သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-12
အမေရိကန် နိုင်ငံခြားရေးဌာနက ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၂၂ ခုကို ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အဓိကထုတ်လုပ် ကူးသန်းရောင်းဝယ်နေတဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပါတယ်။
2013-03-12
ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းပါအချက်တွေကို သတင်းမီဒီယာသမားတွေအပါအဝင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက မတ်လ ၁၂ ရက် ဒီကနေ့မှာ အလုပ်ရုံဆွေးနွေးပွဲတခု ကျင်းပပြီး ကန့်ကွက်လိုက်ကြ ပါတယ်။
2013-03-12
ဒီကနေ့ မတ်လ ၁၂ ရက် သတင်းစာမှာ ဖော်ပြထားတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာ ထုတ်ပြန်ချက်အပေါ် လက်ပန်းတောင်းတောင် ဒေသခံတွေ က ကန့်ကွက်ခဲ့ကြပါတယ်။
2013-03-12
လက်ပန်းတောင်းတောင်စီမံကိန်း စုံးစမ်း စစ်ဆေးရေး ကော်မရှင်မှာ တာဝန် ယူူဆောင်ရွက်ခဲ့တာဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုရှေ့ရှုပြီး တိုင်းပြည်သိက္ခာရှိအောင်ဆောင်ရွက်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က မတ်လ ၁၂ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-03-12
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လေ့လာတွေ့ရှိ အကြံပြုချက်တွေအတိုင်း ပြင်ဆင်မယ်ဆိုရင် စီမံကိန်းကို ဆက်လက်ဆောင်ရွက်စေသင့် ပါကြောင်း မတ်လ ၁၂ ရက် ဒီကနေ့မှာ ထုတ်ပြန်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2013-03-11
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ဆွေးနွေးနေ တဲ့ ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေကြား အချက် ၅ ချက် သဘောတူ ခဲ့ကြတယ်လို့ သိရပါ တယ်။
2013-03-11
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမူတွေကြောင့် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာပေမယ့် ကြီးမားတဲ့ကွာဟမှု တစ်ရပ် ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Quintana က ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၂၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ ပြောကြားခဲ့ပါတယ်။
2013-03-11
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell အပါအဝင် ဗြိတိန်၊ သြစတြေးလျသံရုံး အရာရှိတွေဟာ မတ်လ ၁၁ ရက် မနေ့ညနေပိုင်းက စစ်တွေမြို့မှာ ရခိုင်ရင်းသားများ တိုးတက်ရေးပါတီ (RNDP) က တာဝန်ရှိသူတွေ၊ ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်)က တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ရွှေစေတီဆရာတော် အရှင် အရိယဝံသထံကိုလည်း သွားရောက်ဖူးတွေ့ခဲ့ပါတယ်။
2013-03-11
တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားက ကိစ္စကြီး ငယ်တွေကို အထူးဦးစားပေးဆောင်ရွက်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အာရှရေးရာ ကိုယ်စားလှယ် အဖြစ် အကြီးတန်းအရာရှိဟောင်းတစ်ဦးကို တရုတ်အစိုးရက တနင်္လာနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။
2013-03-11
မြန်မာနိုင်ငံရဲ့ ချင်းမျိုးနွယ်စု (၅၃) စုမှာ နာဂမျိုးနွယ်စု မပါဝင်ကြောင်း နာဂလူမျိုးများက ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း ယုဇနဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောဆိုလိုက်ပါတယ်။
2013-03-11
ရန်ကုန်မြို့ကနေ လိုင်ဇာအထိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းကနေ ချီတက်လာတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ကို မတ်လ ၁၁ ရက် ဒီကနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့အဝင် ပမ္မတီး ရပ်ကွက်မှာ အစိုးရစစ်တပ်နဲ့ ရဲဝန်ထမ်းတွေက လမ်းတွေ ပိတ်ပြီး တားဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။
2013-03-11
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတက တာဝန်ရှိသူတွေကို မဖော်ထုတ်ပေးတာကြောင့် မုံရွာခရိုင် လက်ပန်းတောင်းတောင် ဒေသခံတွေက သမ္မတဦးသိန်းစိန် ကို တရားစွဲဆိုမှုအပေါ် ဆားလင်းကြီး မြို့နယ်တရားသူကြီး က မတ်လ ၁၁ ရက် ဒီကနေ့ပယ်ချလိုက်ပါတယ်။
2013-03-11
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ “ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်း” ကို ကန့်ကွက်ဖို့အတွက် သတင်းမီဒီယာ သမားတွေရဲ့လက်မှတ်တွေ စုဆောင်းပြီး လွှတ်တော်နဲ့ သမ္မတရုံးထံတင်ပြဖို့ ပြင်ဆင်နေပြီလို့ ဦးဆောင်လှုပ်ရှားသူ စာနယ်ဇင်းသမားတွေက ပြောပါတယ်။
2013-03-11
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အိုတို့ ဒီကနေ့ မတ်လ ၁၁ ရက်နေ့က နှစ်ဖက်တွေ့ဆုံဆွေးနွေးရာ မှာ အစိုးရဖက်က အပစ်အခတ်ရပ်စဲရေးနဲ့ ဗန်းမော် - လိုင်ဇာလမ်းကိုဖွင့်ပေးဖို့ အဓိကထားပြော ဆိုဆွေးနွေးတယ်လို့ သိရပါတယ်။
2013-03-10
NLD ပါတီ သက်တမ်း (၂၅) နှစ်တာအတွင်း ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ မျိုးဆက်သစ် လူငယ်တွေ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသမီးတွေ ပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ရွေးချယ် ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ ဥက္ကဌ အဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။