေမှာ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ လက်မခံကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2014-06-10
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲက ကျောက်စိမ်းမှော်လုပ်ကွက်တွေမှာ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက် ရှာဖွေတူးဖော်လုပ် ကိုင်နေသူတွေအားလုံး လာမယ့် မေလ ၁၃ ရက်နေ့ နောက် ဆုံးထားပြီး နေရပ်ပြန်ကြဖို့ ဖားကန့်ဒေသ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးကော်မတီက ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2014-06-10
အစိုးရရဲ့ လုပ်ထုံးလုပ်နည်း ကန့်သတ် ချက်တွေကြောင့် အစိုးရနဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီရဲ့ လုပ်ငန်းစဉ်နဲ့ လုပ်ငန်းထိရောက်မှုတွေ နှောင့်နှေးနေ ရတယ်လို့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ AAPP က ထုတ်ဖော်ပြော ကြားလိုက်ပါတယ်။
2014-06-10
ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ဗန်း စက်မှုဇုန်မှာရှိတဲ့ လိကျန် ဖိနပ်စက်ရုံက အလုပ်သမား ၈၀၀ လောက်ဟာ အခြေ ခံလစာကို တိတိကျကျ သတ်မှတ်ပေးဖို့ ဒီနေ့ သုံး ရက်မြောက်နေ့ အဖြစ် ဆန္ဒပြတောင်းဆိုနေကြပါတယ်။