သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-12
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရဝန်ထမ်းတွေအပေါ် ထောက်ခံဟောပြောပွဲ ကို ထောင်နဲ့ချီတဲ့ ဒေသခံတွေက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-11-12
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီကနေ့အထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။
2017-11-12
ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေ ကျင်းပရာမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ NLD ပါတီခေါင်းဆောင်တွေနဲ့ ပါတီကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီရုံးချုပ်မှာ တေ့ွဆုံဆွေးနွေးကြပါတယ်။
2017-11-12
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာရှိတဲ့ လူထုဟစ်တိုင်ကွင်းမှာ လူဦးရေ ၅၀ လောက်က ဒီနေ့ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-11-12
ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို ကန့်ကွက် ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ဒီနေ့ နေလည်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူဝတ်လဲလိုက်ပါတယ်။
2017-11-12
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၇ ဖဲ့ွနဲ့ ဖွဲ့စည်းထားတဲ့ FPNCC အဖွဲ့ဝင် NDAA မိုင်းလားတပ်ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-11-12
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရဟန်းသာမဏေတွေ၊ သီလရှင်တွေ မကြွရောက်ဖို့ နိုင်ငံတော်သံဃာ့မဟာနာယက မဟန အဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်တားမြစ်သွားမှာဖြစ်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဒီနေ့ ပြောပါတယ်။
2017-11-12
နေရပ်စွန့်ခွာ ထွက်ပြေးနေသူတွေ အများအပြား ရှိနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသက ပိုင်ရှင်မဲ့ စပါးခင်းတွေကို ရိတ်သိမ်းပြီး ပုဂ္ဂလိကကို ရောင်းချဖို့အတွက် ပြည်နယ်အစိုးရက မနေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
2017-11-11
နိုဝင်ဘာလ ၁၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " အမျိုးသမီး စွန့်ဦးတီထွင်သူများရဲ့ အတွေ့အကြုံ " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာ မေပြည့်စုံကြွယ် ( ကျောင်းအုပ် - Matrix Institute of Professionals ) နဲ့ မစိုးအေမီကျော် (အမှုဆောင်ဒါရိုက်တာ (CEO) - Ananda Cocoa and Coffee) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-11-11
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်ယာမြေဧက ၂ ထောင်ကျော်အတွက် လျော်ကြေးပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တေ့ွဆုံစဉ် ဒေသခံတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။
2017-11-11
မကြာခင် ကျင်းပမယ့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေမှာ ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် အရပ်ဖက်အဖွဲ့ ၂၀ကျော်က နိုင်ငံတော်သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တေ့ွဆုံခွင့်တောင်းထားပါတယ်။
2017-11-11
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသမှာ မူးယစ်အဖွဲ့တစ်ဖွဲ့ကို ရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးသုံးစွဲသူ၂၈ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
2017-11-11
မွန်ပြည်နယ် ပေါင်မြို့နယ်မှာရှိတဲ့ ကျောက်ထုတ်ရေးစီမံကိန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေရှိနေတာကြောင့် ကျောက်မိုင်းတွေကို ပိတ်သိမ်းပေးဖို့ လူမှုဖွ့ဲဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကွန်ရက်(ပေါင်မြို့နယ်)က တောင်းဆိုလိုက်ပါတယ်။
2017-11-11
ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ ပိုင်ရှင်မဲ့ စပါးခင်းတွေကို ရိတ်သိမ်းပြီး တစ်တင်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဒေါ်လာနဲ့ ပုဂ္ဂလိကကို ရောင်းချဖို့အတွက် ရခိုင်ပြည်နယ် အစိုးရက မနေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
2017-11-11
မြန်မာနိုင်ငံတဝှန်းမှာ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွ့ဲချုပ်က ဦးဆောင်ပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ ပွဲတွေ ပြုလုပ်နေပါတယ်။ ဒီအပေါ် သဘောထား အမြင်တွေကို RFA မြန်မာပိုင်းက စုစည်းတင်ပြ ထားပါတယ်။