သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-10
မြန်မာအစိုးရစစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ဒီကနေ့ မနက် ၁၁ နာရီလောက် က ကရင်ပြည်နယ် ကော့ကရိတ် တောင် ပိုင်း ၃ မိုင်အကွာမှာရှိတဲ့ ရွာသစ်ကုန်းကျေးရွာမှာ တိုက် ပွဲဖြစ်ပွားခဲ့ပါတယ်။
2014-10-10
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိသျှ ကမ္ဘာလှည့် ခရီးသွားစုံတွဲ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အမှုကို စုံစမ်းဖော်ထုတ်ရာမှာ ပွင့်လင်းမှု၊ တရားမျှတမှု ရှိရှိဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီး ချုပ်ကို တိုက်တွန်းလိုက်တယ်လို့ နေပြည်တော် သမ္မတရုံးက RFA ကို ဒီကနေ့ ပြောပါတယ်။
2014-10-09
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကြား ဆက်သွယ်ရေးလမ်းမတွေ ဖေါက်လုပ်ရေး စီမံကိန်းကို မနေ့က စတင်လိုက်ပါတယ်။
2014-10-09
အကောင်အထည်ဖေါ် တည်ဆောက်ရေး လုပ်ငန်းတွေ အလွန်နှေးကွေးနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေးဇုန်စီမံ ကိန်း ပြန်လည်သက်ဝင်လှုပ်ရှား လာနိုင်အောင်၊ ထိုင်း စီးပွားရေးလုပ်ငန်းတွေကို စီမံကိန်းရဲ့ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်း စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ တို့ သဘောတူညီလိုက်ကြပါတယ်။
2014-10-09
ရန်ကုန်မြို့မှာ နေ့စဉ် ခရီးသွားလာကြသူတွေ ဟာ မော်တော်ကားကိုသာ အဓိကထား အသုံးပြုနေ ကြရပါတယ်။ မော်တော်ကားအစား မီးရထား ကို ပြောင်းလဲစီးနင်းလိုပေမယ့် အခက်အခဲတွေ ရှိနေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထား ပါတယ်။
2014-10-09
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ ကိုရီးယားပိုင် “Master Sport ဖိနပ်စက်ရုံ” ကို အစိုးရကပိတ်သိမ်းပြီး စက်ရုံကပစ္စည်းတွေကို ဒီနေ့ လေလံတင်ရောင်းချခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-10-09
အခုနှစ်အတွင်း ရန်ကုန်မြို့မှာ မကြာခဏဆိုသလို ဓာတ်ကြိုးပြတ်ကျပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ အခု ရက်ပိုင်းအတွင်း မုန်တိုင်းငယ်တစ်ခု ကျရောက်နိုင်တယ်လို့ သက်ဆိုင်ရာက သတိပေးချက် ထုတ်ပြန်ထားတဲ့အတွက် အဲဒီလို သဘာဝဘေးအန္တရာယ် တေ့ွကြုံတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကိုလည်း အများပြည်သူ စိုးရိမ်နေကြပါတယ်။ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြုပြင်ထိန်းသိမ်းနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က အင်ဂျင်နီယာချုပ် ဦးရန်လင်းကို RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-10-09
သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က သိမ်းဆည်းခံမြေတွေ ပြန်ရဖို့အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံနံဘေးမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေဟာ သပိတ်စခန်း ရက် ၂ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-10-09
လိပ်ကျွန်းလူသတ်မှုမှာ မြန်မာလူငယ်နှစ်ဦး ဖမ်းဆီးစွပ်စွဲခံထားရတဲ့အပေါ် မြန်မာအစိုးရဘက်က ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာစုံစမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဘန်ကောက်မြို့ မြန်မာသံရုံး ကောင်စစ်အရာရှိ ဦးထွန်းအေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-10-09
ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ခရီးသွားဗြိတိသျှစုံတွဲ အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမားနှစ်ဦးကို ကူညီဖို့ မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
2014-10-09
ထိုင်းနိုင်ငံ ခိုတောင်း ခေါ် လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထား တဲ့ မြန်မာနိုင်ငံသားတွေရဲ့အမှုကို တရားမျှမျှတတဖြစ်အောင် စစ်ဆေးဆောင်ရွက်ပေးဖို့အတွက် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေက တိုကျိုမြို့က ထိုင်းသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2014-10-09
ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံး သွားတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေနေရင်း အဆက်အသွယ်ပြတ် ပျောက် ဆုံးနေတဲ့ ထိုင်း B4 ရဟတ်ယာဉ်က မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးဟာ တောတွင်းတစ်နေရာမှာ ကွယ်လွန် သွားတဲ့အကြောင်း ရှာဖွေရေးဦးဆောင်နေတဲ့ ထူးဖောင်ဒေး ရှင်း အဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-10-09
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ဖြတ်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမျှတတဲ့လမ်းကြောင်းအတိုင်း ဖြစ်စေရမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mark Kent က ပြောကြားလိုက်ပါတယ်။
2014-10-09
ထိုင်းအာဏာသိမ်း စစ်အစိုးရအဖွဲ့ အကြီးအကဲနဲ့ ဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး ပရာယု ချန်အိုချားဟာ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ၂ ရက်ကြာ မြန် မာနိုင်ငံခရီးကို ဒီကနေ့ စတင်လိုက်ပါတယ်။
2014-10-09
မြန်မာအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ အရေယူးအပြစ်ပေးဖို့ ထိုင်းရဲတပ်ဖွဲ့က အကြံပြုတိုက်တွန်းထားတဲ့ အစီရင်ခံစာကို ထိုင်းတောင်ပိုင်း ဆူရတ်သာနီ တရားသူကြီးအဖွဲ့ရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။