သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-11
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျုးကျော်စာရင်းဝင်ပြီး စလစ်ပြားထုတ်ယူရရှိထားတဲ့ နေအိမ်တွေ ကို ကျုးကျော်စာရင်းကောက်ယူတဲ့ အဖွဲ့တွေက လိုက်လံစစ်ဆေးသွားမယ်လို့ သိရပါတယ်။
2017-09-10
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်မှာ ပစ်ခတ် မှုတွေမရှိတာ တစ်ပတ်နီးပါးရှိပြီဖြစ်သလို အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အာဆာ ARSA အဖွဲ့က တစ်လကြာ တဖက်သတ် အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် စိတ်ချယုံကြည်တဲ့ အနေအထား မရှိဘူးလို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း က ပြောပါတယ်။
2017-09-10
ကွန်ပျူတာနည်းပညာရပ်နဲ့ မြို့ပြ အင်ဂျင်နီယာ ပညာရပ် ပေါင်းစပ်ပြီး မြန်မာပညာရှင် လူငယ်တစ်ယောက်က မြေပြိုနိုင်ချေရှိတာကို ကြိုတင်သတိပေးနိုင်ဖို့ သုတေသန လုပ်ထား ပါတယ်။
2017-09-10
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှာ မိုးကြီးပြီး တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် ရေထွက်ကျေးရွာ နဲ့ ကျောက်ဖြူကျေးရွာတွေက နေအိမ် ၁၀၀ ကျော် ရေထဲမျောပါပျက်စီးခဲ့တယ်လို့ သိရပါတယ်။
2017-09-10
မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေဟာ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံဘဲ ဆန့်ကျင်ရှုတ်ချပြီး အကြမ်းဖက်မှုတွေ မဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
2017-09-10
မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက အသိအမှတ်မပြုကြောင်း နဲ့ ကော်မရှင်ရဲ့ အကြံပြုချက်ကိုလည်း လက်မခံကြောင်း ပါတီပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။
2017-09-10
ဆရာတော် ဦးဝီရသူက ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ဝေဖန်လိုက်ပါတယ်။
2017-09-10
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကနေ နှုတ်ထွက် လိုက်ပြီဖြစ်ပါတယ်။
2017-09-10
ဒီကနေ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ဆရာတော် ဦးဝီရသူရဲ့ ဟောပြောပွဲကို ဘားအံမြို့နယ် စီမံခန့်ခွဲမှုကော်မတီက ခွင့်မပြုထားဘူးလို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောပါတယ်။ ဘာကြောင့်ခွင့်မပြုထားသလဲဆိုတာကို အာအက်ဖ်အေ အဖွဲ့သား ဦးဝင်းနိုင်က ဦးမျိုးမင်းထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
2017-09-10
ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ဒီကနေ့ ကျင်းပဖို့ပြင်ဆင်ထားတဲ့ ဆရာတော်ဦးဝီရသူရဲ့ ဟောပြောပွဲကို မြို့နယ်ထံ ခွင့်ပြုချက်တောင်းခံထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့် ခွင့်မပြုထားကြောင်း ဘားအံမြို့နယ်အဆင့် တာဝန်ရှိသူက ပြောပါတယ်။
2017-09-10
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းတွေဖြစ်တဲ့ မယ်ရာမိုနဲ့ မယ်လဒုက္ခသည်စခန်း နှစ်ခုမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စတင်ပြီး ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားနေမှုကြောင့် သေဆုံးသူ ၃ ဦး ရှိပြီး ကူးစက်ခံရသူ ၃၀၀ နီးပါးလောက် ရှိခဲ့ပါတယ်။
2017-09-10
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူပြီး ပညာရေးဝန်ကြီးဌာနထံ လွဲှပြောင်းပေးထားတဲ့ မြေဧက ၃ ထောင်ကျော်ထဲက ဧက ၂၆၀၀ ကျော်ကို မူလတောင်သူတွေဆီ လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။
2017-09-10
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ နေပြည်တော်မှာ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံပြီး အောက်ခြေတပ်ဖွဲ့တွေအကြား တင်းမာမှုအနည်းငယ်ဖြစ်နေတဲ့ ကိစ္စတွေအပါအဝင် ယုံကြည်မှု ပိုမိုခိုင်မာလာရေးအတွက် ဆွေးနွေးမယ်လို့ RCSS/SSA က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2017-09-09
စက်တင်ဘာလ ၉ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဘာတွေ အကြံပြုထားသလဲ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးဝင်းမြ (အဖွဲ့ဝင် - ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်) က ပင်တိုင် ဆွေးနွေးကြတာ ဖြစ်ပါတယ်။
2017-09-09
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အာဆာ ARSA အဖွဲ့က ဒီကနေ့ တနင်္ဂနွေနေ့ကစလို့ တစ်လကြာ တဖက်သတ် အပစ်အခတ်ရပ်စဲထားမှာဖြစ်ကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။