သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-08
၂၀၂၃ ရွေးကောက်ပွဲမတိုင်ခင် မြေပြင်သပိတ်ဆင်နွှဲနေကြသူတွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ၊ တော်လှန်ရေးသမားတွေနဲ့ နိုင်ငံရေးသမားတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးတာတွေများလာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ် ကပြောပါတယ်။
2023-01-08
ပစ်ခတ်နိုင်စွမ်းရည်၊ ပိုင်ဆိုင်တဲ့ လက်နက်စွမ်းရည်နဲ့ လူ့စွမ်းရည်ကို အခြေခံပြီး စစ်အင်အား firepower ကို တွက်ချက်တဲ့ Global Firepower ဇယားမှာ ခု ၂၀၂၃ မှာ မြန်မာစစ်တပ်ဟာ ၁၄၅ နိုင်ငံမှာ ၃၈ နိုင်ငံမြောက်ဖြစ်လာပြီး မနှစ်ကထက် အဆင့်တစ်ဆင့် ပိုတက်လာပါတယ်။
2023-01-08
မနှစ်က နိုဝင်ဘာကစလို့ အင်ဒိုနီးရှားကို ရိုဟင်ဂျာတွေကို တင်ဆောင်ပြီး ဆိုက်ကပ်လာတဲ့ ငါးစင်းမြောက်လှေ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
2023-01-08
မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ဇနီးဖြစ်သူနဲ့ သားသမီး သုံးဦးကို ဇန်နဝါရီလ ၈ ရက် ဒီမနက် ၄ နာရီဝင်းကျင်မှာ သူတို့ တိမ်းရှောင်နေတဲ့ နေအိမ်ထိ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-08
ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်း ဇန်နဝါရီလ ၅ ရက်က အဓိကရုဏ်းတစ်ခု ဖြစ်ပေါ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာရရှိခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။
2023-01-08
မကွေးတိုင်း ပေါက်မြို့နယ် ပြည်တော်သာရွာကို စစ်ကောင်စီတပ်တွေ ဇန်နဝါရီ ၈ ရက် ဒီမနက်ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-08
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ရှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-08
ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ကျေးရွာအနီး ကတုံးပေါ်နယ်မြေရဲစခန်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဇန်နဝါရီလ ၈ ရက် ဒီကနေ့မနက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-08
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2023-01-08
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာနဲ့ ဘုတ်ရွာကို ဇန်နဝါရီ ၇ ရက်မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့လို့ အရပ်သား တစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-08
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ဆားတွင်းရွာထဲကို ဇန်နဝါရီလ ၇ ရက် မနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-07
အခုအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ အသက်နဲ့ရင်းပြီးတော့ ပင်လယ်ပြင်ထဲကို လှေစီးပြီး အရှေ့တောင်အာရှနိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားနေကြရင်းက ပင်လယ်ထဲမှာ ရက်ပေါင်းများစွာမျောပါပြီး အသက်သေဆုံးရတဲ့ ဖြစ်ရပ်တွေ ဖြစ်နေပါတယ်။
2023-01-07
မြန်မာအလုပ်သမားတွေကို ထိုင်း-မလေးရှားနယ်စပ် ဆုံခလာခရိုင် ဘန်ခလမ်မြို့နယ်က ရာဘာခြံမှာ သတင်းအရ လူမှောင်ခို ၄ ဦး နဲ့အတူ ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(FED)က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။
2023-01-07
ဧရာဝတီတိုင်း ပုသိမ်မြို့ အကျဉ်းထောင်မှာ ဇန်နဝါရီ ၅ရက်နဲ့ ၆ရက်နေ့တို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးအပြင် နောက်ထပ် ကိုဝင်းမင်းထက် ဆိုသူ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုင်းအဝန်းက ပြောပါတယ်။
2023-01-07
မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ သံဘိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နဲ့ ဇနီးဒေါ်အေးမြတို့ ဇန်နဝါရီလ ၅ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။