သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-11
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး သူ့အာဏာတည်မြဲအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပုံရပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီလည်း မကြာခင်မှာ ဖျက်သိမ်းခံရနိုင်တာကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာက ပြောလိုက်ပါတယ်။
2021-08-11
ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပြီးနောက် ပြန်လည်ကျန်းမာလာပြီးမှ ဖျားနာ ချောင်းဆိုးဖြစ်ကာ နာလန်မထူဖြစ်နေသူတွေရှိတဲ့ အပြင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။ အဆုတ်ကို ထိခိုက်ဖျက်ဆီးခံခဲ့ရတာ ဖြစ်တဲ့ အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြသနာတွေကို အထူးဂရုစိုက်ဖို့လိုတယ်လို့ ကိုယ်တွေ့ကြုံရသူတွေနဲ့ ဆေးပညာရှင်တွေက ပြောပါတယ်။
2021-08-11
ကိုရိုနာကပ်ရောဂါ တတိယလှိုင်းကာလအတွင်း မြန်မာနိုင်ငံဘက် ပြန်မယ့် သူတွေအတွက် ဖွင့်ထားပေးတဲ့ မူဆယ်နယ်စပ် နန်းတော်ဂိတ်ပေါက်ကို တရုတ်က ဒီကနေ့ ပြန်ပိတ်လိုက်တဲ့အတွက် ပြန်လာမယ့်သူတွေ အခက်အခဲဖြစ်နေပါတယ်။
2021-08-11
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကွမ်နဲ့ ပန်ဖျက်ရွာတွေမှာ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ကတစ်ဖက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့တွေကတစ်ဖက် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းပေါ် လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
2021-08-11
ဗိုလ်တထောင်မြို့နယ်၊ (၄၄) လမ်းက တိုက်ခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးချိန် တိုက်ပေါ်က ခုန်ချသွားတဲ့ ငါးယောက်ထဲက ကိုရဲမင်းဦးနဲ့ မဝေဝေမြင့် (ခေါ်) ပန်းသီးတို့ ကတော့ နေရာမှာတင် သေဆုံးသွားပြီး သေဆုံးသွားသူတွေနဲ့အတူ စိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့တဲ့ ကျန်တဲ့ သုံးယောက်ကိုတော့ စစ်ကောင်စီရဲ့ မင်္ဂလာဒုံက ကုတင်တစ်ထောင်စစ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ကူညီပေးခဲ့တဲ့ လင်းလက်ပရဟိကအဖွဲ့ထံက သိရပါတယ်။
2021-08-11
မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေကတစ်ဆင့် တိုက်ရိုက်ပေးအပ်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ပြောလိုက်ပါတယ်။
2021-08-11
နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးရေးလမ်းစဉ်ကို ပစ်ပယ်လို့ မရပေမဲ့ အာဏာသိမ်းပြီး အရပ်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကြောင့် လက်ရှိ အခြေအနေမျိုးမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ KNU နဲ့ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
2021-08-11
KNPP ရဲ့ နယ်မြေထဲမှာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းလောက်က လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှားတော စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်လောက်ရှိတဲ့ နေရာမှာဖြစ်ပါတယ်။
2021-08-11
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ဟာ နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ မျက်မြင်တွေ့ရှိသူ စစ်တပ်အရာရှိဟောင်း တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။
2021-08-11
ဒီကနေ့ ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းက မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လူနှစ်ဦး ရုတ်တရက်ရောက်လာပြီး သေနတ် နဲ့လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အုပ်ချုပ်ရေးမှူးရုံးမှာ ရှိနေသူတွေ အနက် စစ်သားတစ်ယောက် သေဆုံးပြီး၊ နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-11
ရခိုင်ပြည်နယ်အတွင်းမှာ ဧည့်စာရင်းတိုင်ကြားရတာနဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်တပ်နဲ့ရဲတွေက လက်နက်အပြည့်အစုံနဲ့ စစ်ဆေး တာတွေ မလုပ်ဖို့ အပါအဝင် အချက်ငါးချက်ကို ရခိုင်အမျိုးသားပါတီ (ANP) က သြဂုတ်လ ၁၀ ရက် မနေ့ကရက်စွဲနဲ့ ပြည်နယ်စစ်ကောင်စီအဖွဲ့ဆီ တောင်းဆိုလိုက်ပါတယ်။
2021-08-11
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ တောင်းဆို နေတဲ့ မြန်မာပြည်သူတွေ ကိုယ်စား သတ္တိရှိရှိ ရဲရဲရင့်ရင့် ထုတ်ဖော်နေတဲ့ သံအမတ် ကြီး ဦးကျော်မိုးထွန်းနဲ့ အတူတကွ ရပ်တည်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
2021-08-10
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းက တိုက်နံပါတ် (၃၈) ကို မနေ့ညနေ ၅ နာရီကျော်လောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေဖမ်းဆီးတဲ့အချိန်မှာ တိုက်ပေါ်ကနေပြုတ်ကျပြီး လူငယ်အမျိုးသား လေးယောက်နဲ့ လူငယ်အမျိုးသမီး တစ်ယောက်သေဆုံးသွားသလို၊ နှစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။ ဒါပေမဲ့ သေဆုံးရသူ ခြောက်ယောက်ရှိတယ်လို့ သိရပါတယ်။
2021-08-10
မြန်မာနိုင်ငံမှာ Covid-19 ရောဂါ ခုခံတွန်းလှန်ရာမှာ လိုအပ်တဲ့ အောက်ဆီဂျင်တွေကို အခမဲ့ ဖြန့်ဝေပေးနေတဲ့ လူမှုကူညီရေးအသင်းကြီး တစ်ခုကတော့ ရန်ကုန်မြို့က "နွယ်အေး" စွန္နီဂျာမေ ဗလီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ရန်ကုန်မြို့နေ ပြည်သူတွေဟာ အောက်ဆီဂျင် ရဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရပါတယ်။
2021-08-10
စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက အနှောင့်အယှက်ပေးတဲ့အတွက် အနည်းဆုံး ဆေးဝန်ထမ်း ၂၅ ယောက် သေဆုံးရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားပါတယ်။