သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-10
မြန်မာ့နိုင်ငံရေးမှာ တပ်မတော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အခန်းကဏ္ဍကို လျှော့ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ မူကြမ်းတွေအပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းအားလုံးကို တစ်ပေါင်းတည်း ဆွေးနွေးဖို့ ဥပဒေကြမ်းလေ့လာစိစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို တပ်မတော် သားကိုယ်စားလှယ် နှစ်ဦး က ဒီကနေ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
2020-02-10
အမုန်းစကားနဲ့ မွတ်စလင်မုန်းတီးရေးတွေ ပြောဆိုခဲ့တဲ့ မျိုးချစ်ဆိုသူတွေရဲ့ ရန်ကုန် ဆန္ဒပြပွဲကို ဝေဖန်သတင်းရေးသားခဲ့တဲ့ သတင်းတိုက်တွေ ခြိမ်းခြောက်ခံရတာ၊ ဖိအားပေးခံရတာတွေ ကြုံနေရပါတယ်။
2020-02-10
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူ မိန်းကလေးတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ မနေ့က ဆေးရုံတက်နေရပါတယ်။
2020-02-09
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိ တာကြောင့် မနေ့က ဆေးရုံတက်နေရပါတယ်။ တပတ်မှာ တစ်ရက် အပြင်ထွက်လည်ခွင့် အရင်ကပေးပေမယ့် အခုချိန်မှာတော့ အိမ်အကူအများစုကိုလည်း အိမ်ရှင်တွေက အပြင်ပေးမထွက်တာတွေ ရှိတယ်လို့လည်း မြန်မာ အလုပ်သမားတွေကို ကူညီပေးနေတဲ့ လူမှုအဖွဲ့တွေကပြောပါတယ်။
2020-02-09
စင်္ကာပူနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ အသက် ၇၀ ကျော် အမျိုးသားရဲ့ နေအိမ်ကနေ ပြန်လာတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးကို ဒီနေ့ ဒဂုံမြို့သစ်တောင်ပိုင်းက သူ့နေအိမ်မှာ တွေ့ရှိတဲ့အတွက် ဝေဘာဂီဆေးရုံကို စောင့်ကြည့်လူနာအဖြစ် ဒီနေ့ ပို့လိုက်ပါတယ်။
2020-02-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးဇေယျာမင်းကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ပါတီတာဝန်ရှိသူတွေက စွပ်စွဲထားပေမယ့် AA ပြောခွင့်ရသူ ခိုင်သုခက ငြင်းဆိုပါတယ်။
2020-02-08
ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းပြီး ပြန်လည်နေရာ ချထားရေးတွေ လုပ်ဆောင်နေရာမှာ ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်းကို ကျောက်ဖြူမြို့ထဲ ပြန်လည်ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။
2020-02-08
၂ဝ၂၀၊ ဖေဖော်ဝါရီ ၈ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ “ဝန်ကြီးအပြောင်းအလဲနဲ့ ပြည်ထဲရေးဌာန” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-02-08
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ငလှမ်းပြင်အုပ်စုထဲက ငွေတောင်ရွာဒေသခံ ကလေးတစ်ဦး မနေ့ညက သေနတ်ကျည် ထိမှန်ဒဏ်ရာရခဲ့ပြီး ဒီနေ့ စစ်တွေမြို့ အနီးမှာ တပ်မတော် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ပါတယ်။
2020-02-07
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် အုတ်အော်သောင်းနင်းဖြစ်နေတဲ့ကာလမှာ နယ်စပ်ဖြတ် တင်ပို့ရောင်းချနေတဲ့ သစ်သီးဝလံဈေးကွက်တွေ ထိခိုက်ပြီး တောင်သူတွေရော ကုန်သည်တွေပါ နစ်နာနေရပါတယ်။
2020-02-07
စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၃ ယောက် ရှိသွားတာကြောင့် စိုးရိမ်ဖွယ်အခြေအနေကို အဝါရောင်ကနေ လိမ္မော်ရောင် အဆင့်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တဲ့ တချိန်တည်းမှာပဲ စင်္ကာပူမှာနေထိုင်သူတွေက အစားအသောက်တွေ ကြိုဝယ်စုနေကြပါတယ်။
2020-02-07
တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အသွားအလာတွေ ကန့်သတ်ထားရတဲ့ အတွက် စီးပွားရေးအရ တရုတ်နဲ့ အဓိကဆက်ဆံနေတဲ့ နိုင်ငံတွေမှာ ထိခိုက်မှုတွေ ကြုံလာရပါတယ်။
2020-02-07
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲမှာ ပြဇာတ်တင်ဆက်သူ နှစ်ဦးကို မြစ်ကြီးနားရဲစခန်းက မနေ့ကတည်းက ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေပါတယ်။
2020-02-07
RFA ကနေ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-02-07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ရေပုတ်နဲ့ ဆောက်ခပ်ကျေးရွာမှာ မနေ့ည ၆ နာရီကျော်က ရွာထဲကိုပစ်ခတ်ခံရလို့ ဒဏ်ရာရသွားတဲ့ အမျိုးသမီးသုံးဦးကို ထိခိုက်ဒဏ်ရာရသွားပြီးတော့ ဒီနေ့ စစ်တွေဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။