သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-12
ဝန်းသိုမြို့နယ်၊ တောင်ဘို့လှရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့က မပေါက်ဘဲကျန်နေတဲ့ လက်နက်ကြီးကျည်ကို ကလေးတွေဆော့ကစားရာက ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-09-12
ပြင်သစ်နိုင်ငံက ကြားဝင်ဆောင်ရွက်မယ်လို့ ကြေညာလိုက်တဲ့အတွက် ICJ မှာ တရားစွဲထားတဲ့အမှုမှာ ရိုဟင်ဂျာတွေဘက်က ပိုအားကောင်းလာပြီလို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေ ကပြောပါတယ်။
2023-09-12
NUG သမ္မတ ဒူဝါလရှီလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ဗိုလ်နဂါးနဲ့ အွန်လိုင်းဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး NUG သမ္မတရုံးက ဒီနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
2023-09-12
အခြေခံလစာ၊ ယာဉ်အစီးရေနဲ့ ယာဉ်တန်ဖိုးတွေ အရင်ကထက်မြင့်တက်လာတဲ့အတွက် နိုင်ငံတော်ဝင်ငွေ မဆုံးရှုံးစေဖို့ မှတ်ပုံတင်ဆိုင်ရာ အခငွေတွေကို ထပ်ပြီး တိုးမြှင့်ကောက်ခံသွားမှာဖြစ်တယ်လို့ ဖော်ပြထားတာပါ။
2023-09-12
တရုတ်နဲ့ အိန္ဒိယနိုင်ငံသား ခရီးသွားတွေကို ခရီးသွားဆိုက်ရောက်ဗီဇာပေးဖို့ ဩဂုတ်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီက မူအရခွင့်ပြုထားတယ်လို့ ပြောပါတယ်။
2023-09-12
ဗိုလ်ချုပ်ရန်နောင်စိုးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းက စရဖတွေနဲ့ စသုံးလုံးတို့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနက အရာရှိတချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ စက်တင်ဘာ ၈ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
2023-09-12
စစ်ကောင်စီပိုင် မြန်မာဘီယာ၊ အရက်နဲ့ ဆေးလိပ်အပြင် Mytel ဆင်းကတ်တွေပါ ဆိုင်ပေါ်တင်ရောင်းချဖို့ စစ်ကောင်စီက ဖိအားပေးလာတာကြောင့် ပြန်တင်ရောင်းနေရတယ်လို့ အရက်ဘီယာ ရောင်းချခွင့်ရထားတဲ့ အေးဂျင့်ဆိုင်တချို့နဲ့ စျေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
2023-09-12
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ မြင့်တက်လာတယ်လို့ IIMM က လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပါတယ်။
2023-09-12
ဖရူဆိုမြို့နယ် အရှေ့ဘက်အခြမ်းရှိကျေးရွာတွေကို စက်တင်ဘာ ၉ ရက်ကစပြီး စစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံလေးထောင် နီးပါး ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရပါတယ်။
2023-09-12
သုံးဦးစလုံးကို ငါးခူရ နယ်မြေခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက် ဒီနေ့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ အမှုဖွင့်ဖို့ မောင်တောမြို့တရားရုံးကို ခေါ်သွားတယ်လို့ ငါးခူရ ရွာခံက ပြောပါတယ်။
2023-09-12
နေပြည်တော်မှာ စက်တင်ဘာလ ၁၂ ရက် စတင်ကျင်းပဖို့ရှိနေတဲ့ အာဆီယံလေတပ်ညီလာခံအတွက် မြို့အနှံ့ လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ ပြောပါတယ်။
2023-09-12
စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နားက မြို့နယ် ငါးမြို့နယ်က စစ်ဘေးဒုက္ခသည် အနည်းဆုံး ခြောက်သောင်းကျော် စားနပ်ရိက္ခာနဲ့ တခြားအခြေခံအကူအညီတွေ လိုအပ်နေပါတယ်။
2023-09-12
ရခိုင်ဘုရင်အဆက်ဆက်တွင်ကျယ်ခဲ့တဲ့ ကျောက်ဆစ်လက်မှုအနုပညာလုပ်ငန်းဟာ လက်ရှိမှာတော့ လုပ်ကိုင်သူနည်းပါပြီး ပျောက်ကွယ်မယ့် အခြေအနေဖြစ်နေပါတယ်။
2023-09-12
ငါန်းဇွန်မြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ စက်တင်ဘာ ၁၁ ရက်မှာ ရွာနှစ်ရွာက ဒေသခံခြောက်ဆယ်ကျော်ကို ဖမ်းထားသလို တချို့ကို စစ်ကြောင်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ပြောပါတယ်။
2023-09-11
အစာငတ်ခံဆန္ဒပြတဲ့သူတွေထဲမှာ စွပ်စွဲပုဒ်မတွေတပ် ဖမ်းဆီးခံထားရပြီး ထောင်ဒဏ် ၅၄ နှစ်အထိ ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါပါတယ်။