သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-05
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အရာရှိတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရတဲ့အတွက် အုပ်ချုပ်ရေးမှူးရုံး နဲ့ တွဲလျက်ဖွင့်ထားတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တို့ကို အသွားအလာ ကန့်သတ်လိုက် ပါတယ်။
2020-11-05
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအကြိုကာလက အခြေအနေတွေကို လေ့လာ ဆန်းစစ်ချက်အရ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် မဖြစ်နိုင်ဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က အစီရင်ခံစာတစ်စောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2020-11-05
ရွေးကောက်ပွဲမှာ မဲပေးမယ့် တပ်မတော်သားတွေရဲ့ အချက်အလက်တွေနဲ့ မဲစာရင်းအတိအကျတွေကို သက်ဆိုင်ရာဒေသ ရွေးကောက်ပွဲကော်မရှင်တွေဘက်က ထုတ်ပြန်ထားတာမရှိပါဘူး။ ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့ ဝေဖန်ကြပေမယ့် တပ်ကတော့ လုံခြုံရေးက အရေးကြီးတယ်လို့ တုံ့ပြန်ပါတယ်။
2020-11-05
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ထဲက UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်တဲ့ ၁၇၁ စစ်ဒေသအတွင်းက ကျေးရွာတွေမှာ မဲဆွယ်စည်းရုံးရေးအတွက် ၀ တပ်ဖွဲ့က ဝင်ထွက်ခွင့်မပေးထားပါဘူး။
2020-11-05
မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မန္တလေးရပ်ကွက်မှာ နိုဝင်ဘာလ ၃ ရက်နေ့က အသက် ၆၀ နှစ် အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲထည့်ရာမှာ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပါတီတစ်ခုကို လက်ညှိုးထိုးပြပြီး ရွေးချယ်ခိုင်းနေတယ်လို့ ကိုယ်စားလှယ်လောင်းတွေက စွပ်စွဲပါတယ်။
2020-11-05
RFA က အပတ်စဥ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေး အစီအစဥ်မှာ "၂၀၂၀ အလွန်မှာ ဘယ်လို အစိုးရမျိုး ဖြစ်လာမလဲ” ဆိုတဲ့ခေါင်းစဥ်နဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။
2020-11-05
လွှတ်တော်ကိုယ်စားလှယ်လောင်းလို့ ဆိုလိုက်ရင် လူငယ်နဲ့ လူလတ်ပိုင်းကိုပဲ ပြေးမြင်တတ်ကြတာပါ။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင်း အသက် ၈၀ နဲ့ အထက် အမတ်လောင်း ခြောက်ဦး ရှိနေပါတယ်။
2020-11-05
ချင်းပြည်နယ်လွှတ်တော်သက်တမ်း နှစ်ခုအတွင်း ပြည်နယ်အစိုးရကို ထိန်းကျောင်းနိုင်မှု အားနည်းခဲ့တယ်လို့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD အထွေထွေအတွင်းရေးမှူး ဆလိုင်းပီပီက ပြောပါတယ်။
2020-11-05
ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် မကွေးတိုင်း ပွင့်ဖြူမြို့၊ မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ စဉ့်ကူးမြို့၊ ရန်ကုန်တိုင်း လှည်းကူးမြို့၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နဲ့ ပုဏ္ဏားကျွန်းမြို့၊ ပြည်ပရောက် RFA ပရိသတ်တွေ ရေးသားပေးပို့လာတဲ့စာတွေနဲ့ ဆက်သွယ်ပြောလာတာတွေကို RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။
2020-11-04
တပ်မတော်က ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို ပြစ်တင်ပြောဆိုခဲ့တာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မနေ့က ပြောဆိုခဲ့ပါတယ်။ တပ်မတော်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီပြောဆိုချက်တွေကို ငြင်းဆိုပါတယ်။
2020-11-04
မဲဆန္ဒရှင်ပြည်သူတွေက သူတို့ ရွေးချယ်ရမယ့် ပါတီတွေကို မဲပေးဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ ပါတီတွေအနေနဲ့တော့ ကိုဗစ်ရောဂါကပ်ဘေးကြောင့် ဝန်းရံသူတွေ စီတန်းလှည့်လည်ကြတာကလွဲလို့ မဲဆွယ်စည်းရုံးမှုတွေ အားနည်းခဲ့ရတယ်လို့ ပြောပါတယ်။
2020-11-04
ဝဒေသဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်က ကျေးရွာအုပ်စု လေးခုမှာ ရွေးကောက်ပွဲ ဖျက်သိမ်းပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် မိုင်းဆတ်မြို့က နိုင်ငံရေးပါတီ လေးခုက ကော်မရှင်ထံ စာရေးသား တောင်းဆိုလိုက်ပါတယ်။
2020-11-04
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အထောက်အကူမဖြစ်စေဘဲ စိုးရိမ်မှုတွေနဲ့ မတည်ငြိမ်မှုတွေဖြစ်ဖို့ အားပေးရာရောက်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တုံ့ပြန်လိုက်ပါတယ်။
2020-11-04
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့ အမုန်းစကား ရေးသားဖြန့်ဝေမှုတွေ ဆိုရှယ်မီဒီယာမှာ မြင့်တက်နေပြီး ဒီလိုရေးသားချက်တွေကို အရေးယူဖို့ အစိုးရက ပျက်ကွက်နေတယ်လို့ လန်ဒန် အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) က ဝေဖန်ပါတယ်။
2020-11-04
ရခိုင်ပြည်နယ် မြေပုံမြို့နယ်ထဲက စညှင်း၊ ပျားသုန်း၊ ကမ်းထောင်းကြီး၊ ရေရှင်စတဲ့ရွာတွေက စစ်ဘေးဒုက္ခသည် သုံးထောင်နီးပါးဟာ အစိုးရရဲ့ ထောက်ပံ့ကူညီမှုရပ်လိုက်တာကြောင့် စားသောက်ရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။