သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-15
သက်တမ်းရင့် ထင်းရူးပင်များ ကာကွယ်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဒေသခံများ ဦးဆောင် ပြီး တောင်ကြီးမြို့မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2016-08-15
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော ် အစည်းအဝေးမှာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆို ရှုံးနိမ့်ခဲ့ပါတယ်။
2016-08-15
ကမန်တိုင်းရင်းသားတွေ ပြည်တွင်းမှာ လွတ်လပ်စွာသွားလာခွင့်ရရှိဖို့၊ ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ ကမန်တွေရဲ့ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ပေးဖို့ကိစ္စတွေကို ကမန်အမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ဒီနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ပြည်နယ်လဝကမှူးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-08-15
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း မှာ နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ဖို့အတွက် ချင်းမိုင်ခရိုင်က ကုန်သည်ကြီးများအသင်းနဲ့ ရှမ်းပြည် နယ် တောင်ကြီး၊ မိုင်တုန်၊ မိုင်းဆတ်၊ ပုံပါကျင်က ကုန်သည် ကြီးများဟာ ချင်းဒေါင်းမြို့နယ်မှာ သြဂုတ်လ ၁၁ ရက်နေ့ က တွေ့ဆုံခဲ့ပြီး နယ်စပ်ဂိတ် သုံးခုရှိတဲ့ထဲက ကုန်စည် ကူးသန်းရောင်းဝယ်လို့ အဆင်ပြေမည့် နယ်စပ် ဂိတ်တစ်ခု ဖွင့်လှစ်နိုင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2016-08-15
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ JICA နဲ့ အစိုးရတို့ ပူးပေါင်းပြီး ပုဂ္ဂလိကဘဏ် ၆ ခုကတဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ၅ နှစ်သက်တမ်းနဲ့ ငွေကျပ်ဘီလီယံ ၃၀ ထုတ်ချေးပေး သွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
2016-08-15
ဧရာဝတီ မြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်း လေ့လာစိစစ်သုံး သပ်ရေးကော်မရှင် အစည်းအဝေးကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပသွားမယ် လို့ ကော်မရှင် ဥက္ကဌ ဦးတီခွန်မြတ် က ပြောပါတယ်။
2016-08-15
ကမန်တိုင်းရင်းသားတွေအနေနဲ့ ပြည်တွင်း မှာ အထောက်အထားမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိ သူတွေက ကမန်အမျိုးသား တိုးတက်ရေးပါတီနဲ့ တွေ့ဆုံစဉ် မှာ ပြောလိုက်ပါတယ်။
2016-08-15
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်နေတာနဲ့ ပတ်သက် ပြီး ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ရခိုင်အမျိုး သားပါတီ ANP က ဒီနေ့ ကမ်းလှမ်းလိုက်ပါတယ်။
2016-08-15
ကချင်ပြည်နယ် ဖါးကန့် ကျောက်စိမ်းလုပ် ကွက်တွေမှာ ကုမ္ပဏီဝန်ထမ်းတွေကလွဲ ပြီး ရေမဆေးကျောက်ရှာတဲ့ ရွှေ့ပြောင်း လုပ်သားတွေ ဝင်ရောက်မှုမရှိအောင် တားဆီးပိတ်ပင်သွား မယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း က ပြောပါတယ်။
2016-08-15
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ၉ ရပ်ကွက်က အားကစားပန်း ခြံ မြေနေရာဟာ ကြံ့ခိုင်ဖံ့ွဖြိုးရေး အသင်းနာမည်နဲ့ အရင် အစိုးရ လက်ထက်က နှစ် ၆၀ မြေငှားဂရမ် ချထားပေး တာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-08-15
ရခိုင်ပြည်နယ် စစ်တွေမြို့က ဆတ်ရိုးကျ ရပ်ကွက်အနီး စက်မှုဇုန်တည်ထောင်ဖို့ သိမ်းယူထားတဲ့ မြေနေရာတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေ အပြင်အစိုးရဌာနဆိုင်ရာ အကြီး အကဲတချို့က ခြံစည်းရိုးကာရံနေတာတွေကို ရပ်တန့်ထားဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ညွှန်ကြားလိုက်ပါတယ်။
2016-08-15
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
2016-08-15
စစ်မှန်ခိုင်မာတဲ့ ပြည်ထောင်စု တည်ဆောက်မယ် ဆိုတဲ့ ဘုံသဘောတူညီချက်ရှိဖို့ လိုအပ်ပြီး မတူညီတဲ့ သဘောထားအမြင်အမျိုးမျိုးကို ညီလာခံမှာ ညှိနှိုင်းရ မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2016-08-14
ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်းက ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ပတ်သက်ပြီး တရုတ်ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေကိုစိစစ် ဖို့ တောင်းဆိုထားတယ်လို့ ဧရာဝတီမြစ် ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့ လာစိစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ပါမောက္ခ ဦးမောင်မောင်အေးက ပြောပါတယ်။
2016-08-14
ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ရေဘေးဒဏ်ခံနေရတာနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန က ရန်ကုန်မြို့ ရန်ကုန်တိုင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။