သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-13
နိုင်ငံတကာသတင်းဌာန ရိုက်တာရဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုသက်ဦးမောင် ( ခေါ် ) ဝလုံးနဲ့ ကိုကျော်စိုးဦး ( ခေါ် ) မိုးအောင်တို့ နှစ်ဦးကို မနေ့ညက မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃နဲ့ စစ်ဆေးနေတယ်လို့ ရဲကြေးနန်းတွေအရ သိရပါတယ်။
2017-12-12
မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုဟာ ၂ဝဝ၄ ခုနှစ်မှာ ၄၈.၂ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ၂ဝ၁၅ ခုနှစ်မှာ ၃၂.၁ ရာခိုင်နှုန်းကို လျော့ကျခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ “မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ လေ့လာစိစစ်ချက်” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2017-12-12
ဒီဇင်လာလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ UMFCCI နဲ့ ဥရောပအခြေစိုက် ရိုလင်ဘာဂျာ အဖွဲ့ရဲ့ ၂၀၁၇ မြန်မာ့စီးပွားရေးစစ်တမ်းမှာ စွမ်းအင်ကဏ္ဍမှာ လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ယုံကြည်မှုကျဆင်းလာတယ်လို့ ဖေါ်ပြထားပါတယ်။
2017-12-12
မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ မူဝါဒ ရှင်းရှင်းလင်းလင်းမရှိတာကြောင့် ဒီနှစ်အတွင်း စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေကြား လုပ်ငန်းဆိုင်ရာ ယုံကြည်မှု ထိုးစိုက် ကျဆင်းသွားခဲ့တယ် လို့ လေ့လာချက်တခုက ဆိုပါတယ်။
2017-12-12
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မပျက်စေဘဲ၊ ပြည်သူ ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်လာတဲ့အထိ ကြိုးစားမယ်လို့ ဥရောပ မြန်မာရုံး ဒါရိုက်တာ ဦးဟန်ညောင်ဝေ က ပြောဆိုလိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြောင်း စာအုပ်မိတ်ဆက်ပွဲလည်း ပြုလုပ်ခဲ့ပါတယ်။
2017-12-12
ဒုတိယတန်းသင်ရိုးသစ်ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်တော့မှာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးက မူလတန်းဆရာတွေကို သင်တန်းတွေ စပေးတော့မှာဖြစ်ပါတယ်။
2017-12-12
ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်ုနိုင်ငံဘက်ကိုထွက်ခွာမယ့် ဘင်္ဂါလီမွတ်စလင် တစ်ရာကျော်ကို ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2017-12-12
ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
2017-12-12
ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနဲ့ လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့ဟာ ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေက ဒေသခံလူထုနဲ့ တွေ့ဆုံသလို ကျောက်မျက်တူးဖော်ရေးလုပ်ကွက်တွေကိုလည်း ဒီကနေ့ကစပြီး ၃ ရက်ကြာ ကွင်းဆင်းစစ်ဆေးနေပါတယ်။
2017-12-12
လာမယ့် ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသဖို့ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က လိုအပ်တဲ့ အထောက်အပံ့တွေ ပေးသွားမှာဖြစ်ပါတယ်။
2017-12-12
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေရဲ့ မိုင်းခွဲမှုတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုအပါအဝင် တခြားသော ထိခိုက်ခံစားမှုတွေကို ဒေသခံတွေက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတွေထံ ဒီနေ့ တင်ပြလိုက်ပါတယ်။
2017-12-12
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ပေ ၁၀၀ ကျော်ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကြီးကို မကွေးတိုင်းအတွင်းက အထင်ကရ နေရာ ၃ ခုမှာ ပြတိုက်အနေနဲ့ထားရှိဖို့ စီစဉ်ထားတယ်လို့ မကွေးတိုင်းဒေသကြီး သယံဇာတ သဘာဝပတ်ဝန်းကျင်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။
2017-12-12
မြန်မာ့စီးပွားရေးကဏ္ဍမှာ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်ကုမ္ပဏီတွေရဲ့ စီးပွားရေးယုံကြည်စိတ်ချမှု Business Confidence သိသိသာသာလျော့ကျသွားတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နဲ့ ဂျာမနီနဲ့ ဥရောပ အခြေစိုက် စီးပွားရေး အကြံပေးအဖွဲ့ဖြစ်တဲ့ ရိုလင်ဘာဂျာ Roland Berger တို့ ပူးပေါင်းပြီး ကောက်ယူခဲ့တဲ့ ၂၀၁၇ ခုနှစ် မြန်မာ့စီးပွားရေးစစ်တမ်း Myanmar Business Survey 2017 မှာ ဖော်ပြထားပါတယ်။
2017-12-12
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်မှာ ဆောက်လုပ်နေတဲ့ City Energy ဓါတ်ဆီဆိုင်ကို ဖျက်သိမ်းပေးဖို့ ရပ်ကွက်နေပြည်သူ ၂၀၀ ကျော်လောက်က ဒီနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
2017-12-12
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ၊ ယာဉ်၊ ရထား အပါအဝင် ခေတ်ကာလနဲ့ ကိုက်ညီတဲ့ အဝတ်အထည် အစရှိတဲ့ အထောက်အကူ ပစ္စည်းတွေကို ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က ကူညီဆောင်ရွက်ပေး သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ က ဒီနေ့ ပြောပါတယ်။