သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-11
မြန်မာနိုင်ငံအတွင်းကလူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဦးသိန်းစိန် အစိုးရအနေနဲ့ ထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့ဘူးလို့ လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ HRDP က ဒီကနေ့ ပြောလိုက်ပါတယ်။
2015-12-11
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်မတော် နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နှစ်ဘက်တပ်တွေ အရင်နေရာပြန်လည် ဆုတ်ခွာဖို့အတွက် သဘောတူညီမူရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့ ကပြောပါတယ်။
2015-12-10
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေ တဲ့ "ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြား ချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-12-10
ကမ္ဘာလှည့်ခရီးသည်တွေအရောက်များတဲ့ ပုဂံဒေသမှာ ခရီးသွားတွေ စိတ်ဝင်စားကြတဲ့အထဲမှာ မီးပုံးပျံစီးပြီး ပုဂံရှုခင်းကို ကြည့်ကြတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မီးပုံးပျံစီးဖို့အတွက် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၃၈ဝ နှုန်းနဲ့ ကုမ္ပဏီ ၃ ခုက ဝန်ဆောင်မှု ပေးနေပါတယ်။
2015-12-10
သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့ဘူးလို့ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ HRDP က ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဒီကနေ့ ပြောလိုက်ပါတယ်။
2015-12-10
ဒီဇင်ဘာလ ၁ဝ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီဆရာ ကြည်ဝင်းရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို မန္တလေးမြို့က မြို့မအသင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
2015-12-10
သတင်းမီဒီယာတွေ ဖွံဖြိုးတိုးတက်ရေး ညီလာခံကို ဒီဇင်ဘာလ ၁ဝ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ စတင်ကျင်းပနေပါတယ်။
2015-12-10
၆၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို တအာင်းအမျိုးသမီးအဖွဲ့ TWO နဲ့ Equal Myanmar အဖွဲ့ ပူးပေါင်းပြီး လားရှိုးမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-12-10
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ်မှာရှိတဲ့ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ HRDP ရုံးခန်းမှာ ဒီကနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2015-12-10
ရှမ်းပြည်နယ် လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် နဲ့ ကျေးသီးမြို့နယ်အတွင်း အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တို့ အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နှစ်ဘက် တပ်တွေ မူလနေရာကို ဆုတ်ခွာဖို့အတွက် သဘောတူ ညီမူရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့က ပြောပါတယ်။
2015-12-10
ဒီနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသခံလူငယ် ၅ဝ လောက်က နေပြည်တော် ပျဉ်းမနားမြို့က ကုတင် ၂ဝဝ ဆေးရုံမှာ အမှိုက်ကောက်ပြီး သန့်ရှင်းရေးလုပ်တာ ကို နေပြည်တော်ခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်မပြုကြောင်း တားမြစ်ခဲ့ပါတယ်။
2015-12-10
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA တပ်တွေဟာ အစိုးရ တပ်မတော်အကူအညီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်TNLA အခြေစိုက်တဲ့ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တအာင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်း ထန်နေတယ်လို့ TNLA က ဒီနေ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2015-12-10
လာမယ့် လွှတ်တော်အသစ် ကျင်းပနိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်နှစ် ရပ် ဥက္ကဌတွေ၊ အစိုးရအဖွဲ့ဝင်တချို့နဲ့ ဒီကနေ့ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိ အစည်းအဝေးခန်းမဆောင် မှာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
2015-12-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံက သတင်းမီဒီယာတွေ အတွက် စိန်ခေါ်မှုတွေဟာ သတင်းမီဒီယာတွေ အနေနဲ့ တကယ်ပဲ ဘက်မလိုက်ဘဲ ဝေဖန်ရဲပါ့ မလားဆိုတာနဲ့ အန်အယ်လ်ဒီကို ဝေဖန်မယ် ဆိုရင် ပြည်သူတွေကရော လက်ခံပါ့မလားဆိုတဲ့ စိန်ခေါ်မှုတွေကို မီဒီယာတွေအနေနဲ့ ရင်ဆိုင်ရ မှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။
2015-12-10
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ တို့ ရေးထိုးထားတဲ့ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ်ကို ပြည်ထောင်စု လွှတ်တော်မှာ မနေ့က ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်တာကို ကြိုဆိုကြောင်း ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။