သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-03
တပ်မတော်ရဲ့ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာချက်ကို ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2019-02-03
လက်ရှိအစိုးရအနေနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို စစ်အစိုးရလက်ထက်က သဘောတူ လက်ခံထားတာဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်လုပ်ဆောင်ဖို့ မလိုဘဲ ရဲဝံ့စွာ ရပ်တန့်ဖို့လိုကြောင်း မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးထွန်းလွင်က ပြောလိုက်ပါတယ်။
2019-02-03
တပ်မတော်ရဲ့ လေးလကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာချက်ကို ကြိုဆိုပြီး ငြိမ်းချမ်းရေးအတွက် အတူတကွပူးပေါင်းပါဝင်ဖို့ တောင်းဆိုဆန္ဒပြပွဲကို ဦးဝီရသူ အပါအဝင် အမျိုးသားရေးတပ်ပေါင်းစု(ရန်ကုန်)က ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2019-02-03
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်လုပ်ဆောင်သူတွေဟာ သမိုင်းတရားခံတွေ ဖြစ်တယ်လို့ မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးထွန်းလွင်က ဒီနေ့ ပြောပါတယ်။
2019-02-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က အောင်သာဇိန်နဲ့ ကျောက်တန်းရွာကြားမှာ အစိုးရ တပ်မတော် နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-02-03
ဆွေမျိုးနီးစပ်သူတွေကို စီးပွားရေးလုပ်ငန်းတွေ ချထားပေးတာ အပါအဝင် လာဘ်ပေး လာဘ်ယူတာတွေ အတွက် တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို စစ်ဆေးအရေးယူပေးဖို့ မြိတ်ခရိုင်က NLD ပါတီ ထောက်ခံသူ ၆ဝ ကျော်က ပါတီဗဟိုကို တိုင်ကြားလိုက်ပါတယ်။
2019-02-03
ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနေ့က ဖွင့်လှစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာကနေ ရွှေ့ပြောင်းပေးဖို့နဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေထံ တင်ပြတိုင်ကြားခွင့်ပေးဖို့ လူငယ် ၃၀ လောက်က ဒီနေ့မနက်ကစပြီး သပိတ်စခန်းဖွင့် တောင်းဆိုလိုက်ပါတယ်။
2019-02-03
နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG က " မြန်မာပြည်ရဲ့ လူသားချင် းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပိုများလာတဲ့လက်နက်ကိုင်ပဋိပက္ခ " ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။
2019-02-03
ရခိုင်ပြည်နယ်မှာ မသင်္ကာတဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးဖို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို ပြည်နယ်အစိုးရက ခွင့်ပြုတာဟာ တည်ဆဲဥပဒေချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံလာရနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
2019-02-02
မကွေးတိုင်း ဒေသကြီး သရက်မြို့မှာ မနေ့ညနေက ဒေသခံတွေအချင်းချင်း ပြဿနာဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ရာဘာကျည်သုံး ပစ်ခတ်ဖြိုခွင်း ခဲ့တာကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သရက်ခရိုင် ဆေးရုံကို တင်ပို့ကုသနေရပါတယ်။
2019-02-02
၂ဝ၁၉ ဖေဖော်ဝါရီလ ၂ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " အစိုးရရဲ့ မြစ်ဆုံစီမံကိန်း အကျပ်အတည်း ဖြေရှင်းနိုင်မလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-02-02
မြန်မာနိုင်ငံက ပဋိပက္ခတွေ ပြေလည်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် EU ဥရောပသမဂ္ဂက ကြားဝင် ဆောင်ရွက်နေတာတွေကို ဆက်လက်ပံ့ပိုးကူညီဖို့ ICG ခေါ် နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2019-02-02
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမယ့်အပေါ် ကန့်ကွက်မှုတွေရှိနေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ဖွင့်ပွဲနဲ့ ထောက်ခံပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-02-02
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် နဲ့ပတ်သက်တဲ့ တိုင်ကြားစာ အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ရောက်ရှိလာတဲ့ တိုင်းအတွင်းက တိုင်စာတွေနဲ့ပတ်သက်ပြီး ကော်မရှင်က စစ်ဆေးနေတယ်လို့ သိရပါတယ်။
2019-02-02
မကွေးတိုင်း သရက်မြို့မှာ မနေ့ညနေက ဒေသခံအချင်းချင်း ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ ပါဝင်သူတွေကို သရက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေကို နာကျင်စေမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်လိုက်ကြောင်း မကွေးတိုင်းဒေ သကြီးရဲတပ်ဖွဲ့က ပြောပါတယ်။